Quantcast
Channel: ဓမ္မဥပဒေပြန့်ပွားရေးအသင်းချုပ်
Viewing all 25 articles
Browse latest View live

ဘုရားကိုမှားသည်ပာု စွပ်စွဲခြင်း

$
0
0
တစ်ခါက အသင်းတစ်ခု၏ ဆွေးနွေးပွဲ၌ အသင်းလူကြီးတဦးက ပောာပြောဆွေးနွေးရာတွင်
'' လူဆိုသည်မှာ အမှားနှင့်မကင်းတတ်ကြပါ။ ထို့ကြောင့် ကျွန်တော်တို့လဲ အမှားနှင့်မကင်းကြပါ။
ဘုရားရှင်တောင် အမှားလုပ်ခဲ့တဲ့ သာဓကရှိပါသေးတယ်။
ဘုရားရှင်သည် မှားယွင်းသော ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် မှားယွင်းကျင့်ခဲ့ကြောင်း ထင်ရှားပါတယ် '' ပာု
အာဘောင်အာရင်းသန်သန်နှင့် ပောာပြောဆွေးနွေးပါ၏။

မှားလေစွတကား ။ ။

မှားယွင်းသော ဒုက္ကရစရိယာအကျင့်ကို ဘုရားမြတ်စွာ မကျင့်ပါ။
ဘုရားမဖြစ်သေးသော သိဒ္ဓတ္ထသာလျှင် ကျင့်ပါ၏။ သိဒ္ဓတ္ထသည် ဘုရားမပာုတ်ပါ။
ဘုရားသည်လည်း သိဒ္ဓတ္ထမပာုတ်ပါ။ သိဒ္ဓတ္ထသည် ကိလေသာချေးညစ်ထည်း၏။
ဘုရားမြတ်စွာသည် ကိလေသာကို မြူမှုန်မျှ ပင်မကျန်အောင် စင်ကြယ်ပြီးဖြစ်ပါ၏။
ထို့ကြောင့် ဘုရားမြတ်စွာသည် မှားယွင်းမှုကို ခြွင်းချက်အားဖြင့်ပင် မပြုမကျင့်တော့ပါ။
သတိထားစေချင်ပါသည်။


သုန္ဒရ၀င်း(ချောင်းဦး)

ဘုရားလည်း ပဋ္ဌာန်းရွတ်သည်ဆိုခြင်း

$
0
0
တခါက ရှင်ဥပဂုတ်ဖေါင် မဏ္ဍပ်တခု၌ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပရန် လော်စပီကာဖြင့် အလှုခံပါ၏။
ထိုပောာပြောအလှုခံသူ ပုဂ္ဂိုလ်တဦးက လော်စပီကာမှ ( လိုသည်ထက်ပိုသော ) ကျယ်လောင်မှုဖြင့် ပောာပြောရာတွင်
'' ကျွန်တော်တို့၏ ရှင်ကြီးဂေါတမသည်ပင် ပဋ္ဌာန်းကျမ်းကြီးကို ရွတ်ဖတ်လိုက်တော့မှ ရောင်ဖြည်တော်ခြောက်ဖြာ ကွန့်မြူးခဲ့ရပါသည် ''ပာု ပောာပြောသံကြားရပါ၏။

မှားလေစွတကား။

ဘုရားမြတ်စွာသည် ပဋ္ဌာန်းဒေသနာတော်ကို အနုလုံ ၊ ပဋိလုံ ဆင်ခြင်သုံးသပ်တော်မူခြင်း ဖြစ်ပါသည်။
မရွတ်ဖတ်ပါ။ ပဋ္ဌာန်းဒေသနာတော်သည်လည်း ရွါတ်ဖတ်ရန်သက်သက်မပာုတ်ပါ။
ဆင်ခြင်သုံးသပ်ရန်ဖြစ်ပါသည်။ သာသနာတော်သည်လည်း '' အရွတ် '' သာသနာမပာုတ်ပါ။
ဆင်ခြင်ကျင့်ကြံပွားများရသော သာသနာဖြစ်ပါ၏ ။ ။



သုန္ဒရ၀င်း (ချောင်းဦး)
ဓမ္မရံသီ၊ ၂၀၀၂ ၊ ဧပြီလ

နိဗ္ဗာန်ရောက်ကြောင်း ပါရမီနှင့် လူလောကယန္တရား

$
0
0
ဖိုရမ်တစ်ခုတွင် ဘာသာရေးသည် လူလောက ယန္တာရားကို လည်ပတ်ဖို့အတွက် အထောက်အကူမပြုနိုင်ကြောင်းနှင့် နိဗ္ဗာန်ရောက်ကြောင်းသာ အားလုံးလုပ်ကြမည်ဆိုပါက လောကယန္တရား ရပ်တန့်သွားမည်ဟု တင်ပြထားသည်ကို ပြန်လည်ဖြေရှင်းသောအားဖြင့် သည်ဆောင်းပါးကို တင်ပြပါသည်..

အပါဒါနအဋ္ဌကထာမှာ သူတော်ကောင်းတစ်ဦး နိဗ္ဗာန်ရရှိရေးအတွက် အခြေခံအချက်နှစ်ချက်လိုကြောင်း ရှင်းထားပါသည်...

၁။ မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်တော်မြတ်ကို ဆုတောင်းပန်ထွာခြင်း ပတ္ထနာ

၂။ ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှုးသယ်ဆောင်ပေးသည့် ပါရမီတရားအပေါင်း အဘိနီဟာရ

တခါထပ်ပြီ အဘိနီဟာရဆိုတာ ဘာလဲဆိုတော့

၁။ အဓိကာရ ကောင်းမှု ကုသိုလ်ရှိခြင်း

၂။ မိမိမျှော်မှန်းထားသည့် ဗောဓိဉာဏ်တော်မြတ်ကို လိုလား တောင့်တသည့် ဆန္ဒဓာတ် ပြင်းပြခြင်း

သည်လိုဆိုရင် ပါရမီ ပြည့်စုံသည် မည်သည်။ (အပါဒါန၊ဋ္ဌ၊၁၊၁၅၈)

အဓိကာရကောင်းမှုဆိုတာ....

ပရိယတ္တိ.. ဘုရားစကားတော်များကို သင်ယူခြင်း။ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း
သဝန.... အရိုအသေအလေးမြတ်ပြု၍ အလွန်လိုလားသည့်စိတ်ဖြင့် သူတော်ကောင်းတရားကို နာကြားခြင်း
ပရိပုစ္ဆာ... ခက်ခဲနက်နဲ့သော ပုဒ်တို့ကို သင်ယူခြင်း။ တနည်း အဋ္ဌကထာကို သင်ယူခြင်း.
ပုဗ္ဗယောဂ.. ရှေးရှေးဘုရားရှင်တို့ ထံမှာ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဝိပဿနာ အားထုတ်ဖူးခြင်း..

ထိုအဓိကာရကောင်းမှုတို့ကို
သာဝကသုံးမျိုးတွင် ၁။ အဂ္ဂသာဝကတို့သည် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း...
၂။ မဟာသာဝကတို့သည် ကမ္ဘာတစ်သိန်း
၃။ ပကတိသာဝကတိုသည် အဘိနီဟာရပြည့်စုံလုံလောက်သည့် ဘဝတို့ ပတ်လုံး... ပါရမီတရားအပေါင်းကို ဖြည့်ကျင့်ရပါသည်..

သို့သော်လယ်တီဆရာက သာဝကပါရမီဉာဏ်အရာမှာ အဓိကာရကောင်းမှုအရ

၁။ ဝိဇ္ဇာမျိုးစေ့
၂။ စရဏမျိုးစေ့ နှစ်မျိုးလုံးပင် ဆိုလိုကြောင်း ပါရမီ ဒီပနီတွင် ရှင်းလင်ထားပါသည်..

ဝိဇ္ဇာမျိုးစေ့အရ ဝိဇ္ဇာရှစ်ပါးတွင် ပါဝင်သော ဝိပဿနာဉာဏ်ကို ဆိုလိုပေသည်.. ဝိပဿနာဉာဏ်သည် အဓိကာရကုသိုလ်ပါရမီ မျိုးစေ့ပင်ဖြစ်သည်..

တဖန် စရဏတရား (၁၅)ပါးတွင် ဝိပဿနာဉာဏ် (ပညာ)လည်း ပါဝင်ပေသည်.. ဝိပဿနာသည် စရဏတရားလည်း မှန်၏။ ဝိဇ္ဇာတရားလည်း မှန်ပေသည်.. ထို့ကြောင့် ဝိပဿနာသည် နိဗ္ဗာန်ကို လိုလားလျက်ရှိသော သူတော်ကောင်းသည် အတိတ်ဘဝ၊ ယခုဘဝ၌ ဝိပဿနာအဓိကာရကောင်းမှုကုသိုလ်ကို ဖြည့်ကျင့်ရပေမည်..

စရဏတရားသည် လက်ခြေနှင့် တူကြ၏။ လက်ခြေရှိက အလိုရှိရာ ပြုနိုင်သကဲ့သို့ စရဏပါရမီသည် နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို ဟောကြားပေးနိုင်မည့် ဆရာကောင်း မိဘကောင်းစသည့်တို့နှင့် တွေ့ကြုံအောင် ပို့ဆောင်ပေမည်ဖြစ်သည်။
စရဏတရားဟူသည် ဒါန(သီလ) အစရှီိသော တရားများဖြစ်ကြသည်...

စရဏပါရမီကြောင့် ဘုရားအစရှိသော ဆရာသမားကောင်နှင့် တွေ့ဆုံသောအခါ သစ္စာလေးပါးနှင့် စပ်သော တရားစကားကို နားကြားခွင့်ရပီ.. ဝိဇ္ဇာမျိုးစေ့ ပါရမီတရားများက ဗောဓိဉာဏ်တို့ရောက်အောင် အားပေးထောက်ပံ့ကြမှာ ဖြစ်ပါသည်...


ထို့ကြောင့်အဆုံးအန္တိမပန်းတိုင်ကို သွားရန် အခြေခံအာဖြင့် မူနှစ်ရပ်လိုအပ်ပါသည်.. နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားများကို ဟောကြားပေးနိုင်သော ဆရာသမားနဲ့ တွေ့ရန်လိုသည်.. ထိုအခြေအမျိုးရရန် စရဏပါရမီ ပြည့်စုံလုံ့လောက်ရပေသည်.. သို့ရာတွင် ထိုအခြေအနေမျိုး ဗုဒ္ဓဘာသာတိုင်း၌ မရှိနိုင်...
ထိုအခြေအနေမျိုးနဲ့ ကြုံသော်လည်း အတိတ်ဓာတ်ခံ ဝိဇ္ဇာပါရမီ ချို့တဲ့ပြန်ကလည်း အဆုံးအန္တိမပန်းတိုင်သည် ချက်ချင်းဖြစ်ပေါ်မလာပေ..ဘဝတစ်ခုနှစ်ခုသော်လည်းကောင်း၊ဘဝများစွာသော်လည်း ကောင်း စောင့်ဆိုင်းရပေသည်...

ဗုဒ္ဓဒေသနာတော်အရပင်လျှင် ဗုဒ္ဓဘာသာပင် ဖြစ်လင့်ကစား အဆုံးအန္တိမပန်းတိုင်တို့ ရောက်ရှိဖို့ရန် ပြည့်စုံလုံ့လောက်သော အခြေအနေများ ဖြစ်ဖို့ မလွယ်ကူကြောင်း သိသာသည်.. ထို့ကြောင့် အဆုံးအမပန်းတိုင်ကို ဗုဒ္ဓဘာသာတိုင်း လျှောက်လှမ်းနိုင်ကြမည်မဟုတ်ပေ.. အနည်းငယ်မျှသော သူတို့သည်သာလျှင် နိဗ္ဗာန်သို့ ရကြသည်ဟု ဆိုကြပေသည်...

အဆုံးအမပန်းတိုင်ကို လျှောက်လှမ်းနေကြသော်လည်း လူလောကစက်ရန္တယားကား လည်ပတ်နေမည်သာဖြစ်ပါသည်.. ဥပမာ.. နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိနေသော တိုင်းပြည်အုပ်ချုပ်သူများ. စစ်သူကြီးများ. သူဌေးသူကြွယ်များ မင်းညီမင်းသားများ သာမာန်အရပ်သူ အရပ်သားများ... များစွာရှိခဲ့ပါသည်။ ထိုသူတို့သည် မိမိတို့၏ လူ့အသိုင်းအဝန်း၏ အကျိုးစီးပွားကို ဆောင်ရွက်မြဲ ဆောင်ရွက်ကြပါသည်..လောကယန္တရားကို လည်ပတ်မြဲ လည်ပတ်ကြပါသည်.. ငါတို့သည် နိဗ္ဗာန်ရောက်ကြောင်းတရားများ အားထုတ်နေပါသဖြင့် လူလောကီအလုပ်များ မလုပ်ကြဟူ၍ကား မဟုတ်.. နိဗ္ဗာန်ရောက်ကြောင်း အခြေခံကျင့်စဉ်ဖြစ်တဲ့ သီလကျင့်စဉ်ပိုင်း`၌ပင်လျှင် အလှူဒါနများ.. သားသမီး ကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ ဆရာကျင့်ဝတ်များ မင်္ဂလသုတ်လာ လူမှုရေးကျင့်ဝတ်များ.. ကြီးပွားတိုးတက်ရေး တရားများသည်.. လူ့လောက ယန္တရား လည်ပတ်ကြောင်း တရားများဖြစ်ကြသည်..

အဆုံးအန္တိမပန်းတိုင်ကို ရောက်ရှိသောမူကြသည်ရဟန္တာအရှင်မြတ်ကြီးများပင်လျှင် လောကအကျိုးစီးပွားကို ဆောင်ရွက်ကြသေးသည်ဆိုလျှင် အဆုံးအန္တိမပန်းတိုင်းတို့ ရောက်ရန် ကျင့်ဆဲသူများမှာ အဘယ်မှာလျှင် လောကယန္တရားကို မလည်စေဘဲ ရှိပါအံ့နည်း....

မြတ်ဗုဒ္ဓကိုသာလျှင် ကြည့်မည်ဆိုပါက ကျင့်ဆဲကာလ၌သာ မိမိကိုယ်တိုင် ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် ရှေးဦးစွာ ကြိုးစားတော်မူသည်.. ကိုယ်တိုင်လွတ်မြောက်တော်မူပြီးသောအခါ (၄၅)ဝါတိုင်တိုင် မနားမနေ လောကအစီးအပွားကို ဆောင်ရွက်တော်မူခဲ့သည်မှာ အထင်အရှားဖြစ်သည်..
ထို့ကြောင့် ဘာသာရေးမှ လွတ်ကင်းနေသူများသာလျှင် လူ့လောက အင်ဂျင်များကို လည်ပတ်နေသည် ဟူသော အဆိုမှာ မှန်ကန်မှု မရှိခဲ့ရပါ....

လူ့လောက အင်ဂျင်များကို လည်ပတ်ဖို့ရန် အခြေခံအားဖြင့် နှလုံးသားကောင်းဖို့လည်း လိုတယ်. အသိပညာရှိုဖို့လည်းလိုပါသည်.. အသိပညာသာရှိပီ နှလုံးသားမကောင်းပါက လူ့လောကကို အန္တရာယ်ပြုနိုင်ပါသည်.. ထိုအခါဘာသာရေးက နှလုံးသားကောင်းအောင် သွန်သင်၍ လူ့လောက အင်ဂျင်များကို ကောင်းမွန်စွာ လည်ပတ်စေမည်ဖြစ်ကြောင်းတင်ပြလိုက်ရပေသည်..


ဦးကျော်ဟိန်းအား ဟောကြားအပ်သော ပါချုပ်ဆရာတော်၏ တရားတော် - ၁ -

$
0
0
''ကြွပါ၊ ကြွပါ၊ ဘယ်မှာသီတင်းသုံးသလဲ''
''မော်လမြိုင်မှာ တစ်ခါတစ်လေ ပဲခူးမှာပါ''

''ဘယ်ကျောင်းမှာသီတင်းသုံးတာလဲ''

''မော်လမြိုင်မှာ မိုးမခကျောင်းပါဘုရား''

'' ဘယ်ဆရာတော်ကြီးဆီမှာလဲ''

''ဆရာတော်ဓမ္မပါ----------၊ ငယ်ငယ်ရှိပါသေးတယ်ဘုရား၊ဆင်ဖြူကျောင်းတိုက်----ကျိုက်သလ္လံဘုရားအရှေ့ဘက်'

"မော်လမြိုင်ကို နှစ်ခေါက်လောက်ပဲ ရောက်ဖူးတယ်။ ကျိုက်သလ္လံဘုရားတော့ မသိဘူး။ ဘယ်နှစ်ဝါရပြီလဲ''

'နှစ်ဝါပြည့်တော့မယ်ဘုရား၊ တပည့်တော်အပြီးဝတ်လိုက်တာ'

''ကောင်းပါတယ်''

''ဘာမှကို မရှိတော့ဘူး၊ တပည့်တော်၏ ရည်ရွယ်ချက်က လူဖြစ်ရတုံးလူဖြစ်ကျိုးနပ်ချင်တယ် ၊လူ့ဘဝတုံးက
လုပ်လို့ရတာ အစွမ်းရှိသမျှအကုန် တပြည်လုံးကို အကျိုးပြုတယ်ဘုရား၊ အခုရဟန်းဘဝရောက်တယ်၊
ဘုန်းဘုန်းတို့ ရှေ့ကသွား၊ တပည့်တော်တို့ နောက်ကလိုက်၊ ဘုန်းဘုန်းတို့ ဘုရားတရားတော်တွေနဲ့ တပည့်တော်
လူ့ဘဝတုန်းက ကြိုးစားအားထုတ်ထားတာနဲ့ ကိုက်ညီမကိုက်ညီ မဟာစည်ဆရာတော်ဘုရားရေးတဲ့ စာအုပ်တွေ
တပည့်တော် ဖတ်တယ်ဘုရား၊ ပုရာဘေဒသုတ်၊ အနတလက္ခဏသုတ်၊ ဓမ္မစကြာ၊ ပဋိစ္စသမုပ္ပါဒ် ပထမတွဲ၊
ဒုတိယတွဲ၊ တပည့်တော် လူ့ဘဝတုန်းက အကြမ်းဖြင်း သဘောပေါက်ထားတာ-- ဝါသနာပါလို့ဘုရား၊ နောက်ပြီး
လူ့ဘဝရဲ့ အဓိပါယ် လူဖြစ်တုန်း ဘာလုပ်သင့်သလဲ၊ ထိုက်ထိုက်တန်တန် အသုံးချခြင်လို့
ဆရာတော်ဘုရားပေါင်းများစွာ တပည့်တော်လိုက်တွေ့ပါတယ်၊ ဆရာ တော်ဖြေလေ၊ မေးခွန်းတွေ
မေးပါမယ်။ တပည့်တော်ကိုယ်တိုင်အားထုတ်ကြည့်တယ်၊ ဒီနေ့ ဆိုရင် တပည့်တော်၏ မိတ်ဆွေ ဦးရဲထွန်း
အရင်တုန်းက ဦးချန်ထွန်း၊ဒေါက်တာဘမော်၊ သမက် ---တပည့်တော်ထက် ၁ဝနှစ်ကြီးတယ်ဘုရား၊
အခု ၆၃ နှစ်၊ တပည့်တော်ရဲ့ အသိုင်း အဝိုင်း တပည့်တော်ရဲ့ ပတ်ဝန်းကျင်မှာတော့ အသက်တွေကြီးပြီးတော့
သေသေချာချာ ကိုယ့်ကိစ္စရော သူများကိစ္စရော မကျေတဲ့လူအများကြီးပဲ၊ တပည့်တော်ကတော့
တပည့်တော်ပတ်ဝန်းကျင်မှာ ကိုယ်တိုင်လည်းတာဝန်ကျေချင်တယ်၊ ဆရာတော်ဘုရားတို့လုပ်နေတာတွေ
တပည့်တော် အရမ်းအားကျတယ၊် တပည့်တော်တို့ ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းမှာ ပျော်နေကြတယ၊်
အဲဒါတွေ တကယ်တမ်းတော့ ဒုက္ခတွေရောက်နေကြတာ ၊ တပည့်တော် လူတွေနားလည်အောင်
လိုက်ဆွေးနွေးတာဘုရား၊ ဒါပေမဲ့ တပည့်တော်မှာ ဘာအပြစ်ဖြစ်လဲဆိုတော့၊ ဘာဝါမှမရဘဲ သူက
ဘာတွေလုပ်မှာတုံးဆိုပြီး တပည့်တော်ကို အမြင်မကြည်လင်ဘူးဘုရား၊ အဲဒါ ဆရာတော်ဘုရားဆီကို
တပည့်တော်လာလျှောက်တာပါ၊ တပည့်တော်သိတာထားတွေ၊ ကြိုးစားအားထုတ်ထားတာတွေဟာ
ဆရာတော်ဘုရားတို့လို ဆရာတော်ဘုရားကြီးတွေ သိထားအောင်လို့၊ လွဲနေလား၊ လာလျှောက်တာ၊
တပည့်တော်က အခုကလေးတွေကို အဓိကထားပြီး သြကာသအဓိပါယ် - တစ်ကြိမ်၊တော်တော်များများ
သြကာသမသိဘူးဘုရား၊ လူကြီးတွေလည်း မသိတဲ့အတွက် ကလေးတွေလဲ မသိဘူး၊ တပည့်တော်က
ဧရာဝတီတိုင်းက ရွှေဖလားကျွန်းကို ရောက်တယ်။ အဲဒီကလေးတွေ ရဲ့ ဆရာမတစ်ယောက်က သူ့ကလေးတွေတဲ့
တခြားဘာသာက သိမ်းသွင်းခြင်းကို ခံလိုက်ရတယ်၊ ဟိုဘက် ဘုရားက သိကြားလုံး ကျွေးတယ်၊ ဒီဘက်ဘုရားက
ဘာမှလည်း မကျွေးဘူး၊ အဲဒါဦးဇင်းကြီးကယ်ပါဦးလို့ ပြောတယ်၊ အဲဒီတုံးကတော့ တပည့်တော်
ရုပ်ရှင်လောကလူ့ဘဝတုံးက ကျော်ဟိန်းဆိုတဲ့နာမည်ကို နည်းနည်းအသုံးချလိုက်တယ်၊ ဟာ
ကျော်ဟိန်းလာနေပြီဆို သူတို့လာတယ် တပည့်တော် သြကာသ ရှင်းပြတယ်။ တပည့်တော် လေ့လာရှာဖွေထားပြီး
သိသလောက် ပြီးတော့မှ ရပ်ပြစ်ရှစ်ပါး၊ အဲဒီရပ်ပြစ်ရှစ်ပါးထဲက တပည့်တော်က ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ
သက်တော်ထင်ရှားရှိစဉ်က တပည့်တော် ဆရာတော်ဘုရားကို သွားလျှောက်တယ်၊ ဆရာတော်ဘုရားတို့က
နိဗ္ဗာန်အကြောင်း သိပ်ပြောတယ်၊ နိဗ္ဗာန်ဆိုတာရှိသလား ၊ ဆရာတော်ဘုရားရောက်ဖူးလား၊ ဘယ်နားမှာတုံး
တပည့်တော်သွားချင်တယ်၊ လိုက်ပို့ပေးပါ၊ 'မင်းဟာ ငါတို့ဗုဒ္ဓကိုလာတိုက်ခိုက်တာလား၊' ဟုတ်ပါဘူးဘုရား၊
တပည့်တော်က ဗုဒ္ဓဘာသာ အစစ်ဖြစ်ချင်တာ၊ ဗုဒ္ဓဘာသာအစစ်ဆိုတာ ဘာလုပ်ရတာလဲ၊နောက် ကလေးတွေကို
အဲဒီကနေ ကိုယ့်အကြောင်းကို စပြောတာ၊ သူက တပည့်တော် ဘာပြန်ပြောတုန်းဆိုတော့ 'မင်းကမမြင်ဘူးတာနဲ့
မရှိဘူးပြောရအောင် ရှိတာကို သိတဲ့အသိဥာဏ် မင်းမှာဘယ်လောက်ရှိလို့လဲ၊' အဲဒီမှာတရားတော်တွေကို
သိနားလည်ချင်လို့ ကြိုးစားအားထုတ်တယ်ဘုရား၊ စာဖတ်လို့ သိတာထက် အဲဒီစာထဲမှာပါတာကို
ကိုယ်တိုင်ကျင့်ကြည့်တဲ့အခါ နောက်ထပ်သိတာ၊ အဲဒါ တပည့်တော် အခု ရောက်တဲ့အရပ်မှာ
ဦးဇင်းကျော်ဟိန်းဆိုပြီး လာပါဦးဗျာဆိုပြီး တပည့်တော် ဆွေးနွေးတာ၊ ပလ္လင်ပေါ်မှာထိုင်ပြီး
တရားဟောတာမဟုတ်ဘူး၊ ဆွေးနွေးတာ၊ ဒကာတို့ ဒကာမတို့ တစ်နေ့တစ်နေ့စိတ်ဒုက္ခရောက်တဲ့အချိန်
စိတ်သက်သာတဲ့အချိန် ဘယ်အချိန်ပိုများလဲ တပည့်တော်က မေးတယ်၊ စိတ်ဒုက္ခရောက်တဲ့အချိန် ပိုများတယ်တဲ့၊
အဲဒါကို ဦးဇင်းဆွေးနွေးကြည့်မယ်၊ ကိုယ်စိတ်ကို ဒုက္ခပေးနေတာ ကိုယ်တွေးနေတဲ့ အတွေးကြောင့်
မဟုတ်ဘူးလားလို့၊ မဖြစ်သေးတာတွေစဉ်းစားတယ်၊ ဖြစ်ပြီးတာတွေပြန်မရနိုင်မှန်း သိရဲ့သားနဲ့
စဉ်းစားတယ်၊ ဒုက္ခအရောက်ခံနေတာမဟုတ်ဘူးလား၊ အခု ပစ္စုပ္ပန်တဲ့တဲ့မှာ ကိုယ်စိတ်ကိုထားနိုင်ရင်
သက်သာလိမ့်မယ်၊ သူတို့နားလည်နိုင်တဲ့ စကားတွေနဲ့ တရားတွေကို တပည့်တော်ဆွေးနွေးပါတယ်ဘုရား။
အဓိကကတော့ ကိုယ်စိတ်ကိုယ်ကို ပစ္စုပ္ပန်မှာထားနိုင်ရင်သက်သာမယ်လို့ သူတို့ကို ကျေးဇူးဆပ်တဲ့သဘော။
တပည့်တော် ၄၁ နှစ် သရုပ်ဆောင်မှုကိုအားပေးခဲ့တဲ့ ပရိသတ်ကိုကျေးဇူးပြန်ဆပ်တယ်၊ တခြား တော့ဘာမှ
မဟုတ်ဘူး၊ ဆရာတော်ဘုရားရဲ့ ပညာဂုဏ်နဲ့ တပည့်တော်အခုလျှောက်တာ၊ ဘုရားစကားနဲ့ လွဲနေလား၊

- ''ပစ္စုပ္ပန်တည့်တည့်ထားတယ်ဆိုတာ ထားပုံထားနည်းလေးကော ပြောသေးလား၊

''ပြောတယ်ဘုရား၊ အဲတော့ ဦးဇင်းကြီးကဘယ်လိုလုပ်တုံး ဦးဇင်းကြီးကိုယ်စိတ်ကို စောင့်ကြည့်တယ်၊
စောင့်ကြည့်တဲ့အခါ ခန္ဓာရှိရင် ပစ္စည်း ၆ ခုကနေ ကိုယ်ကို တလှည့်ပြီးတလှည့် တစ်ခုပြီးတစ်ခု ဆက်တိုက်ကို
ဝင်တာ၊ သိမှန်းသိတာက စတယ်၊ ကို ဝင်တာ ဝင်မှန်းသိတယ်၊ သိလိုက်တဲ့အချိန်မှာ လက်မခံဘူး၊
ပြန်ထွက်သွားတာ သဘာဝဖြစ်နေတယ်၊ အဲဒီတော့ မသိဘဲနဲ့ လက်ခံလိုက်တဲ့အခါမှာ သူတို့ကကိုယ့်စိတ်မှာ
ဖြစ်ခွင့်ရသွားပြီး ကိုယ့်စိတ်ကိုနှိပ်စက်တာ၊ အဲတော့ အဲဒီအာရုံ ၆ ပါးကြောင့် ဝင်လာတာတွေကို သတိထားပြီး
ကိုယ့်စိတ် ကိုပစ္စုပ္ပန်တည့်တည့်ထားနိုင်ရင် အဲဒီအာရုံပေါင်းများစွာဟာ ကိုယ့်စိတ်ကို ........ အလေ့
အကျင့်ဖြစ်နေတယ်၊ ဝင်လာပေမယ့် သူဟာသူပြန်ထွက်သွားတယ်၊ အဲဒီလိုဆိုရင် သက်သာမယ်၊
ဒါပေမယ့် အဲဒီသက်သာ .....လုပ်နိုင်ရင်ခဏပဲ၊ ဆက်တိုက်လုပ်နိုင်ရင် ..........မြတ်စွာဘုရား
နောက်ဆုံးဟောကြားတော်မူတဲ့ အပ္ပမာဒေနသမ္ပဒေထ- မမေ့မလျော့ မပေါ့မဆ ဆိုတဲ့စကား အဓိပ္ပာယ်ကို
တပည့်တော်တို့က လူ့ဘဝမှာအကြာကြီး နှစ်ပေါင်း ၆၁-နှစ်နေခဲ့တာ၊ တပည့်တော်ကို အားပေးတဲ့သူတွေကလည်း
အဲဒီအသက်အတိုင်း မမေ့မလျော့မပေါ့မဆ မမေ့ခြင်းဟာ သတိပဲ၊ သတိကို အထူးတလယ် တပည့်တော်
သူတို့နားလည်အောင်ပြောပါတယ်၊ တပည့်တော်က သတိကြီးစွာ ထားပါ၊ တရားအားထုတ်တယ်ဆိုတာ
အမှတ်တမဲ့နေနေတဲ့စိတ်တွေကို သတိစိတ်အဖြစ် ပြောင်းလဲတာ၊ သူတို့နားလည်တယ်၊
သူတို့သဘောပေါက်တယ်၊ အဲဒါကို ဆရာတော်ဘုရား ကိုလျှောက်တာ၊

''ပစ္စုပ္ပန်ထားဆိုတာ ပြောတော့တော့လွယ်တာပေါ့နော်၊ အာရုံကိုတော့
နှစ်မျိုးကြည့်ရမယ်၊ အာရုံတိုင်းကို ပုတ်ထုတ်ရမှာမဟုတ်ဘူး၊''

''မှန်ပါ့ဘုရား''

''ဝင်လာတဲ့အာရုံက အာရုံပေါ်မှာမူတည်ပြီးတော့စိတ်ဖြစ်ပုံက ၂ မျိုးရှိတယ်၊ ဆိုပါတော့
မျက်စိရှိလို့ မြင်စရာတော့မြင်မှာပေါ့နော်၊ မြင်စရာအာရုံသည် မြင်လာသည့်အာရုံသည်
လိုချင်စရာကောင်းတဲ့ (desirable object) ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်အဖို့မှာနော် ၊ နှစ်သက်စရာ
အာရုံဖြစ်ချင်ဖြစ်မယ်၊ မနှစ်သက်စရာ မုန်းတီးစရာ အာရုံဖြစ်ချင်ဖြစ်မယ်၊ ဘာမျှမဟုတ်ဘဲနဲ့ ကိုယ်က၊
အာရုံရဲ့သဘောကို တွေဝေစရာအာရုံဖြစ်ချင် ဖြစ်မယ်၊ တစ်ခုကတော့ လိုချင်စရာအာရုံနဲ့
မုန်းတီးစရာလို့၊ အာရုံနှစ်ခု ဝင်လာနိုင်တယ်၊ အဲတော့ ဝင်လာတဲ့အခါ ဘယ်အာရုံပဲဝင်ဝင်
အဓိကိကကတော့ ကိုယ်ရဲ့အတွင်း အဇ္ဈတ္တက ထိုအာရုံပေါ်မှာ ဆင်ခြင်သုံးသပ်တဲ့ ယောနိသောမနသိကာရ
နဲ့ ၊ အယောနိသော မနသိကာရ လို့နှစ်ခုရှိတယ်၊ နှစ်သက်စရာ အာရုံလေးကို ကြည့်ပြီးတော့ 'ဟာ
နှစ်သက်စရာ ကောင်းလိုက်တာ' လို့ဆိုလို့ရှိရင် ဒီအတွေးကြောင့် လောဘဖြစ်လာတယ်၊
မနှစ်သက်စရာအာရုံဆိုလို့ရှိရင် 'အို မုန်းစရာကောင်းလိုက်တဲ့ အာရုံကြီးပဲ၊ ငါမကြိုက်တာကြီးပဲ'လို့
အဲဒီအာရုံပေါ်မှာ အဲဒီလို နှလုံးသွင်းလိုက်မယ်ဆိုလို့ရှိရင် ဒေါသဖြစ်လာတယ်၊ အာရုံရဲ့ သဘာဝ
အစစ်အမှန်ကို မသိလိုက်လို့ရှိရင်လဲဘဲ တွေဝေမှုဆိုတာ ဖြစ်သွားတယ်၊ အဲဒီတော့ ကိုယ်သန္တာန်မှာ
ဘာထူထောင်ရမလဲဆိုလို့ရှိရင် ဘယ်အာရုံပဲလာလာ ယောနိသော မနသိကာရ ထားနိုင်ဖို့ပဲ၊
အဲဒါကိုလေ့ကျင့်တာပါ တရားအားထုတ်တယ်ဆိုတာ၊ ယောနိသောမနသိကာရထားရမယ်၊
နှစ်သက်စရာအာရုံကို တွေ့လိုက်တဲ့အခါမှာလဲဘဲ လောဘမဖြစ်အောင်ထိန်းရမယ်နော်၊
မုန်းတီးစရာအာရုံ ပေါ်လာရင်လည်းဒေါသမဖြစ် အောင်ထိန်းပါ၊ နှစ်သက်စရာလဲမဟုတ်ဘူး၊
မုန်းတီးစရာလဲမဟုတ်ဘူး။ အာရုံရဲ့ သဘာဝကို တွေဝေစရာ အာရုံဝင်လာလို့ရှိရင်လဲဘဲ
အာရုံရဲ့သဘာဝကိုအမှန်သိအောင် ကြိုးစားရမယ်၊ မောဟမဖြစ်အောင်ပါ ထိန်းပါ။ အဲဒီလို
ထိန်းလိုက်တဲ့ အလေ့အကျင့်တစ်ခုက ကမ္မဌာန်းတရား အားထုတ်တာပဲ၊ ဆိုလိုတာက သတိဆိုတဲ့ဟာ
ထားလိုက်သည့်အတွက်ကြောင့် နှစ်သက်စရာ အာရုံကိုနှစ်သက်စရာအာရုံ၊ မနှစ်သက်စရာအာရုံကို
မနှစ်သက်စရာအာရုံလို့ သတိထားတတ်လာပြီးဆိုတဲ့ အခါကျတော့ နောက်က ဆင်ခြင်ဥာဏ်ဆိုတဲ့
သမ္ပဇညတရား လိုက်လာတာပေါ့နော်၊ ဆင်ခြင်ဥာဏ်ဆိုတဲ့ သမ္ပဇညတရား လိုက်လာတဲ့အခါမှာ
ကောင်းတဲ့အာရုံပဲဖြစ်ဖြစ် မကောင်းတဲ့ အာရုံပဲဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ အကယ်၍ လောဘဖြစ်သွား
ရင်လဲ ပြန်ထိမ်းလိုက်နိုင်တယ်၊ သြော် ငါလောဘဖြစ်သွားတယ်၊ ဒေါသဖြစ်သွားရင်လဲ
ပြန်ထိန်းလိုက်နိုင်တယ်၊ မောဟဖြစ်သွားလို့ရှိရင်လဲပြန်ထိန်းလိုက်နိုင်တယ်၊ ဒါ့ပြင် ဣဿာ ၊ မစ္ဆရိယ
ဘာညာဖြစ်ရင်လဲပြန်ထိမ်းလိုက်နိုင်တယ်။ အစမှာတော့မထိမ်းလိုက်နိုင်လို့ လွတ်သွားတာတွေ
အများကြီးရှိနိုင်တာပေါ့နော်၊ နောက်တဖြည်းဖြည်းကျတော့ လေ့ကျင့်ပါများတဲ့ အခါကျတော့
အာရုံကိုဖမ်းထိမ်းလိုက်နိုင်ပြီ ဆိုလို့ရှိရင် နှစ်သက်စရာအာရုံကိုလည်း နှစ်သက်မှုဆိုတဲ့
လောဘမဖြစ်လာတော့ဘူး၊ မုန်းတီးစရာ အာရုံပေါ်မှာလဲ ဒေါသဖြစ်မလာတော့ဘူး၊
အာရုံကိုမြင်ရင်မြင်တဲ့အဆင့် လောက်မှာဘဲထားတယ်၊ ချစ်ခြင်းမုန်းခြင်းနှစ်ခုကို
တားဆီးထားနိုင်တယ်၊ မြတ်စွာဘုရားက မာလုကျပုတ္တ ကိုဟောခဲ့တာရှိတယ်၊ ဗာဟိယဒါရုစိယ
ကိုလည်း ဟောခဲ့တာရှိတယ်၊ ဒိဌေ ဒိဌမတ္တံ- ပေါ့လေ၊ သေချာစဉ်းစား ကြည့်ရင် စိတ်က
မြန်လွန်းအားကြီးလို့ လူတွေဟာမြင်မြင်ခြင်း လောဘဖြစ်တာတော့မဟုတ်ဘူး၊ တွေးလိုက်တာ၊
မြင်တဲ့အာရုံပေါ်မှာ လိုချင်စရာကောင်းလိုက်တာဆိုတဲ့ အတွေးပေါ်မှာ လောဘဖြစ်လာတာ၊
အဲဒီနေရာမှာဖမ်းထိမ်းနိုင်လိုက် ပြီဆိုလို့ရှိရင် မြင်စရာအာရုံနှင့်ပတ်သက်ပြီး လောဘဆိုတာ
မလာတော့ဘ့ဘူးး၊ ဒေါသဆိုတုတာလဲ မလာတော့ဘ့ဘူးး၊ အဲဒီ အဆင့်ေ့ရောက်အောင် လေ့ကျင့်နိုင်ပြီဆိုရင်တော့
ပစ္စုပ္ပန် ကျကျထားတယ်လို့ ခေါ်တာပေါ့နော်၊ ဒါလဲပဲ ပြောရတာတော့ အင်မတန်လွယ်တယ်၊ စိတ်က
အမြဲတမ်း အာရုံတစ်ခုနဲ့ တွေတဲ့အခါ အလေ့အကျင့်ရနေတဲ့အတွက် ဖျပ်ဖျပ်ဖျပ်ဆို ဖြစ်သွားလို့
ကိုယ်ကအမြဲတမ်း နောက်ကျတာချည်းပဲ၊ ပုထုဇဉ်တွေအနေနဲ့အမြဲတမ်း နောက်ကျတယ်၊
နောက်ကျမှပြန်ထိမ်းနိုင်တယ်၊ စိတ်အစဉ်နဲ့ပြောမယ်ဆိုရင် လက်ဖျစ် တစ်တွက်အတွင်းမှာ
ကုဋေတစ်သိန်းလောက် ဖြစ်နိုင်ပါတယ်၊ မီးစက်ဝိုင်း ဥပမာ နဲ့ပြောမယ်ဆိုရင် ဒါဟုတ်တယ်၊
အင်မတန်လျှင်မြန်တဲ့ အခါကျတော့ အဝိုင်းကြီးလို့ထင်ရတယ်၊ သို့သော် အပေါ်ရောက်တဲ့အခါ
အောက်မှာမရှိဘူး သေချာတယ်။ အလွန်လျှင်မြန်တဲ့ အချိန်မှာ ဖမ်းထိန်းဖို့ဆိုတာ သာမန်ပုဂ္ဂိုလ်တွေအဖို့
အလွန်ပဲခဲ့ယဉ်းပါတယ်၊ ဖြစ်လိုက်တာနဲ့ ဖြစ်ပြီးသွားပြီ အကုန်လုံးဟာ လွန်သွားပြီ၊ အဲတော့ ပထမမှာ
သူက တပည့်တော်တို့ ကိလေသာကိုဖယ်ရှားဖို့အတွက် အဆင့်သုံးဆင့် သတ်မှတ်ထားတယ်၊
အဆင့်သုံးဆင့်ကို ကျင့်စဉ်သုံးရပ်အနေနဲ့ မြတ်စွာဘုရား သတ်မှတ်ထားတယ်၊ ကိလေသာ
အဆင့်သုံးဆင့်ဆိုတာ ဒါ သူက သူ့သဘာဝပဲ၊ ပထမပေါ်လာတဲ့ အဆင့်ပေါ့နော်၊ ပထမအတွင်းထဲမှာ
ရှိနေတဲ့အ့အဆင့်၊့၊ အခုခေတ် ဆေးပညာနဲ့ ပြောရင် Positve- ပေါ့၊့၊ ရောဂါ ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။
Posibility - မဖြစ်သေးဘူး အဲဒါက။ ဖြစ်နိုင်တဲ့ အနေအထား ရှိတဲ့အဆင့်၊ ဖြစ်လာတဲ့အဆင့်၊
မီးဆိုလို့ရှိရင် မီးဖြစ်နိုင်တဲ့ အနေအထား၊ မီးးတောက်လာတဲ့အဆင့် တောက်ပြီး လောင်က်ကျွမ်းးတဲ့အ့အဆင့်၊
သုံးဆင့် ရှိတာပေါ့နော်၊ ကိလေသာမှာလည်းပဲ အဲဒီ Positve- လို့ ဆိုတဲ့ ဖြစ်နိုင်တဲ့ အနေအထားရှိတဲ့
အဆင့်ကို သူက အနုသယလို့ ခေါ်တာပေါ့၊ အကြောင်းတိုက်ဆိုင်လို့ ဘွားကနဲ့ ဖြစ်လာပြီဆိုလို့ရှိရင်
ပရိယဌာနလို့ ခေါ်တယ်၊ သူက မီးတောက်လာတဲ့အဆင့်၊ တောက်လာလို့ သူ့ရဲ့ပတ်ဝန်းကျင်ကို
လောင်ကျွမ်းတဲ့အဆင့်ကို ဒါ ဝီတိက္ကမ-လို့ ခေါ်တာပေါ့။ ဘယ်ကိလေသာပဲဖြစ်ဖြစ် သူက
ဒီအဆင့်သုံးဆင့်နဲ့ လာတာပေါ့နော်၊ အဲဒီအဆင့်သုံးဆင့်ကို ပထမအဆင့်က လောင်ကျွမ်းတယ်ဆိုတဲ့အဆင့်ကို
ဘာနဲ့ ဖမ်းထိန်းရတုန်းဆို ကိုယ်ကျင့်သီလနဲ့ ဖမ်းထိန်းလိုက်တယ်။ ကိုယ်ကျင့်သီလကို
ဖြည့်ကျင့်ခြင်းဖြင့် ဒီလောင်ကျွမ်းတယ်ဆိုတာ မဖြစ်အောင် ချုပ်တည်းတာ။ ဘာကို ချုပ်တည်းလဲဆိုလို့ရှိရင်
ကာယကံမှုကို ချုပ်တည်းလိုက်တယ်၊ ဝစီကံမှုကို ချုပ်တည်းလိုက်တယ်၊ အများကို
သိသိသွားအောင် လုပ်တဲ့အ့အဆင့်ေ့တွေ အများနဲ့ ပတ်သက်တဲ့ အဆင့်ေ့တွေက ဝစီကီကံနဲ့ ကာယကံပဲ။ ဒီနှစ်ခုဟာ
အမြင်ဖြစ်သွားပြီပေါ့နော်၊ အပြောပြောလိုက်ပြီ၊ ဥပမာ- နှစ်သက်စရာ အာရုံဆို 'ဟာ လှလိုက်တာ'
လို့ဆိုရင် ဝစီကံ ဖြစ်သွားပြီးပေါ့၊ လှလို့ ရဖို့ကြိုးစားလိုက်ရင် ကာယကံ ဖြစ်သွားပြီပေါ့၊
အဲဒီအဆင့်နှစ်ဆင့်ကို ကိုယ်ကျင့်သီလနဲ့ ထိန်းလိုက်တယ်။ စိတ်ထဲက ဘယ်လို လိုချင်လိုချင်
လိုချင်တယ်လို့ မပြောမိအောင် လှလိုကတာလို့ မပြောမိအောင် ဝစီကံကို ထိန်းလိုက်တယ်၊ ကြိုးစားခြင်းး
မပြုမိအောင် ကာယကံကိုထိန်းလိုက်တယ်။


ဆက်လက်ဖော်ပြပါမည်.........

စိန်ခေါ်သူ မည်သူနည်း

$
0
0

အဓမ္မဝါဒနိဂ္ဂဟကို အဓမ္မဝါဒနိဂ္ဂဟဖြင့် စိစစ်ဝေဖန်ခြင်း

မစိုးရိမ်စာသင်သား

နိဒါန်း

၁၃၇၂-ခုနှစ် ပြာသိုလဆန်းပိုင်းတွင် ''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ် (အဓမ္မဝါဒနိဂ္ဂဟ)'' စာမူကြမ်းတစ်ခုကို မိတ္ထူများစွာ ထုတ်လုပ်ဖြန့်ဝေနေကြောင်း ကြားသိရသည်။ စာတိုက်မှ အမြန်ချောဖြင့် ပေးပို့၍ စာရေးသူ့ထံလည်း ရောက်ရှိလာသည်။ သက်ဆိုင်ရာသာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့ထံ ထုတ်ဝေခွင့်ပြုရန် တင်ပြထားကြောင်း ကြားသိရပြန်သည်။ ထို့ကြောင့် ဘာမျှ တုံ့ပြန်မှု-မပြုသေးဘဲ ဖြစ်လာမည့်ဖြစ်စဉ်များ အားလုံးကို ခြုံငုံသုံးသပ်နိုင်ရန် အဆုံးသတ်ချိန်တိုင်အောင် စောင့်နေလိုက်ပါသည်။

သို့ရာတွင် ၁၃၇၂-ခုနှစ် တပိုတွဲလပြည့်နေ့တွင် သာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့က ထုတ်ဝေခွင့် မပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကြားသိရသည်။ ထိုကြောင့် လမ်းကြောင်းတစ်ခုကနေ ဖြစ်လာမည့်ဖြစ်စဉ်များ လမ်းဆုံးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ရပါသည်။

သို့ရာတွင် သာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့သို့ မတင်ပြမီကတည်းက မြို့ရွာဒေသကြီး အသီးသီးသို့ မိတ္ထူများစွာ ဖြန့်ဝေပို့ပေးထားပြီး ဖြစ်ကြောင်း၊ ပံျ့နှံ့နေသည့် မိတ္ထူများကြောင့် မစိုးရိမ်စာသင်သားအပေါ် အသိအမြင် လွဲမှားနေသူများ ရှိနေကြကြောင်း သိလိုက်ရပြန်ပါသည်။

ဒကာမကြီးတစ်ဦး၏ ပြောပြချက်အရ သူတို့မိတ်ဆွေ သီလရှင်ဆရာကြီးကပင် ''မစိုးရိမ်စာသင်သားကို သနားလိုက်တာ၊ သူ့ကိုလဲ ပြန်ဆော်တာရှိတော့ ခံနေရရှာပြီ''ဟု ဆိုသတတ်။ စာကို သေချာမဖတ်ခြင်းကြောင့် သနား နေသည်လား...နားမလည်ခြင်းကြောင့် သနားနေသည်လား... မသိရပေ။ အဘယ့်ကြောင့်ဆိုသော် ၄င်းစာအုပ်ပါ အကြောင်းအရာတို့သည် မစိုးရိမ်စာသင်သားအပေါ် အပြစ်တင်မိသော၊ အပြစ်တင်နိုင်သော အမှန်အကန်များ မဟုတ်ခြင်းကြောင့်ပင် ဖြစ်ပါသည်။

၎င်းစာအုပ်ထဲမှ မစိုးရိမ်စာသင်သားအား နာမည်ပျက်စေရန် လုပ်ကြံထားပုံများကို ရှင်းလင်းရန်လိုအပ်ပါပြီ။


မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ် (အဓမ္မဝါဒနိဂ္ဂဟ)

၎င်းမိတ္ထူမူတွင် စာကိုယ်က ၂၃၄-မျက်နှာ၊ မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်နှင့်စပ်လျဉ်း၍ သံဃာ ထုအား လျှောက်ထားတောင်းပန်လွှာက ၁ဝ-မျက်နှာ(က-ည)၊ စာရေးသူ၏ပဋိညာဉ်က ၃-မျက်နှာ(ဋ-ဍ)၊ ရတနတ္တယပဏာမဂါထာက ၃-မျက်နှာ(ဏ-ထ) ပါရှိသည်။

စာမျက်နှာ(ဍ)တွင်-
''အထူးသဖြင့် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေး၊ အမျိုးဘာသာသာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်- ဦးတည်ရည်ရွယ်လျက်...
စာရှုသူ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအများစုတို့အတွက်....''ဟူ၍ ရေးသားထားသည်။

၎င်းစာအုပ်-ရေးသားသူ၏အမည်ကို အရှင်ထာဝရ(ရန်ကုန်)ဟု ဖော်ပြထားသည်။ ဤရှင်းလင်းချက်တွင် အရှင်ထာဝရ(ရန်ကုန်)ကို ''၄င်း'' ဟူသော နာမ်စားဖြင့် သတ်မှတ်၍ သုံးနှုန်းသွားပါမည်။

အမေးနှင့်အဖြေ(၁)

အမေး ။ ။ ၄င်းက ၄င်း၏စာအုပ်-စာမျက်နှာ(ဍ)တွင်- ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာ ထုစည်းလုံးညီညွတ်ရေး....အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ် လျက်''ဟူ၍ ရေးသားပြသထားသည်။

၎င်းစာသားများက ၄င်း၏ရေးသားချက်အတိုင်း သံဃာထုစည်းလုံးညီညွတ်ရေးကို မည်သို့မည်ပုံ အကောင် အထည်ဖော်နိုင်မည်နည်း။ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးကို မည်သို့မည်ပုံ အကောင်အထည်ဖော်နိုင် မည်နည်း။

၎င်း၏စာအုပ်-စာမျက်နှာ(တ-ထ)တို့၌-

''မှားယွင်းဖောက်ပြန် အကျင့်တန်၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်းတို့ကို နှိမ်နင်းဆုံးမကြောင်းဆုံးမရာ ဖြစ်သော (ဝါ) တရားဟောတရားနာ အပြစ်ရှာသော အပုညကြိယဝါဒ၊
သမ္မာဒိဋ္ဌိကျင့်စဉ်ကို ပစ်ပယ်သော မိစ္ဆာဒိဌိဝါဒ၊ ပုထုဇဉ်ဘဝဖြင့်သာ သေရမည်ဟု ယူဆသော နတ္ထိကဝါဒ၊ ဒီဘဝသေလျှင် ပြတ်သည်ဟု ယူဆသော ဧကဘဝဥစ္ဆေဒဝါဒ၊
အသင်္ခတ-အနတ္တကို အတ္တ=အနှစ်အသားရှိဟု ယူဆသော သာရတ္တနိဗ္ဗာနဝါဒ၊ ဣန္ဒြိယ သံဝရသီလကို ဖောက်ဖျက်သော (တနည်း) ကိုယ်နှုတ်နှလုံး မယဉ်ကျေး-ကြမ်းတမ်းရိုးပျသော အဝိနယဝါဒ၊ သံဃာစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးသော (ဝါ) သံဃာသင်းခွဲသော ဘေဒကရဝါဒ စသည် များပြား မြတ်ဗုဒ္ဓကို စွပ်စွဲသော အဗ္ဘာစိက္ခနဝါဒီ အလီလီတို့၏ အဓမ္မဒေဝဒတ်လက်သစ်ဝါဒ-တို့ကို နှိမ်နင်းရာ အဓမ္မဝါဒနိဂ္ဂဟအမည်ရသော ကျမ်းကို'' ဟူ၍ ရေးသားပြသထားပါသည်။

အဖြေ။ ။ ၄င်းတို့တွင်- (၁) ''မှားယွင်းဖောက်ပြန် အကျင့်တန်၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်း'' ဟူသည်မှာ ဘယ်သူတွေကို ဆိုလိုပါသနည်း..ဟုမေးလျှင်
''မစိုးရိမ်စာသင်သားသည် မှားယွင်းဖောက်ပြန် အကျင့်တန် ၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်း ဖြစ်၏''ဟု အဖြေထွက်စေလိုကြောင်း သိသာပါသည်။

အဘယ့်ကြောင့်ဆိုသော် ၄င်းက ၄င်းစာအုပ်-စာမျက်နှာ(၉၈/၁၁၂/ ၁၄ဝ/၁၉၆)တို့တွင်

''ပရဝါဒီမည်သော ကျွန်ုပ်မစိုးရိမ်စာသင်သား၊ သင်ပရဝါဒီ=တိတ္ထိဂိုဏ်းသား၊ ဝိဘဇ္ဇဝါဒီအမည်ခံ- မစိုးရိမ် စာသင်သားအမည်ခံ- အဓမ္မဝါဒီပုဂ္ဂိုလ်၊ မစိုးရိမ်စာသင်သား၏ အဓမ္မဝါဒ အဝိနယဝါဒ''ဟူ၍ ရေးသား ပြသထားခြင်းကြောင့် ဖြစ်ပါသည်။ (ဤ၌ ''ပရဝါဒီမည်သော ကျွန်ုပ်မစိုးရိမ်စာသင်သား''အသုံးအနှုန်းသည် ၄င်း၏ အသုံးအနှုန်းပင်။)

မစိုးရိမ်စာသင်သားသည် ၄င်း၏ဖော်ပြပါရေးသားချက်အတိုင်း အဓမ္မဝါဒီပုဂ္ဂိုလ် ဟုတ်နိုင်သည်- မဟုတ်နိုင် သည်ကို ဆုံးဖြတ်ချက်ချမှတ်လိုပါက
မစိုးရိမ်စာသင်သားထုတ်ဝေသည့် စာအုပ် ၁၇-အုပ်၊
မစိုးရိမ်စာသင်သား အထူးစီစဉ်ထားသည့် စာအုပ် ၅-အုပ်၊
မစိုးရိမ်စာသင်သားတည်းဖြတ်၍ အမှာစာရေးပေးထားသည့် ''နယသာဂရ ပဌာန်းတရားတော်''အစရှိသည့် စာအုပ် ၈-အုပ်၊
မစိုးရိမ်စာသင်သား ဟောပြောထားသည့် ရုပ်သံပါ အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးတရားတော် ၅-ချပ် (ပုဒ်ရေအားဖြင့် ၂ဝ ကျော်)၊
အသံသက်သက်ပါ အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးတရားတော် ၁ချပ် (ပုဒ်ရေ ၃၅ ပုဒ်)တို့နှင့်-

လစဉ်ထုတ် ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြတ်ပန်းရဂုံ၊ အနန္တဂုဏ်ရည်ပါ မဂ္ဂဇင်းဆောင်းပါးများကို ဖတ်ရှုပြီးမှ နား ထောင်ပြီးမှ ဆုံးဖြတ်ချက်ချမှတ်ကြပါရန် ပန်ကြားလိုပါသည်။ မစိုးရိမ်စာသင်သား၏ ကလောင်အမည်ခွဲ ၆-ခုစလုံးကို ''မစိုးရိမ်စာသင်သားအပေါ်မဆင်မခြင်စွပ်စွဲချက်''စာတမ်းတွင် ထည့်သွင်းဖော်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ဖော်ပြပါစာအုပ်များ၊ တရားများကို ဖတ်ရှု နားထောင်ပြီးပါက မစိုးရိမ်စာသင်သားသည် ရိုးသားမှန်ကန် ကျင့်ဖြောင့်မှန်၍ နိဗ္ဗာန်လမ်းပြ ဓမ္မဝါဒီ ဖြစ်ပေသည်ကို အညီအမျှ တွေ့မြင်ရပါလိမ့်မည်။ ထိုအခါတွင်
''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်ရေးသားသူ၏ မရိုးမသား လုပ်ကြံထားမှုများ''ကို ထင်ထင်လင်းလင်း အမြင်ရှင်းသွားပါလိမ့်မည်။

၎င်းစာအုပ်တွင်-
(၂) တရားဟောတရားနာ အပြစ်ရှာသော အပုညကြိယဝါဒီ
(၃) သမ္မာဒိဌိကျင့်စဉ်ကို ပစ်ပယ်သော မိစ္ဆာဒိဌိဝါဒီ
(၄) ပုထုဇဉ်ဘဝဖြင့်သာ သေရမည်ဟု ယူဆသော နတ္ထိကဝါဒီ
(၅) ဒီဘဝသေလျှင် ပြတ်သည်ဟု ယူဆသော ဧကဘဝဥစ္ဆေဒဝါဒီ
(၆) အသင်္ခတ-အနတ္တကို အတ္တ=အနှစ်အသားရှိဟု ယူဆသော သာရတ္တနိဗ္ဗာနဝါဒီ (သာရ+အတ္တ+နိဗ္ဗာန)
(၇)ဣန္ဒြိယသံဝရသီလကို ဖောက်ဖျက်သော (တနည်း) ကိုယ်နှုတ်နှလုံး မယဉ်ကျေး-ကြမ်းတမ်း ရိုင်းပျသော အဝိနယဝါဒီ
(၈) သံဃာစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးသော (ဝါ) သံဃာသင်းခွဲသော ဘေဒကရဝါဒီ
(၉) စသည်များပြား မြတ်ဗုဒ္ဓကို စွပ်စွဲသော အဗ္ဘာစိက္ခနဝါဒီ အလီလီတို့၏ အဓမ္မဒေဝဒတ်လက်သစ်ဝါဒီ ဟူသည်မှာ
ဘယ်သူတွေကို ဆိုလိုပါသနည်း...ဟုမေးလျှင် “မစိုးရိမ်စာသင်သားပင် ဖြစ်၏” ဟု အဖြေထွက် စေလိုကြောင်း သိသာပါသည်။

''မစိုးရိမ်စာသင်သားသည် ၄င်း၏ဖော်ပြပါရေးသားချက်အတိုင်း ဟုတ်နိုင်သည်- မဟုတ်နိုင်သည်''တို့ကို ဆုံးဖြတ်ချက်မချမီ မစိုးရိမ်စာသင်သား၏ ဆောင်းပါးများ၊ စာအုပ်များ၊ ဟောတရားများကို ဖတ်ရှုနားထောင်ကြည့် စေလိုပါသည်။

ဖော်ပြပါစာအုပ်များ၊ တရားများကို ဖတ်ရှု နားထောင်ပြီးပါက မစိုးရိမ်စာသင်သားသည် ရိုးသားမှန်ကန် ကျင့်ဖြောင့်မှန်၍ နိဗ္ဗာန်လမ်းပြ ဓမ္မဝါဒီ ဖြစ်ပေသည်ကို အညီအမျှ တွေ့မြင်ရပါလိမ့်မည်။ ထိုအခါတွင် ''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်ရေးသားသူ၏ မရိုးမသား လုပ်ကြံထားမှုများ''ကို ထင်ထင်လင်းလင်း အမြင်ရှင်းသွားပါလိမ့်မည်။

၎င်း၏ဦးတည်ရည်ရွယ်ချက်နှင့် ၄င်း၏အရေးအသားများသည် မည်သို့မျှ ညီညွတ်ခြင်းမရှိပါ။ မစိုးရိမ်စာသင် သားကို ယုံကြည်နေသူများက မစိုးရိမ်စာသင်သားအပေါ်တွင် အထင်အမြင်လွဲမှားသွားစေရန် ၄င်းက ရန်တိုက် ပေးခြင်းသာ ဖြစ်ပါသည်။

သို့ဆိုလျှင် ၄င်း၏ ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေး...၊ အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်- ဦးတည်ရည်ရွယ်လျက်''ဟူ၍ ရေးသားပြသထားချက်သည် ဗြောင်လိမ်ထားသည့် မုသားဝါစာမျှသာ၊ တစ်နည်း ဒုစရိုက်မှုလွန်ကျူးထားခြင်းမျှသာ ဖြစ်နေပါတော့သည်တကား။

အမေးနှင့်အဖြေ(၂)

အမေး။ ။ ၄င်းက ၄င်း၏စာအုပ်-စာမျက်နှာ(ဍ)တွင်- ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာ ထုစည်းလုံးညီညွတ်ရေး....အမျိုးး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ် လျက်''ဟူ၍ ရေးသားပြသထားသည်။

၎င်းစာသားများက ၄င်း၏ရေးသားချက်အတိုင်း သံဃာထုစည်းလုံးညီညွတ်ရေးကို မည်သို့မည်ပုံ အကောင် အထည်ဖော်နိုင်မည်နည်း။ သာသနာတော်ကြီး
မပြိုကွဲမပျက်စီးစေရေးကို မည်သို့မည်ပုံ အကောင်အထည်ဖော်နိုင် မည်နည်း။


အဖြေ(၁)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၃)၌ ''ပရဝါဒီတို့၏ ရှေ့၌တင်ပြခဲ့သောစကားများသည် ဓမ္မဝါဒ ဟုတ်-မဟုတ် မစစ်ကြောမီ ယင်းတို့၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာရေး ရည်ရွယ်ချက်တို့ကို အထိုက်အလျောက် တင်ပြပေးလိုပါသည်''ဟူ၍ ရေးသားပြသထားပါသည်။

ပရဝါဒီဟူသည်မှာ ဘယ်သူတွေကို ဆိုလိုပါသနည်း..ဟုမေးလျှင် မစိုးရိမ်စာသင်သားကို ဆိုလိုကြောင်း အဖြေထွက်ပါသည်။
အဓိပ္ပာယ်မှာ ''မစိုးရိမ်စာသင်သား၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာ ရေးရည်ရွယ်ချက်တို့ကို အထိုက်အလျောက် တင်ပြပေးလိုပါသည်''ဟု ဆိုလိုပါသည်။ ၄င်းသည် ၄င်းဖော်ပြထားသည့် ''အတ္တနော ပမာဏံ န ဇာနာတိ''ဟူသည်အညီ မိမိ၏ပမာဏကို မိမိကိုယ်တိုင်က မသိတတ်လေ။

ယခုကောက်နုတ်ထုတ်ယူပြအပ်သော၊ စာမျက်နှာ(၃) အစရှိသည်တို့၌ ပါရှိနေသော '၄င်း'၏ စာသားများက သံဃာထုစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမည့် အသုံးအနှုန်းများချည်း ဖြစ်နေ ကြောင်း ထင်ရှားလာပါလိမ့်မည်။ သာသနာတော်ကြီး ပြိုကွဲပျက်စီးစေရေးသို့ ရှေးရှုထားသော မရိုး မသား စိန်ခေါ်စကားများချည်း ဖြစ်နေကြောင်း ထင်ရှားလာပါလိမ့်မည်။

မစိုးရိမ်စာသင်သား၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာရေးရည်ရွယ်ချက်တို့ကို စိတ်ထားဖြူစင်ပါရမီရှင်စာအုပ်တွင်လည်းကောင်း၊
မြတ်ပန်းရဂုံမဂ္ဂဇင်း၊ သာသနပါလ-ဓမ္မကထာအခန်း- ဝေဖန်ရေး ဆရာတစ်ပါး၏ သဘောထားဆိုင်ရာ အင်တာဗျူးအဖြေတို့တွင်လည်းကောင်း၊
ဓမ္မအလင်းတန်းအမည်ရှိ အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ်ရှားရေးနှိုးဆော်လွှာစာအုပ်တွင်လည်းကောင်း အထင်အရှား ဖော်ပြထားပြီး ဖြစ်ပါသည်။
၎င်းအနေဖြင့် ဆောင်ရွက်ရမည့် ပမာဏမှာ ''မစိုးရိမ်စာသင်သားသည် ဓမ္မဝါဒီ မဟုတ်ကြောင်း (ဝါ) မစိုးရိမ်စာသင်သားသည် အဓမ္မဝါဒီ ဖြစ်ကြောင်း'' စစ်ကြောပြသရမည်သာ ဖြစ်ပါသည်။

ထင်ရှားအောင် စစ်ကြောပြသနိုင်လျှင် စစ်ကြောပြသရန် ၄င်းမှာ တာဝန်ရှိပါသည်။ မစိုးရိမ်စာသင်သားသည် အမှန်တကယ်ပင် အဓမ္မဝါဒီ ဖြစ်နေသည်ဆိုလျှင် ဝိနိစ္ဆယခုံရုံးသို့ တင်ပြစွဲဆိုရန်ပင် ၄င်းမှာ တာဝန်ရှိနေပါသည်။ စွဲဆိုသင့်လှပါသည်။

အဖြေ(၂)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၄)၌ ''(ပရဝါဒီတို့သည်)-ယင်းသို့ခံယူထားသည့်အလျောက် အလွန်လှပသော စကားလုံးတစ်လုံးကို လက်ကိုင်ပြုလုပ်ထားလိုက်ပုံမှာ ထေရဝါဒသာသနာ သန့်ရှင်းတည်တံ့ရေးအတွက် အဓမ္မဝါဒတွေကို ဖယ်ရှားပစ်မည်-ဟူ၏။ ထို့ကြောင့်လည်း သာသနာတွင်းသား ရဟန်းသံဃာတော်များ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေကြသော ဓမ္မကထိက ကမ္မဌာနာစရိယဆရာ တော်များကို အပျက်သဘောဆောင်သည့်အမြင်ဖြင့် လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားပါသည်''ဟူ၍ ရေးသားပြသ ထားပါသည်။

၎င်းတွင် ''အဓမ္မဝါဒတွေဖယ်ရှားရေးကို မစိုးရိမ်စာသင်သားက ဆောင်ရွက်နေပါကြောင်း''သည် မှန်သောစကားသာ ဖြစ်ပါသည်။

သို့ရာတွင် ''အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေ ကြသော ဓမ္မကထိက ကမ္မဌာနာစရိယ ဆရာတော်များ''တွင်-
'ဓမ္မဝါဒီများ'ဟူ၍ ရှိပါသည်၊ 'အဓမ္မဝါဒီများ'ဟူ၍ ရှိပါသည်။ ဤနှစ်မျိုးတို့တွင် ''မစိုးရိမ်စာသင်သားသည် အဓမ္မဝါဒီ ဓမ္မကထိက ကမ္မဌာနာစရိယတို့၏ အဓမ္မဝါဒတို့ကို လိုက်လံ နှိပ်ကွပ်ရေးသားနေသည်''ဟုဆိုလျှင်လည်း မှန်သောစကားသာ ဖြစ်ပါသည်။

''မစိုးရိမ်စာသင်သားသည် ဓမ္မဝါဒီ ဓမ္မကထိက ကမ္မဌာနာစရိယတို့၏ ဓမ္မဝါဒတို့ကို လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားနေသည်''ဟုဆိုလျှင်မူကား မှားသောစကား၊ မဟုတ်မမှန် လုပ်ကြံစွပ်စွဲထားသောစကားသာ ဖြစ်သွားပါသည်။

အထူးပြောပြထားလိုသည်မှာ ''ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေကြသော ဓမ္မကထိက ကမ္မဌာနာစရိယ ဆရာတော်အားလုံးသည် ဓမ္မဝါဒီပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူကြသည်''ဟူ၍ ဆိုနိုင်ပါမည်လော။ ဝိနိစ္ဆယအပြုခံခဲ့ရသော ဓမ္မကထိက၊ ကမ္မဌာနာစရိယများ အထင်အရှားရှိနေသည်ပင် မဟုတ်ပါလော။

အပျက်သဘောဆောင်သည့်အမြင်ဖြင့် လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားနေကြောင်း ၄င်းက စွပ်စွဲပြောဆိုထား သည်။ မစိုးရိမ်စာသင်သားမှာ ဓမ္မဝါဒီ ဓမ္မကထိက ကမ္မဋ္ဌာနာစရိယတို့၏ ဓမ္မဝါဒတို့ကို လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသား ထားချက်ဟူ၍ တစ်ချက်မျှ မရှိပါ။ မစိုးရိမ်စာသင်သား ရေးခဲ့သမျှတို့နှင့် ဟောခဲ့သမျှတို့ကို ဖတ်ရှု နားထောင်လျှင် သိနိုင်ပါသည်။





ဆက်လက် တင်ပြပါမည်

စိန်ခေါ်သူ မည်သူနည်း ၂

$
0
0
အဖြေ(၃)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၅)၌ (သို့ဖြစ်ရာ သူတို့ကိုယ်တိုင် အလဂဒ္ဒူပမာ စာသင်နည်း ဖြင့်သင်၍ သူတို့ကို လူအထင်ကြီးစေရန်၊ တစ်ဖက်သားတို့ကို စော်ကားနှိမ့်ချရေးသားခြင်းသည်သာ သူတို့၏ ထေရဝါဒနှင့် သက်ဆိုင်သော အမြင့်မားဆုံး သာသနာရေးရည်ရွယ်ချက် ဖြစ်ပါသည်)ဟူ၍ ရေးသားပြသထားပါသည်။


၎င်းက (မစိုးရိမ်စာသင်သား၏ သာသနာရေးရည်ရွယ်ချက်မှာ တစ်ဖက်သားတို့ကို စော်ကားနှိမ့်ချ ရေးသား ရန်)ဟု စွပ်စွဲပုတ်ခတ်ထားခြင်းပင် ဖြစ်ပါသည်။ ၄င်းစွပ်စွဲချက်အတိုင်း ဟုတ်သည်-မဟုတ်သည်ကို မစိုးရိမ်စာသင်သား ရေးသားသော စာအုပ်များထဲမှ (စိတ်ထားဖြူစင်ပါရမီရှင်) စာအုပ်ကလေးတစ်အုပ်မျှကို ဖတ်ကြည့်လိုက်လျှင်ပင် အမှန်ကို သိမြင်နိုင်ပါလိမ့်မည်။


အဖြေ(၄)။ ။ ၄င်း၏ စာအုပ်-စာမျက်နှာ(၅-၆)တို့၌ (သာသနာတော်၌ အပြစ်ဖွဲ့ရန်ရှာတတ်သော လူစွမ်းကောင်းလုပ်ရပ်များသည် သာသနာတည်တံ့ရေးအတွက်မဖြစ်ဘဲ သာသနာဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်း ပင်ဖြစ်ကြောင်းကို မြတ်ဗုဒ္ဓ၏ ဝိနည်းသုတ္တန်ဒေသနာတော်တို့တွင် အများဆုံးတွေ့ရပေ၏။ ...။ ပဋိသန္ထာရေ အဂါရဝါ ဝိဟရန္တိ-------။ အထက်ပါ ဗုဒ္ဓဒေသနာတော်ကိုလည်း စာရေးသူ အထူးသတိပြုမိပါ၏။ သို့သော် ဤနေရာ ၌ တစ်ဖက်သတ်ရန်မူတတ်သော ပရိယတ်ကို အလွဲသုံးစားပြု၍ ဓမ္မနည်းလမ်းမကျဘဲ ငါသိငါတတ် ငါ့စကားနွားရ လုပ်တတ်သော ပရဝါဒီတို့ကို (သင်တို့၌လည်း အမှားတွေရှိနေသည်)ဆိုတာ ကိုယ်ချင်းစာနာစိတ်ထားတတ်စေရန် ထောက်ပြပေးလိုခြင်းသာ ဖြစ်ပါ၏)
ဟူ၍ ရေးသားပြသထားပါသည်။


၎င်းတွင် (ကိမိလသုတ္တန်)ကို ကိုးကားပြသထားသော်လည်း ၄င်းသုတ္တန်မှာ (အဓမ္မဝါဒတွေကို မသိချင်ယောင် ဆောင်၍ ဆက်ဆံရေးပြေပြစ်အောင် နေရစ်ကြလော့၊ အဓမ္မဝါဒ=အမှားတရားတွေကို လက်ခံရစ်ကြလော့)ဟူ၍ တစ်စက်ကမျှ မပါခြင်းကြောင့် ၄င်းကိမိလသုတ္တန်သည် အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးကို ဆောင်ရွက်နေသော မစိုးရိမ်စာသင်သားကို နှိပ်ကွပ်ဖို့ရန် ကြိုးစားနေသူအတွက် သာဓကမမြောက်ပေ။ လက်ကိုင်တုတ်မဖြစ်ပေ။ မစိုးရိမ်စာသင်သားသည် ဓမ္မဝါဒီ သံဃာတော်များကို ဂါရဝပြုလျက် နေထိုင်ကျင့်သုံးလေ့ရှိကြောင်း တွေ့ဆုံဖူး သူတိုင်း သိကြပါသည်။

မစိုးရိမ်စာသင်သားသည် အပြစ်ဖွဲ့ရန်ရှာတတ်သူ မဟုတ်ကြောင်း၊ လူစွမ်းကောင်းလုပ်နေသူ မဟုတ် ကြောင်း၊ သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက်နေသူသာဖြစ်ကြောင်း၊ ပရိယတ်ကို အလွဲ သုံးစား ပြုလုပ်တတ်သူ မဟုတ်ကြောင်း၊ (ငါသိငါတတ် ငါ့စကားနွားရ)လုပ်တတ်သူ မဟုတ်ကြောင်း၊ မစိုးရိမ် စာသင်သားမှာ မရှင်းနိုင်လောက်အောင် ခေါင်းငုံ့ခံလိုက်ရမည့်အမှားများ လုံးဝမရှိကြောင်းတို့ကို ကြေညာ လိုပါသည်။ မစိုးရိမ်စာသင်သား၏ စာအုပ်များ၊ ဟောတရားများ၌ လေ့လာကြည့်နိုင်ပါသည်။

၎င်းတို့သည်ကား မိမိဘာသာ အမှန်လုပ်ထုတ်ဝေထားသော စာအုပ်များကို စာအုပ်ထဲကအတိုင်းမှန်ပါသည်ဟု ပြောနိုင်ပါသလား...၊ ပြောဝံ့ပါသလား။ ဤနေရာတွင် ငါ့စကားနွားရလုပ်သူမှာ မည်သူဖြစ်သနည်းဟုမေးရ ပေတော့မည်။

မည်သူ့မှာ အမှားတွေရှိရှိ-ထိုအမှားသည် ဝါဒရေးရာတစ်ခုအနေဖြင့် အမှားမျိုးဆက် (နှိပ်စက်နေမည့် အမှားမျိုး) ရှိနေလျှင် ဝေဖန်ဖော်ထုတ်တင်ပြပေးရန် ရိုးသားသူတိုင်းမှာ တာဝန်ရှိပါသည်။


အဖြေ(၅)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၇)၌ (ပရဝါဒီတို့သည် တရားဟောခြင်း(ဓမ္မဒေသနာ)၊ တရားနာခြင်း (ဓမ္မဿဝန) ဟူသော ပုညကိရိယဝတ္ထုတို့ကို ပြုလုပ်ခြင်းများဖြင့် တရားမရနိုင်။ ယခုမျက်မှောက်ခေတ် တရားပွဲများမှာ အလဟဿ အပိုအလုပ်များအနေဖြင့်သာ ထင်မြင်ယူဆသူတို့ ဖြစ်၏။ ရှေ့၌ အက္ခရာစဉ်ဖြင့် ဖော်ပြ အပ်သော သူတို့၏စကားရပ်များကို အနှစ်ချုပ် စစ်ထုတ်ကြည့်သောအခါ အောက်ပါအတိုင်း တစ်ခုတည်းသောအဖြေကို တွေ့ရပေ၏။

(တရားဟောတရားနာခြင်းဖြင့် တရားမရ။ တရားမသိနိုင်။ ဘုရားလက်ထက်ကလဲ ဘုရားတရား ဟောရာ၌ တရားမရခဲ့ကြ။ သာမန်ပုထုဇဉ်တို့ဟောက ပို၍ပင် တရားမရနိုင်ကြောင်း။ အခုခေတ်မှာ မဂ်ဖိုလ် နိဗ္ဗာန်ရနိုင်သူတို့ မရှိနိုင်တော့ကြောင်း။ အထူးသဖြင့် တရားဟောတရားပြတရားနာခြင်းအလုပ်ကို သူတို့ မနှစ်မြို့ကြောင်း (ကောက်ချက်)တစ်ခုအဖြစ် ချမှတ်နိုင်ပေသည်)ဟူ၍ ရေးသားပြသထားပါသည်။

၎င်းတွင် ဘိက္ခုဓမ္မပိယဆရာတော်၏ (ပထမနိဗ္ဗာန်}-မှ

(က) မြတ်စွာဘုရားလက်ထက်နောက်ပိုင်းမှာ မဂ်ဖိုလ်ရသူနည်းပါးကြောင်း သံယုတ်၊ ပါ၊ (သံ၊၁၊ ၄၂၂) မှာ ဟောကြားထားပါတယ်။ ဒါကြောင့် တရားနာရုံသက်သက် ဒဿဖြင့် တရားမရနိုင်ကြောင်း အခိုင်အမာ ပြောဆိုပါတယ်။ (ပထမနိဗ္ဗာန်နှင့်ဝိပဿနာတစ္ဆေ၊ စာ-၄၁)

(ခ) တင်ပါ့ဘုရား၊ ဒီလောက်ဆိုရင် ပုထုဇဉ်ရဟန်းတစ်ပါးက တရားဟောရင် တရားနာပုဂ္ဂိုလ်တွေ လေးမဂ်လေးဖိုလ်ရနိုင်တယ်-မရနိုင်ဘူးဆိုတာ တပည့်တော် သဘောပေါက်ပါပြီ။ (ပထမနိဗ္ဗာန်နှင့် ဝိပဿနာ တစ္ဆေ၊ စာ-၉)

(ဂ) တရားနာရင် သောတာပန်တည်ရမယ်၊ ကြားရင်းနာရင်း သောတာပန်တည်တယ်ဆိုတဲ့စကားဟာ လုံးဝမှားနေပါတယ်။ တရားနာရုံသက်သက် ဒီခေတ်မှာလဲ သောတာပန် မတည်နိုင်ပါဘူး၊ ဘုရားလက်ထက် ကလဲ သောတာပန်မတည်ခဲ့ကြဘူး၊ ဘာလို့မတည်သလဲဆိုတော့ ဆက်ပြီး ပြောပါ့မယ်၊ အခုတော့ ဒီလောက်ပဲ ရပ်ထားဦးမယ်။ (ပထမနိဗ္ဗာန်နှင့်ဝိပဿနာတစ္ဆေ၊ စာ-၁၀)

(င) သံကိုသံဖျက် သံချေးတက်ဆိုသလို အချည်းအနှီးဖြစ်တဲ့ သာသနာတွင်းသား ရဟန်းတွေသာ သသနာတော်ကို ဖျက်ဆီးမှာပါ၊ သိပ်ပြီးကြောက်စရာကောင်းပါတယ်။ (ပထမနိဗ္ဗာန်နှင့်ဝိပဿနာတစ္ဆေ၊ စာ-၄၂)

ဟူသော စာပိုဒ်တို့ကို အက္ခရာစဉ်ဖြင့် အမှတ်ပြ၍ ဖော်ပြထားပါသည်။

ဝိဘဇ္ဇဝါဒီ၏ (ထေရဝါဒဆိုင်းဘုတ်အောက်မှာအမှားဝင်္ကပါ)-မှ

(ဃ) မြတ်ဗုဒ္ဓသည် အဓိကကျသော တရားနာသူကို အထူးငဲ့၍ တရားများစွာတို့ကို အခြားလူတို့က မှတ်မိနိုင်ရုံသာ သိကြပါသော်လည်း ပဋိဝေဓဥာဏ် ဖြစ်လောက်အောင် နားမလည်နိုင်ကြကြောင်း စသည်ဖြင့် မှတ်ယူကြရမည် ဖြစ်ပါသည်။ ထိုသဘောမှာ ထင်ရှားပါသည်။
ထေရဝါဒဆိုင်းဘုတ်အောက်မှာအမှားဝင်္ကပါ၊ စာ-၁၂၄)

ဟူ၍ ဖော်ပြထားပါသည်။

မစိုးရိမ်စာသင်သား၏ စိစစ်ချက် အကျဉ်း-မှ

(စ-၁) ၁၃၇၂-ခုနှစ် ဝါဆိုဦးတွင် စာရေးသူတို့ရပ်ကွက်အတွင်းရှိ အောင်ချမ်းသာဓမ္မာရုံမှာ ဝိပဿနာတရားအဖွဲ့တစ်ခုက ဝါတွင်းကာလ သင်တန်းများဖွင့်လှစ်ပို့ချမည်ကို သက်ဆိုင်ရာက အသိအမှတ် ပြုခွင့်ပေးခဲ့ကြပါသည်။ (ပ)။ စာရေးသူက လုံးဝလက်မခံဘဲ လူကြီးလက်မှတ်၏ အရေးမပါပုံမှားနှင့် တိုင်တော ကိစ္စ၏ ရုံးသဘောသွား အဆင့်ဆင့်တို့ကို ရှင်းလင်းပြပြီး လုံးဝပယ်ချလိုက်ပါသည်။

(စ-၂) ၁၃၇၃-ခုနှစ် မိုးညှင်းမြို့တွင် ကျင်းပမည့်တရားပွဲအတွက် တရားပွဲလာရောက်ပင့်သူများက စာရေးသူထံမှောက် ဝင်ရောက်လာကြပါသည်။ (ပ) ထိုတရားပွဲ အစီအစဉ် လုံးဝပျက်သွားပါသည်။

(စ-၃) ယခုလည်း ဓမ္မဒါနပြုလိုသူတို့၏ အစီအစဉ် ပျက်လိမ့်မည်ဟု ထင်မြင်မိပါသည်။ ထိုသို့ ပျက်သောအခါတွင် ဘာ့ကြောင့်ပျက်သနည်းဟု အမေးရောက်လာလျှင် စာရေးသူ၏ မှတ်ချက်ကြောင့်ဟု ဖြေကြပါလိမ့်မည်။

ဟူ၍ ၄င်းက ထုတ်ပြထားပါသည်။

မူရင်းကို အဓိပ္ပာယ်မှန်ပေါက်အောက် အခေါက်ခေါက် ဖတ်ကြည့်သင့်ပါသည်။ အဘယ့် ကြောင့်ဆိုသော် (တရားဟောခြင်း(ဓမ္မဒေသနာ)၊ တရားနာခြင်း(ဓမ္မဿဝန)ဟူသော ပုညကိရိယ ဝတ္ထုတို့ကို ပြုလုပ်ခြင်းများဖြင့် တရားမရနိုင်။ ယခုမျက်မှောက်ခေတ် တရားပွဲများမှာ အလဟဿ အပိုအလုပ်များအနေဖြင့်သာ ဖြစ်၏)ဟူသောစကားမှာ အရှင်ထာဝရ အမည်ခံထားသူ (၄င်း)၏ ကိုယ်ပိုင်စကားမျှသာ ဖြစ်သည်။

ထိုစကားသည် ဘိက္ခုဓမ္မပိယဆရာတော်၏ စကားမဟုတ်ပေ။ ဝိဘဇ္ဇဝါဒီ၏ စကားမဟုတ်ပေ။ မစိုးရိမ် စာသင်သား၏ စကားမဟုတ်ပေ။ (မူရင်းဖြစ်သော ပထမနိဗ္ဗာန်နှင့်ဝိပဿနာတစ္ဆေ- စသည့်စာအုပ်ကို ရှာဖွေပြီး ဖတ်ရှုကြည့်လျှင် ပိုမိုထင်ရှားစွာ သိမြင်နိုင်ပါလိမ့်မည်။) အမှန်မှာမူ ၄င်း၏စကားထဲတွင် (ကောက်ချက်)ဟူ၍ ပါရှိသည်နှင့်အညီ စဉ်းလဲကောက်ကျစ်သော စိတ်ဓာတ်ဖြင့် စွပ်စွဲပြောဆိုထားချက်များသာ ဖြစ်ပါသည်။

ဘိက္ခုဓမ္မပိယ၏ (က) (ခ) (ဂ) (င) စကားရပ်များသည် မှန်ကန်သောစကားများ ဖြစ်ပါသည်။ ၄င်း၏စာအုပ်- စာမျက်နှာ(၈/၁၇၇)မှာပါသည့် (သန္တတိအမတ်ကြီးသည်(ပ)ဝိသုဒ္ဓိ ၇-ပါးကို တစ်ပါးပြီးတစ်ပါး ကြိုးစား အားထုတ်ရမှု ရှိနိုင်ပေသည်) ဟူသောစကားနှင့် အတူတူပင် ဖြစ်ပါသည်။ (၈/၁၇၇)ပါ စကားတို့ကို အမှန်ဟုယူလျှင် ဘိက္ခုဓမ္မပိယ၏ ဖော်ပြပါ (က) (ခ) (ဂ)စကားတို့ကိုလည်း အမှန်ဟုသာ ယူရမည်။

တစ်ဖန် ၄င်း၏စာအုပ်-စာမျက်နှာ(၈)မှာပါသည့် (တရားဟူသည် နာကြားရုံမျှဖြင့် ပြီးပြည့်စုံမှု ရှိသည်ဟု မဆိုသာပါ။ (ပ) အမှန်ပင်ဖြစ်ပါ၏)ဟူသောစကားနှင့် (တရားနာရုံသက်သက် ဒဿနဖြင့် တရားမရနိုင်။ ဘာဝနာအလုပ် လုပ်ပါမှ တရားရနိုင်တယ်ဟုဆိုပါလျှင် လက်ခံနိုင်(ပ)}}ဟူသောစကားတို့နှင့် အတူတူပင် ဖြစ်ပါသည်။

ဤနေရာတွင် အထူးတင်ပြလိုသည်မှာ ၄င်းသည် ၄င်း၏မရိုးမသားပြုလုပ်တတ်သည့်ဥာဉ်အတိုင်း မရိုးမသား ပြုလုပ်ထားပါသည်။

လုပ်ထားပုံမှာ-

ပထမနိဗ္ဗာန်ရေးသားသူသည် ဘိက္ခုဓမ္မပိယ ဖြစ်ပါ၏။

ဝိပဿနာတစ္ဆေရေးသူသည် နန်းဦး(တမ္ပဝတီ) ဖြစ်ပါ၏။

ထေရဝါဒဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါရေးသားသူသည် ဝိဘဇ္ဇဝါဒီ ဖြစ်ပါ၏။

ပခုက္ကူဝိပဿနာအလုပ်ပေးတရား အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃)တို့ကို စိစစ်ချက်အကျဉ်း-ရေးသား သူသည် မစိုးရိမ်စာသင်သား ဖြစ်ပါ၏-ဟု ၄င်းက သေချာခွဲခြား သိမြင်ထားပါသည်။ သို့ပါလျက်ကယ်နှင့် ဖော်ပြပါပုဂ္ဂိုလ် ၄-ဦးတို့ကို (ပရဝါဒီ)နာမ်စားဖြင့် မှတ်သားပြလျက် တစ်အုပ်လုံးမှာ သုံးနှုန်းရေးသားပြသသည်။ ထို့နောက် စာမျက်နှာ(၉၈)အရောက်တွင်မှ (ပရဝါဒီမည်သော မစိုးရိမ်စာသင်သား}}ဟု လုံးချလိုက်သည်။ (ပရဝါဒီဟု ပါရှိသမျှအားလုံးသည် မစိုးရိမ်စာသင်သားပင် ဖြစ်တော့သည်}}ဟု သိမှတ်သွားစေပါသည်။

(ဘိက္ခုဓမ္မပိယ}မှာ အမှားရှိခဲ့လျှင်လည်း စာရှုသူတို့က (မစိုးရိမ်စာသင်သား}အပေါ်သာ အပြစ်မြင်စေရန်၊

(နန်းဦး(တမ္ပဝတီ))မှာ အမှားရှိခဲ့လျှင်လည်း စာရှုသူတို့က (မစိုးရိမ်စာသင်သား}အပေါ်သာ အပြစ်မြင်စေရန်၊

(ဝိဘဇ္ဇဝါဒီ}မှာ အမှားရှိခဲ့လျှင်လည်း စာရှုသူတို့က (မစိုးရိမ်စာသင်သား}အပေါ်သာ အပြစ်မြင်စေရန်၊

(မစိုးရိမ်စာသင်သား}မှာ အမှားရှိခဲ့လျှင်လည်း စာရှုသူတို့က (မစိုးရိမ်စာသင်သား}အပေါ်သာ အပြစ်မြင်စေရန် တမင် လုပ်ကြံမုသားဆိုကာ မရိုးမသား လုပ်ထားမှု ဖြစ်ပေသည်။ ဤချက်သည် မည်မျှအရေးကြီးပါသနည်း။ အသရေဖျက်မှုအရ အမှုအခင်းမြောက်နိုင်သည်ဟု ယူဆအပ်ပါသည်။


အမှန်အားဖြင့် ရေးသားပြသရမည်မှာ ပထမနိဗ္ဗာန်ကို ဝေဖန်ရာဌာနတို့၌ ပရဝါဒီမည်သော ဘိက္ခုဓမ္မ ပိယဆရာတော်ဟုသာ သုံးနှုန်းရမည်။ ဝိပဿနာတစ္ဆေကို ဝေဖန်ရာဌာနတို့၌ ပရဝါဒီမည်သော နန်းဦး(တမ္ပဝတီ) ဟုသာ သုံးနှုန်းရမည်။ ထေရဝါဒဆိုင်းဘုတ်အောက်မှာအမှားဝင်္ကပါကို ဝေဖန်ရာဌာနတို့၌ ပရဝါဒီမည်သော ဝိဘဇ္ဇဝါဒီ ဟုသာ သုံးနှုန်းရမည်။ စိစစ်ချက်အကျဉ်းတို့ကို ဝေဖန်ရာဌာနတို့၌ ပရဝါဒီမည်သော မစိုးရိမ်စာသင်သားဟုသာ သုံးနှုန်းရမည်။

(ဤ၌ (ပရဝါဒီ}အမည်သည် ၄င်းက ကင်ပွန်းတပ်ပေးထားသည့်အမည်ဆိုး ဖြစ်ပါသည်။ သို့သော်လည်း စာရေးသူတို့၏ တပည့်များကတော့ (အရှင်ဘုရားတို့က အများအကျိုးကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် (ပရဟိတ}ရဲ့ အဓိပ္ပာယ်လိုပဲ (အများအကျိုးဆောင်သူ}လို့ အဓိပ္ပာယ်ထွက်လာမှာပါ။ သူတို့တွေကတော့ သူတို့အကျိုးပဲ ဆောင်ရွက်သူတွေ ဖြစ်လို့မို့ (သကဝါဒီ}လို့ ဖြစ်သွားမှာပါ}}ဟု အဓိပ္ပာယ်သစ်တစ်ခု ဟာသအနေဖြင့် ဖွင့်လှစ်သုံးစွဲကြောင်း ရှင်းပြလာပါသေးသည်။)

အဖြေ(၆)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၈)၌ ((ပရဝါဒီတို့သည်) မျှတသောအခြေအနေတွင် ရပ်တည် မနေဘဲ ဗုဒ္ဓဘာသာတို့ ထုံးတမ်းအစဉ်အလာဖြစ်သော တရားဟောခြင်း၊ တရားနာခြင်းအလုပ်တို့ကို ပြစ်တင် ကဲ့ရဲ့ရှုတ်ချခြင်း၊ အဓမ္မဝါဒတွေ-စသည်ဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မတော်မတရားစွပ်စွဲခြင်း၊ တစ်ဖက်သားကို အပြစ်မရှိ အပြစ်ရှာ ရန်စတိုက်ခိုက်နေ ခြင်းတို့ကြောင့် သူတို့ကိုယ်တိုင် အဓမ္မဝါဒအတွင်း သက်ဆင်းသွားသူများ ဖြစ်သွား သည်}}ဟူ၍ ရေးသားပြသထားပါသည်။

၎င်းတွင် မျှတသောအခြေအနေတွင် ရပ်တည်ရမည်လား...မှန်ကန်သောအခြေအနေတွင် ရပ်တည်ရမည် လား...ဟု မေးခွန်းထုတ်လိုပါသည်။ ပရဝါဒီ အမည်တပ်မခံရသော ဘိက္ခုဓမ္မပီယဆရာတော်၊ ပရဝါဒီ အမည်တပ်မခံ ရသော နန်းဦး(တမ္ပဝတီ)၊ ပရဝါဒီ အမည်တပ်မခံရသော ဝိဘဇ္ဇဝါဒီ၊ ပရဝါဒီအမည်တပ်ခံရသော မစိုးရိမ်စာသင်သား ပုဂ္ဂိုလ် ၄-ဦးတို့သည် မှန်ကန်သောအခြေအနေတွင် ရပ်တည်နေလျက် ရှိကြပါသည်။

(တရားဟောခြင်း၊ တရားနာခြင်းအလုပ်တို့ကို ပြစ်တင်ကဲ့ရဲ့ရှုတ်ချခြင်း}}ကို ဓမ္မဝါဒီဆရာ ၄-ဦးတို့က လုံးဝမလုပ်ပါကြောင်း ထင်ထင်ရှားရှား သိစေလိုပါသည်။

အဓမ္မဝါဒဖြစ်သော တရားဟောခြင်း၊ တရားနာခြင်းအလုပ်တို့ကိုသာ ဖော်ထုတ် တားဆီး ဖယ်ရှားခြင်းတို့ကို ဓမ္မဝါဒီဆရာ ၄-ဦးတို့က ဓမ္မဝါဒီဖြစ်သည်နှင့်ညီအောင် ဆောင်ရွက်နေကြ ပါသည်။


၎င်းက (အဓမ္မဝါဒတွေ-စသည်ဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မတော်မတရားစွပ်စွဲခြင်း}}ကို ပြုလုပ်နေသူများ ဖြစ်သည်ဟု စွပ်စွဲထားပါသည်။ သင်္ဂါယနာ ၆-တန်တင်အပ်သော ပိဋကတ်တော်နှင့် မညီသည်များကို အဓမ္မဝါဒ တွေဟု ပြောရမည်မှာ ဗုဒ္ဓဘာသာဝင်တိုင်း၏ မြင့်မြတ်သော တာဝန်သိစိတ်အရ ကျင့်အပ်သည့် ကျင့်ဝတ်သာ ဖြစ်ပါသည်။

တစ်ဖန် (တစ်ဖက်သားကို အပြစ်မရှိအပြစ်ရှာ ရန်စတိုက်ခိုက်နေခြင်းကြောင့် သူတို့ကိုယ်တိုင် အဓမ္မဝါဒ အတွင်း သက်ဆင်းသွားသူများ ဖြစ်သည်}}ဟု စွပ်စွဲထားပြန်ပါသည်။ တစ်ဖက်သားဟူသည်မှာ (တစ်ဖက်သားက ဓမ္မဝါဒီဖြစ်သည်ကို အဓမ္မဝါဒီ}}ဟု ပြောဆိုမိလျှင်ကား စာရေးဆရာ ၄-ဦးတို့သည် အဓမ္မဝါဒအတွင်းသို့ သက်ဆင်းသွား လိမ့်မည် အမှန်။ သို့ရာတွင် (တစ်ဖက်သားက အဓမ္မဝါဒီဖြစ်၍ အဓမ္မဝါဒီ}}ဟု ပြောဆိုရေးသားခြင်းကား အဓမ္မဝါဒ အတွင်းသို့ မသက်ရောက်နိုင်ပေ။

စာရေးဆရာ ၄-ဦးတို့၏ ရေးသားချက်များသည် မည်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာအရ မည်သို့ မှားယွင်းလွဲချော်ခြင်းကြောင့် အဓမ္မဝါဒအတွင်းသို့ သက်ရောက်သွားပါကြောင်း အကိုးအကားပြနိုင်လျှင် အကိုးအကား ပြစေချင်ပါသည်။

အဖြေ(၇)။ ။၎င်း၏စာအုပ်-စာမျက်နှာ(၈)၌ (ပရဝါဒီတို့၏ (က)အမှတ်ပြစကားရပ်တွင် ----(မဂ်ဖိုလ်ရသူ လုံးဝ မရှိနိုင်} ဟူသော စကားမှာ မှားယွင်းပါသည်}}ဟူ၍ ရေးသားပြသထားပါသည်။

၎င်းတွင် (မဂ်ဖိုလ်ရသူ လုံးဝမရှိနိုင်}ဟူသော စကားသည် အရှင်ထာဝရအမည်ခံ ၄င်း၏စကားသာလျှင် ဖြစ်ပါသည်။ အဖြေ(၅)၌ ပြထားသော (က)အမှတ်ပြစကားနှင့် ပြန်တိုက်ကြည့်လိုက်ပါ။

ဘိက္ခုဓမ္မပိယက ရေးထားသည်မှာ (တရားနာရုံသက်သက် ဒဿနဖြင့် တရားမရနိုင်ကြောင်း}ဟူ၍သာ ဖြစ်ပါသည်။ ဤစကားကို အရှင်ထာဝရအမည်ခံ ၄င်းက အဘယ်နည်းဖြင့် နားလည်ပြောဆိုလိုခြင်းကြောင့် (မဂ်ဖိုလ် ရသူ လုံးဝမရှိနိုင်}ဟူ၍ အဓိပ္ပာယ်သစ် စာသားအသစ် ဖြစ်ပေါ်လာပါသနည်း။ ရှင်းပြပါ။


အဖြေ(၈)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၉)၌ (ပရဝါဒီတို့၏ (ခ)စကားရပ်လာ ----]ပုထုဇဉ်ရဟန်းတွေ ဟောတဲ့ တရားက လုံးဝတရားမရနိုင်}ဟူ၍ အဘယ်စာပေ၌ လာရှိပါသနည်း}}ဟူ၍ ရေးသားပြသထားပါသည်။

၎င်းတွင် (ပုထုဇဉ်ရဟန်းတွေဟောတဲ့ တရားက လုံးဝ တရားမရနိုင်တော့}ဟူသော စကားသည် အရှင် ထာဝရ အမည်ခံ ၄င်း၏စကားသာလျှင် ဖြစ်ပါသည်။ အဖြေ(၅)၌ ပြထားသော (ခ)အမှတ်ပြစကားနှင့် ပြန်တိုက် ကြည့်လိုက်ပါ။

ဘိက္ခုဓမ္မပိယက ရေးထားသည်မှာ (ဒီလောက်ဆိုရင် ပုထုဇဉ်ရဟန်းတစ်ပါးက တရားဟောရင် တရားနာ ပုဂ္ဂိုလ်တွေ လေးမဂ်လေးဖိုလ် ရနိုင်တယ်-မရနိုင်ဘူးဆိုတာ တပည့်တော်တို့ သဘောပေါက်ပါပြီ} ဟူ၍သာ ဖြစ်ပါသည်။ ဤစကားကို အရှင်ထာဝရအမည်ခံ ၄င်းက အဘယ်နည်းဖြင့် နားလည်ပြောဆိုလိုခြင်းကြောင့် (ပုထုဇဉ် ရဟန်းတွေ ဟောတဲ့ တရားက လုံးဝ တရားမရနိုင်တော့}ဟူ၍ အဓိပ္ပာယ်အသစ် စာသားအသစ် ဖြစ်ပေါ်လာ ပါသနည်း။ ရှင်းပြပါဦး။

၎င်းသည် ဘိက္ခုဓမ္မပိယဆရာတော် သုံးနှုန်းထားသော (ဒီလောက်ဆိုရင်}ဟူသော ပမာဏပြပုဒ်အတွင်းက အပြည့်အစုံအနက်အဓိပ္ပာယ်တို့ကို သုံးသပ်ခြင်းမပြုဘဲ မျက်ကန်းသဖွယ်ပြု၍ အဓိပ္ပာယ်ဖော်ထားကြောင်း ထင်ရှားပါ သည်။

အဖြေ(၉)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၉)၌ (ပရဝါဒီတို့၏ (က)စကားရပ်ကို လက်ခံနိုင်စရာ ရှိသော်လည်း (ခ) (ဂ) (ဃ) စကားရပ်တို့မှာ ဘုရားဟော ထေရဝါဒကျန်းဂန်တို့နှင့် လွဲချော်ဆန့်ကျင်နေပါသည်}}ဟူ၍ လည်းကောင်း၊

၎င်း၏စာအုပ်-စာမျက်နှာ(၁၇)၌ (သို့ဖြစ်၍ (ဃ) ဝါကျလာ (အခြားလူတို့ မှတ်မိရုံ သာမှတ်မိပြီး ပဋိဝေဓဥာဏ်မဖြစ်} ဟူသောစကားမှာ အရူးချေးပန်း ပရမ်းပတာ ပြောဆိုသောစကားသာတည်း}}ဟူ၍လည်းကောင်း၊

၎င်း၏စာအုပ်-စာမျက်နှာ(၂၂/၂၃)တို့၌ ]]အထက်၌ တင်ပြခဲ့ပြီးသော ပါဠိအဋ္ဌကထာ စကားရပ်များဖြင့်ပင် (ဘုရား တရားဟောသည့်အခါ အခြားလူတို့ ပဋိဝေဓဥာဏ် ဖြစ်လောက်အောင် နားမလည်ကြကြောင်း၊ တရားနာရင် သောတာပန်တည်ရမယ်။ ဒီစကားလုံးဝမှားတယ်}စသည်ဖြင့် တရားဟော တရားနာခြင်းအလုပ်ကို အပြစ်ဖွဲ့ ရန်ရှာ တတ်သော ပရဝါဒီတို့၏ စကားတို့သည် မြတ်ဗုဒ္ဓ၏ ဝေသာရဇ္ဇဥာဏ်တော်တို့ကို တားမြစ်သော အဓမ္မဝါဒစကားရပ်များ သာ ဖြစ်ပါတော့သည်}}ဟူ၍လည်းကောင်း ရေးသားပြသထားပါသည်။

၎င်းတို့တွင် တရားနာရင်းကြားရင်းဖြင့် သောတာပန်တည်-မတည်ကိစ္စမှာ (ဂ)ဝါကျနှင့် သက်ဆိုင်ပါသည်။ (ဂ)ဝါကျလာ မူရင်းစကားသည် ၄င်း၏စာအုပ်-စာမျက်နှာ(၈) ၌ (တရားဟူသည် နာကြားရုံမျှနှင့် ပြီးပြည့်စုံမှုရှိသည်ဟု မဆိုသာပါ။ သမ္မပ္ပဓာန် ဝီရိယဖြင့် ကိုယ်တိုင်လက်တွေ့ ကြိုးစားအားထုတ်ပါမှသာ ရနိုင်သည်မှာလည်း အမှန်ပင် ဖြစ်ပါသည်}} ဟူသောစကားရပ်၊ ၄င်း၏စာအုပ်-စာမျက်နှာ (၁၇၇)ပါ အတည်ပြုအမှန်ပြ စကားရပ်များနှင့် အတူတူ ပင်ဖြစ်၍ မှန်ပါသည်။ မမှားပေ။ (ဤသို့ဆိုလျှင် အရူးချေးပန်း ပရမ်းပတာစကား ပြောသူကား မည်သူနည်း။)

(ဃ)ဝါကျလာစကားရပ်ပါ မူရင်းစကားစုသည် မူလပဏ္ဏာသပါဠိတော်ကျမ်း၊ စာမျက်နှာ(၁)မှာ စတင်လာ ရှိသည့် တရားတော်အရ ရေးသားခြင်းသာဖြစ်ကြောင်း အမှားဝင်္ကပါစာအုပ်မှာ အပြည့်အစုံ ပါရှိပြီး ဖြစ်ပါသည်။ ထို့ကြောင့် မှန်ပါသည်။

အကယ်၍ ((ဃ)စကားရပ်ကို မမှန်ပါ}}ဟုဆိုလျှင် ၄င်း၏စာအုပ်-စာမျက်နှာ(၂၀)တွင် ပါရှိသည့်

(အမှန်ဆိုရသော် တရားလည်းနာရမည်။ နာသည့်အတိုင်းလည်း ကျင့်ရမည်။ ထိုအခါ ပုဂ္ဂလသမ္ပတ္တိဖြစ်သော ဖြည့်ဆည်းဖူးခဲ့သော ပါရမီအထိုက်အလျောက်လည်း ရှိပါက နိဗ္ဗာန်နှင့် လွဲချော်နိုင်စရာ မရှိတော့ချေ}}

ဟူသောစကားကိုလည်း မမှန်ဟုသာ ဆိုရမည်မုချ။ (ဤသို့ဆိုလျှင် အရူးချေးပန်း ပရမ်းပတာစကား ပြောသူကား မည်သူနည်း။)

အဘယ့်ကြောင့်ဆိုသော် ပုဂ္ဂလသမ္ပတ္တိဖြစ်သော ဖြည့်ဆည်းဖူးခဲ့သော ပါရမီအထိုက်အလျောက် မရှိပါက နိဗ္ဗာန်နှင့် လွဲချော်နိုင်စရာ ရှိခြင်းကြောင့် တရားဟောသော်လည်း ပဋိဝေဓဥာဏ် မဖြစ်သူများမှာ များစွာပင် ရှိပါပေတော့သည်။ (ဘုရား တရားဟောသည့်အခါ အခြားလူတို့ ပဋိဝေဓဥာဏ် ဖြစ်လောက်အောင် နားမလည်ကြကြောင်း}}မှာ မှန်သောစကားသာ ဖြစ်ပေတော့သည်။ (အခြားလူ}ဟူသည်မှာ ပါရမီမပြည့်သေးသူ၊ ဣနြေ္ဒမရင့်သေးသူ၊ သောတာပန်တို့အတွက် ဟောအပ်သည့်တရားကို နားမလည်နိုင်သော ပုထုဇဉ်ပုဂ္ဂိုလ် စသည်များကို ဆိုလိုပါသည်။ အနာဓိဂတတ္တာ။

မြတ်စွာဘုရားသည် တစ်ရက်လျှင် ၂-ကြိမ် လောကကြီးကို ရှုစားဆင်ခြင်တော်မူလေ့ရှိရာ ဥာဏ်တော်ကွန်ရက် အတွင်း ထင်လင်းစွာ ဝင်လာသူများသာ ပဋိဝေဓဥာဏ် ဖြစ်စေနိုင်သူများ ဖြစ်၍ မဂ်ဖိုလ်ရသူများ ဖြစ်နိုင်ကြပါသည်။ အခြားသူများမှာ ပဋိဝေဓဥာဏ် ဖြစ်-မဖြစ်သည် ဧကန်နည်းအားဖြင့် မသေချာပါ။

အဖြေ(၁၀)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၁၄)၌ (ထို့ထက်ပို၍ခိုင်မာသော ပရဝါဒီတို့၏စကားမှာ (ဃ) စကားရပ်လာ စကားတို့ ဖြစ်သည်။ တရားဟောတရားနာခြင်းအလုပ်ကို သူတို့ လုံးဝမရှုစိမ့်ကြောင်း ပိုမိုထင်ရှားသည်။ (ဘုရားက တရားနာသူကို အထူးငဲ့၍ တရားများစွာကို ဟောခဲ့ကြောင်း၊ ယင်းတရားတို့ကို အခြားလူတို့က မှတ်မိနိုင်ရုံသာ သိကြပြီး ပဋိဝေဓဥာဏ်ဖြစ်လောက်အောင် နားမလည်ကြကြောင်း စသည်ဖြင့် မှတ်ယူကြပါ}ဟူ၍ အဓမ္မဝါဒတစ်ရပ်ကို ထူထောင်ခဲ့ပါသည်}}ရေးသားပြသထားပါသည်။

အရှင်ထာဝရအမည်ခံသူ ၄င်းက (အခြားလူတို့က မှတ်မိနိုင်ရုံသာ သိကြပြီး ပဋိဝေဓဥာဏ်ဖြစ်လောက်အောင် နားမလည်ကြကြောင်း စသည်ဖြင့် မှတ်ယူကြပါ}}ဟူသောစကားကို အဓမ္မဝါဒတစ်ရပ်ဟု ဆိုလျှင် ၄င်းကိုယ်တိုင် ပြောဆိုထားသော ၄င်း၏စာအုပ် (စာမျက်နှာ(၂၀)}ပါစကားသည်လည်း အဓမ္မဝါဒစကားပင် ဖြစ်ရပေတော့မည်။ မှန်၏။ အဓိပ္ပာယ်ချင်း အတူတူပင်။

အဖြေ(၁၁)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၁၄)၌ ((က) (ခ) (ဂ)တို့မှာ ဘာဝနာကို ရည်ညွှန်းသော်လည်း (ဃ)စကားရပ်အရ ဆန့်ကျင်ဘက်(အဆိုး၊အပြစ်)ကို ဦးတည်ထားသည်မှာ သေချာပါ၏။ ယင်း(ဃ)ပါ အဓမ္မဝါဒကို တင်ပြပြီး-တင်ပြလတ္တံ့ ဖြစ်သော-အကိုးအကားတို့ဖြင့် အမှန်အမှား ခွဲခြားဆုံးဖြတ်ပါလော့ ဓမ္မမိတ်ဆွေ}} ဟူ၍ရေးသားပြသထားပါသည်။

၎င်းသည် တရားဟော၊ တရားနာ၊ တရားပွဲဟူရာတွင် ဓမ္မဝါဒီတရား၊ အဓမ္မဝါဒီတရားဟူ၍ နှစ်မျိုးရှိကြောင်းကိုမျှ မသိသူ ဖြစ်ပေသည်။ ဓမ္မဝါဒီဖြစ်သော ဓမ္မဒါနကြောင့် ကောင်းသောအကျိုး ကြီးမားပါသည်။ အဓမ္မဝါဒီဖြစ် သော အဓမ္မဒါနကြောင့် ပြောင်းပြန်လှန်၍ မကောင်းသောအကျိုး ကြီးမားပါသည်။ အဇာတသတ်ဝတ္ထုလာ ဒေဝဒတ်၏ အဓမ္မဒါနဟောတရားမျိုးကို ဆိုလိုပါသည်။

၎င်းတွင် (တင်ပြပြီး-တင်ပြလတ္တံ့ ဖြစ်သော အကိုးအကားများ} ကို ရှာကြည့်သောအခါ ပါဠိ-မြန်မာပြန် သာဓက ၁၅-ခု ဖော်ပြထားပါသည်။

၎င်း၏အကိုးအကား ၁၅-ခုစလုံးတွင် (ဘုရားက တရားနာသူကို အထူးငဲ့၍ တရားများစွာကို ဟောခဲ့ ကြောင်း။ ယင်းတရားတို့ကို အခြားလူတို့က မှတ်မိနိုင်ရုံသာ သိကြပြီး ပဋိဝေဓဥာဏ်ဖြစ်လောက်အောင် နားမလည် ကြကြောင်း-ဟူသော စကားသည် အဓမ္မဝါဒတစ်ရပ် ဖြစ်သည်}}ဟူသောစကားကို အမှန်တကယ် အတည်ဖြစ်စေနိုင်သော ပါဠိအဋ္ဌကထာဟူ၍ တစ်လုံးတစ်ပါဒမျှ မပါရှိချေ။ မဆီမဆိုင်တွေကို ကိုင်မိရာ ကိုင်လိုက်ရပုံ ပေါ်နေပါသည်။

၎င်းပါဠိတော်အဋ္ဌကထာများသည် သူ့နေရာနှင့် သူ့အဓိပ္ပာယ်နှင့် သူ့ဘာသာသူ မှန်ကန်နေကြပါသော်လည်း ၄င်းတို့အားလုံးက (ဃ)ဝါကျပါစကားစုသည် အဓမ္မဝါဒ ဖြစ်သည်ဟူသော အဓိပ္ပာယ်ကိုကား မဖြစ်စေနိုင်ပေ။ အကယ်၍ ၄င်းတို့အားလုံးက (ဃ)ဝါကျပါစကားစုသည် အဓမ္မဝါဒ ဖြစ်သည်ဟူသော အဓိပ္ပာယ်ကို ဖြစ်စေနိုင်ငြားအံ့။ ပြီးစေနိုင်ငြား အံ့။ ၄င်း၏စာအုပ်-(စာမျက်နှာ(၂၀)}တွင် ပါရှိသည့် စကားသည်လည်း မမှန်သောစကားသာဖြစ်၍ အဓမ္မဝါဒသာ ဖြစ်သည်ဟု မှတ်ယူရမည်။ (နာသူတိုင်း မဂ်ဖိုလ်ကို ရရမည်-ဆိုလိုရာရောက်သည်-ဟူလို။)

ထို့ထက်တက်၍ဆိုချင်သေးလျှင် ၄င်းသည် (ဃ)ဝါကျပါစကားစုကို တိုက်ခိုက်နေရင်းဖြင့်ပင် (မြတ်စွာ ဘုရား၏ တရားကိုနာကြားရသူတိုင်း မည်သူမဆို (တစ်ဦးတစ်ယောက်မျှမကျန်) အကုန်လုံး အားလုံး ပဋိဝေဓဥာဏ် ရရှိသူချည်းသာ ဖြစ်သည်}}ဟူသော အဓမ္မဝါဒသစ်တစ်ရပ်ကို ကြေညာပြီး ဝန်ခံလိုက်ရာရောက်သွားမည် သာ ဖြစ်ပါသည်။

အဖြေ(၁၂)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၂၃)၌ (ပရဝါဒီတို့၏(င)စကားရပ်၌ (အချည်းအနှီးဖြစ်တဲ့ သာသနာတွင်းသား ရဟန်းတွေကသာ သာသနာကို ဖျက်ဆီးမှာပါ}ဟု အပေါင်းနှင့်ဆိုထားခြင်းကြောင့် သာသနာတွင်း သား ရဟန်းမှန်သမျှ မဂ်ဖိုလ်မှ အချည်းအနှီး ဖြစ်ကုန်တော့၏။ တရားမရနိုင်တော့-စသည်ဖြင့် အဓိပ္ပာယ်ရပါသည်။ သာသနာတော်တွင်းရှိ ရဟန်းသံဃာတော်တို့ကို ပုတ်ခတ်ဆဲရေးထားသော စကားတို့သာ ဖြစ်သည်}}ဟူ၍ ရေးသားပြ သထားပါသည်။

၎င်းတွင် (င)မူရင်းလာစကားနှင့် မဆိုင်ပါ။ (င)မူရင်းမှာ (သံကိုသံဖျက် သံချေးတက်ဆိုသလို အချီးအနှီးဖြစ်တဲ့ သာသနာတွင်းသား ရဟန်းတွေကသာ သာသနာတော်ကို ဖျက်ဆီးမှာပါ}}ဟူ၍သာ ဖြစ်ပါသည်။ ယင်းစကားစုသည် သာသနာဝင်အားလုံး ကြားဖူးနားဝ ပြည့်ဝနေသည့်စကားပင် ဖြစ်ပါသည်။ ရဟန်းကောင်းတို့ကို မထိခိုက်စေရန် (အချီးအနှီးဖြစ်တဲ့}ဟူသော ဝိသေသနဖြင့် ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါသည်။ ((အချီးအနှီးမဖြစ်တဲ့ ရဟန်းတွေက တော့ သာသနာတော်ကို မဖျက်ဆီးပါ}} ဟူ၍ ဗျတိရေကတ္ထ ထင်ရှားသည့်စကား ဖြစ်ပါသည်။

သို့ပါလျက်ကိုပင် (င)မူရင်းကို ၄င်းက ပြန်လည်ပြောဆိုရာ၌ (သာသနာတွင်းသား ရဟန်းမှန်သမျှ မဂ်ဖိုလ်မှ အချည်းအနှီး ဖြစ်ကုန်တော့၏။ တရားမရနိုင်တော့}}ဟူ၍ အဓိပ္ပာယ်အသစ် စာသားအသစ်ဖြင့် ပြောနိုင်သည့်အတွက် အံ့ဩရပါသည်။

အရှင်ထာဝရ အမည်ခံသူ ၄င်းသည် ဤမျှလောက်ကြွယ်ဝလှပသော မဟုတ်မမှန် လုပ်ကြံနည်းတို့ကို မည်သည့် ဆရာတို့ထံမှ သင်ယူတတ်မြောက်ခဲ့ရပေသနည်း။ စိတ်ဝင်စားလာလေပြီတကား။ စင်စစ်အားဖြင့် သာသနာတော် တွင်းရှိ ရဟန်းသံဃာတော်တို့ကို ပုတ်ခတ်ဆဲရေးသူမှာ အရှင်ထာဝရအမည်ခံ (၄င်း)သာလျှင် ဖြစ်ပေသည်။

၎င်းဖော်ပြထားသည့် အဟံဘန္တေ-အစချီသည့် သာဓကမှာ သာဓက မမြောက်ပေ။ အချီးအနှီးဖြစ်သော ရဟန်းများကိုလည်း သံသာရဝဋ္ဋတောဖြင့် ဝင်ရောက်လာသူများချည်းဟုဆိုလျှင် ၄င်း၏စကားအတိုင်း ဟုတ်နိုင်-မဟုတ်နိုင်ကို သာသနာရေးဦးစီးဌာန ဝိနိစ္ဆယခုံရုံးဝင် အမှုတွဲများအကြောင်း လေ့လာကြည့်စေချင်ပါဘိသည်။ ပထမ ပါရာဇိကမှုများနှင့် ဒုတိယပါရာဇိကမှုများ ကျူးလွန်ထားသည့် ရဟန်းများကိုလည်း သာသနာဖျက်ဟု မဆိုနိုင်တော့ ပြီလော။ ၄င်းပါရာဇိကကျူးလွန်ပြီးသား ရဟန်းများလည်းပဲ သံသာရဝဋ္ဋတောဖြင့် ဝင်ရောက်လာသူဖြစ်၍ အချီးအနှီး မဟုတ်သူများတည်း-သာသနာဖျက်မဟုတ်သူများတည်း-ဟု ယူဆရပါမည်လော။

၎င်းက ၄င်းဝါသနာထုံနေသည့် အဆဲစာတို့ဖြင့် ပုံစံချလျက် အောက်ပါအတိုင်း ဆဲရေးပုတ်ခတ်ထားသေးသည်။

မြတ်စွာဘုရားက...ဗုဒ္ဓသာသနာတွင်းသား ရဟန်းတော်များ မဂ်ဖိုလ်မှ အချီးအနှီး မဖြစ်။ (နိဗ္ဗာန်ရသော အကျင့်ကို ကျင့်၏။)

ပရဝါဒီက... ဗုဒ္ဓသာသနာတွင်းသား ရဟန်းတော်များ မဂ်ဖိုလ်မှ အချီးအနှီး ဖြစ်၏။ (နိဗ္ဗာန်ရသော အကျင့်ကို မကျင့်။) (၄င်း၏စာအုပ်၊ စာ-၂၄)

အထူးမှတ်ချက်။ အထက်ပါစကားစုသည် ဘိက္ခုဓမ္မပိယဆရာတော်၏ ((င)ဝါကျပါစကားစု ) မဟုတ်ခြင်း ကြောင့် အရှင်ထာဝရအမည်ခံသူ )၄င်း၏စကားသာလျှင် ဖြစ်ပါတော့သည်။ ၄င်းသည်သာလျှင် ပရဝါဒီ ဖြစ်ပါ တော့သည်။

အဖြေ(၁၂)။ ။ ၄င်း၏စာအုပ်၌ (စ-၁) (စ-၂) (စ-၃)ဟူ၍ ကောက်နုတ်ဖော်ပြထားသော်လည်း ၄င်းတို့ ကို သီးသန့်ခွဲခြမ်း၍ ဝေဖန်ထားချက် လုံးဝမပါရှိချေ။
၎င်းစာတို့တွင် မစိုးရိမ်စာသင်သားက ဝိပဿနာတရားအဖွဲ့ တစ်ခုက သင်တန်းများ ဖွင့်လှစ်ပို့ချမည်ကို ...ရှင်းလင်းပြပြီး လုံးဝပယ်ချလိုက်ကြောင်း စသည်တို့ကို စာရှုသူတို့အား သိစေမြင်စေပြီးလျှင် မစိုးရိမ်စာသင်သားအပေါ် အမုန်းစိတ်ဝင်စေလိုခြင်းကြောင့် ထည့်သွင်းဖော်ပြထားသည်ဟု သုံးသပ်ရပါသည်။

အမှန်ကမူ ဝိပဿနာတရားသင်ပြမည့်အဖွဲ့သည် တကယ်မှားသည့် အမှားများကို အစဉ်အဆက် မပြတ်မလပ် ကျူးလွန်နေသည့်အဖွဲ့သာ ဖြစ်ပါသည်။ ထို့ကြောင့် အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ်ရှာရေး လုပ်ငန်းစဉ်အရ မစိုးရိမ် စာသင်သားက ပယ်ချလိုက်ခြင်းသာ ဖြစ်ပါသည်။ (မြတ်ပန်းရဂုံမဂ္ဂဇင်း}တွင် ၄င်းဝိပဿနာအဖွဲ့၏ အမှားများ အကြောင်းကို လစဉ်အခန်းဆက် ထည့်သွင်းဖော်ပြပေးလျက် ရှိပါသည်။ သူတို့အဖွဲ့က မှားသည်-မမှားသည်တို့ကို သိလိုလျှင် မြတ်ပန်းရဂုံမဂ္ဂဇင်းများကို ရှာဖွေလေ့လာကြည့်နိုင်ပါသည်။



ဆက်လက် တင်ပြပါမည်

စိန်ခေါ်သူ မည်သူနည်း ၃

$
0
0
ဗြောင်လိမ်ထားသည့်မုသားဝါစာ

အို..စာရှုသူ၊ ဖော်ပြပါအဖြေ ၁၂-ချက်တို့ကို သေချာဖတ်ရှုပြီးသွားပြီဆိုလျှင် ၄င်း၏ဦးတည်ရည်ရွယ်ချက်နှင့် ၎င်း၏ အရေးအသားများသည် မည်သို့မျှ မညီညွတ်ကြောင်းကို စာရှုသူကိုယ်တိုင်ပင် ထင်ထင်ကြီး မြင်နိုင်ပါပြီ။

သို့ဆိုလျှင် ၄င်း၏ “အထူးသဖြင့် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေး၊ အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ်လျက” ဟူ၍ ရေးသားထားချက်သည် ဗြောင်လိမ် ထားသည့် မုသားဝါစာမျှသာ ဖြစ်နေပါတော့သည်တကား။

တစ်နည်းအားဖြင့်ဆိုရလျှင် ယခုကောက်နုတ်ထုတ်ယူပြအပ်သော၊ စာမျက်နှာ(၃) အစရှိသည်တို့၌ ပါရှိနေသော ၄င်း၏စာသားများက သံဃာထုစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမည့် အသုံးအနှုန်းများချည်း ဖြစ်နေပါပြီ။ သာသနာတော်ကြီး ပြိုကွဲပျက်စီးစေရေးသို့ ရှေးရှုထားသော မရိုးမသား စိန်ခေါ်စကားများချည်း ဖြစ်နေပါပြီ။

အမေးနှင့်အဖြေ(၃)

ရိုးသားမှုကိုမရောင်းလင့်
ဆုံးမပုံကောင်း၊ ရှေးသူဟောင်းတို့
ရိုးကြောင်း ဂုဏ်တင်၊ ရှေးပုံပြင်ဝယ်-
ချိန်ခွင်တည်ကာ၊ တစ်ဖက်မှာ၊ ကောင်းစွာ ရိုးသားခြင်း။
တစ်ဖက်တွင်းမှာ၊ မြေကမ္ဘာ၊ ကမ္ဘာမြေက ပေါ့လေခြင်း။
ချိန်ခွင်တည်ကာ၊ တစ်ဖက်မှာ၊ ကောင်းစွာ ရိုးသားခြင်း။
ကမ္ဘာမြေနှင့်၊ ကျောက်-သံ ဆင့်၊ မြေနှင့်ဘက်က ပေါ့လေခြင်း။
ချိန်ခွင်တည်ကာ၊ တစ်ဖက်မှာ၊ ကောင်းစွာ ရိုးသားခြင်း။
မြေ-သံ အပြင်၊ သက်ရှိ တင်၊ မြေပြင်ဘက်က ပေါ့လေခြင်း။
ရိုးသားခြင်းက၊ ဂုဏ် ပြည့်ဝ၏
သူမှ ပြန်ငြား၊ မရိုးသားကြောင့်
ကြီးမား ပြစ်ရှိ၊ အ-ဝီစိ၌
ကျဘိ ရှည်ကြာ၊ သူ့ခေါင်းမှာလျှင်
ကမ္ဘာမြေ ပိ၊ ကျောက် သံ ပိ နှင့်
သက်ရှိ ပိ ကာ၊ လေးရရှာ-ဟု
ရှေးခါ ဘိုးဘွား၊ ဆုံးမထားသည်
ရိုးသားမှုကိုမရောင်းလင့်။

အမေး။ ။ ၄င်းက ၄င်း၏စာအုပ်-စာမျက်နှာ(ဍ)တွင်- “အထူးသဖြင့် သာသနာတော်အတွင်း သံဃာ ထုစည်းလုံးညီညွတ်ရေး....အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ် လျက်” ဟူ၍ ရေးသားပြသထားသည်။

၎င်းစာသားများက ၄င်း၏ရေးသားချက်အတိုင်း သံဃာထုစည်းလုံးညီညွတ်ရေးကို မည်သို့မည်ပုံ အကောင် အထည်ဖော်နိုင်မည်နည်း။ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးကို မည်သို့မည်ပုံ အကောင်အထည်ဖော်နိုင် မည်နည်း။

ဖော်ပြပါရည်ရွယ်ချက်ပြစကား ၂-လုံးဖြင့် ၄င်းက ပြလိုသည့်မြင်ကွင်းမှာ “မစိုးရိမ်စာသင်သားသည် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးနေသူ ဖြစ်သည်- သံဃဘေဒကပုဂ္ဂိုလ် ဖြစ်သည်။ မစိုးရိမ်စာသင်သားသည် အမျိုးပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- အမျိုးဖျက်သူ ဖြစ်သည်။ ဘာသာ ပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- ဘာသာဖျက်သူ ဖြစ်သည်။ သာသနာတော်ပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- သာသနာဖျက်သူ ဖြစ်သည်”ဟူ၍ ဖြစ်ပါသည်။

၎င်းပြပေးထားသည့်အမြင်အတိုင်း စာရှုသူတို့က မြင်ကြသည်- မမြင်ကြသည်မှာ စာရှုသူတို့အပေါ်တွင်သာ မူတည်ပါသည်။ ၄င်းက မြင်စေလိုသည့်အတိုင်း မြင်နေသူများလည်းရှိနိုင်သည်။
၎င်းကမြင်စေလိုသည့်အတိုင်း မမြင်သူများလည်း ရှိနိုင်သည်။

သို့မဟုတ် ပြောင်းပြန်မြင်သူများလည်း ရှိကြလိမ့်ဦးမည်။ အဘယ်သို့ပြောင်းပြန်မြင်သနည်းဟူမူကား- အရှင်ထာဝရအမည်ခံသူ ၄င်းသည် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးနေသူ ဖြစ်သည်- သံဃဘေဒကပုဂ္ဂိုလ် ဖြစ်သည်။ အရှင်ထာဝရအမည်ခံသူ ၄င်းသည် အမျိုးပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- အမျိုးဖျက်သူ ဖြစ်သည်။ ဘာသာပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- ဘာသာဖျက်သူ ဖြစ်သည်။ သာသနာတော်ပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- သာသနာဖျက်သူ ဖြစ်သည်ဟူ၍ မြင်သူများလည်း ရှိကြလိမ့်မည်။

ကိုယ့်အမြင်ကို ပညာရှိများအလယ်တွင် ပိဋကတ်စံဖြင့် တိုက်ဆိုင်ညှိနှိုင်းနိုင်ရန် ပေါ်ပေါ်ထင်ထင်ထွက်၍ စိစစ်ခံစေလိုပါသည်။

အဖြေ(၁)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၁၃-၁၄)တို့၌ “ထို့ကြောင့် ပရဝါဒီတို့၏” ကြားရင်းနာရင်း သောတာပန်တည်တယ် ဆိုတဲ့ စကားဟာ လုံးဝမှားနေပါတယ်။ ဘုရားလက်ထက်ကလဲ သောတာပန်မတည်ခဲ့ကြဘူး” ဟူသောစကားတို့သည် သာသနာ့ဗာဟိရပုဂ္ဂိုလ်တို့၏ အမှားစကားသာလျှင် ဖြစ်ပါသည်။

“သို့ပါ၍ ပရဝါဒီ၏ ” ဘုရားလက်ထက်ကလည်း သောတာပန်မတည်ခဲ့ဘူး, စသောစကားတို့သည် အမှားသာ ဖြစ်၏” ဟူ၍ ရေးသားပြသထားပါသည်။
ထိုစကား ၂-ရပ်၏မမှားပုံကို ရှေ့တွင် ရှင်းလင်းပြခဲ့ပြီး ဖြစ်ပါသည်။ သို့ပါလျက် “ထိုစကားရှင်သည် သာသနာ့ ဗာဟိရကပုဂ္ဂိုလ်(သာသနာ့ပြင်ဘက်ကသတ္တဝါ)ဖြစ်သည်” ဟုဆိုလိုက်လျှင် အဆိုခံရသူက ယင်းစကားအတိုင်း မှားနေသူမဟုတ်ခြင်းကြောင့် “ဆဲတတ်သူ ၄င်း၏ စကားစုသည် ဆဲတတ်သူ၎င်းထံမှာပင်” ဝင်ကပ်နေလျက် ရှိပါ သည်။ ထို့ကြောင့် ၄င်းသည်သာလျှင် “သာသနာ့ဗာဟိရကပုဂ္ဂိုလ်” ဖြစ်ပါတော့သည်။ သာသနာ့ဗာဟိရကပုဂ္ဂိုလ်များနှင့် အသွားအပြန် ဆက်ဆံရသည့် ဝေဖန်ရေးဆရာဘဝကို ဝဋ်ကဲ့သို့ပင် မှတ်ယူချင်လာပေတော့သည်။

အဖြေ(၂)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၁၅-၁၆)တို့၌ “ပရဝါဒီတို့က ဘုရားတရားကို နာယူသူတို့မှာ မှတ်မိရုံသာ။ ပဋိဝေဓဥာဏ် မဖြစ်ဟု ဆိုထားပါလျှင် “ဒေသနာဝသာနေ သောတာပတ္တိဖလေ ပတိဋ္ဌဟိံသု။ ဒေသနာဝ သာနေ ဗဟူ သောတာပတ္တိဖလာဒီနိ ပါပုဏိံသူ-တိ။” အထက်ပါ တရားစကားတို့ကို ပြက်ရယ်ပြုရာ ရောက်ပေတော့မည်။ ယင်းစကားရပ်များ အဋ္ဌကထာများစွာတို့၌ မြောက်မြားစွာ တွေ့ရှိရသည်” ဟူ၍ ရေးသားပြသထားပါသည်။

ထိုစကားစုတွင် မူလစကားရှင် ဝိဘဇ္ဇဝါဒီ၏ အဆိုသည် မမှားချေ။ မမှားကြောင်းကို အမေးနှင့်အဖြေ(၂) အခန်း အဖြေ(၉)စသည်တို့မှာ ကျယ်ကျယ်ပြန့်ပြန့် စစ်ပြခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဝိဘဇ္ဇဝါဒီက အဋ္ဌကထာ စကားတို့ကို ပြက်ရယ်ပြုသည် မမည်ချေ။
၎င်းသည်သာလျှင် စာကို မမြင်ဘဲ တလွဲယူကောက်ပြီး ရေးသားပြသလိုက်သည့်အတွက် ၄င်း၏ ကောက်ကျစ် နေခြင်းသာဖြစ်ကြောင်း ပေါ်လွင်လာပါသည်။

အဖြေ(၃)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၃-၄)တို့၌ “စာရေးသူသည် သူတို့ရေးသော(ပ) မိမိကိုယ်ကိုယ် ကို ချီးကျူးအမွှမ်းတင်မှု အတ္တုက္ကံသနတွေများပြီး သူတပါးကို ကဲ့ရဲ့နှိမ့်ချမှု ပရဝမ္ဘနစကားရပ်များသာ (ပ) ခံယူထား ကြသည်” ဟူ၍ ရေးသားပြသထားပါသည်။

၎င်း၏ဖော်ပြပါရေးသားချက်သည် ဘိက္ခုဓမ္မပိယ၊ နန်းဦး(တမ္ပဝတီ)၊ ဝိဘဇ္ဇဝါဒီ၊ မစိုးရိမ်စာသင်သားတို့ကို စာရှုသူတို့က အလေးမထားနိုင်အောင် ရေးပြချက်များသာ ဖြစ်ပါသည်။ ယခု ပေါ်ပေါက်နေသည့် အငြင်းပွားမှုများနှင့် ပတ်သက်မှု လုံးဝမရှိချေ။ ဘောင်မဝင်သောစကားများဟု ဆိုလိုပါသည်။

သို့သော် အံ့ဩဖွယ်ရှိသည်မှာ “မိမိကိုယ်ကိုယ်ကို ချီးကျူးအမွှမ်းတင်မှု အတ္တုက္ကံသနတွေများပြီး သူတစ်ပါးကို ကဲ့ရဲ့နှိမ့်ချမှု ပရဝမ္ဘနစကားရပ်များသာ” ဟုဆိုသော်လည်း စာရေးသူ ၄-ဦးတို့၏ မိမိကိုယ်ကိုယ်ကို ချီးကျူးအမွှမ်းတင်မှု အတ္တုက္ကံသနတွေများပုံပြစာပိုဒ်မျိုးကို တိတိကျကျ ထုတ်ပြပေးနိုင်ခြင်း မရှိချေ။

စာရေးသူ ၄-ဦးတို့၏ သူတပါးကို ကဲ့ရဲ့နှိမ့်ချမှု ပရဝမ္ဘနစကားရပ်များပုံပြစာပိုဒ်မျိုးကိုလည်း တိတိကျကျ ထုတ်ပြနိုင်ခြင်းမရှိပေ။ အသားလွတ်ပြော-ပြောနေခြင်းသာ ဖြစ်နေပါသည်။ သတိပြုသင့်ပါပေသည်။

၎င်း၏ မိမိကိုယ်ကိုယ်ကို ချီးကျူးအမွှမ်းတင်မှု အတ္တုက္ကံသနစာပိုဒ်နှင့် သူတပါးကို ကဲ့ရဲ့နှိမ့်ချမှု ပရဝမ္ဘနစကား ရပ်ကိုမူ စာရေးသူမစိုးရိမ်စာသင်သားက တိတိကျကျ ထုတ်ပြပေးလိုက်ပါဦးမည်။ ကြည့်ပါ။

၎င်း၏အတ္တုက္ကံသနပြစာပိုဒ်

အဖြေ(၄)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၅)၌ “ဤနေရာ၌ အထူးပြုတင်ပြလိုသည်မှာ ယင်းဓမ္မကထိက ဆရာတော်များဟော တရားအားလုံးကို မှန်သည်ဟု မဆိုသာပါ။ ပုထုဇဉ်အလျောက် အရွေးအကောက်များ အနည်းငယ် တိမ်းပါးချွတ်ချော်မှုများ ရှိနိုင်ပါသည်။ အကယ်၍ အမှားအယွင်းတွေ့သည်ရှိသော် စုပေါင်းဝိုင်းဝန်းညှိနှိုင်း အဖြေရှာ၍ သူတော်ကောင်းစိတ်ဓာတ် အမှန်ဖြင့်သာ ပြုပြင်သင့်ပါ၏” ဟူ၍ ရေးသားပြသထားပါသည်။

မှတ်ချက်။ ။ဤစာပိုဒ်သည် ၄င်းကို ၄င်းက သူတော်ကောင်းအသွင် ထင်မြင်စေချက် ဖြစ်နေပါသည်။ သို့သော် ၄င်းမှာ စာပိုဒ်ထဲကအတိုင်း စိတ်နေစိတ်ထားရှိလျှင် “မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်” စာမူသည် ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အလုပ်တခြား အပြောတခြားအားဖြင့် ကိုယ့်ကိုယ်ကို သူတော်ကောင်းဟန် ကို ခြုံထားလိုက်ခြင်းသာ ဖြစ်တော့သည်။ အတ္တုက္ကံသနကထာမျှသာ ဖြစ်သည်-ဟု မှတ်။


၎င်း၏ပရဝမ္ဘနပြစာပိုဒ်

အဖြေ(၅)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၅)၌ “ပထမနိဗ္ဗာန်စာအုပ် ၃၈ ရှိ ” ဒေသနာနုသာရေန ဥာဏံ ပေသေတွာ သောတာပတ္တိဖလေ ပတိဋ္ဌိတော= ဟောအပ်သော ဒေသနာအစဉ်ကို ဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်လို့ သောတာပန်တည်တယ်” ဟု တပေါင်းတည်း မပြောဘဲ တရားဟောတရားနာခြင်းတို့ကို အပြစ်တင်ကဲ့ရဲ့လိုမှုကြောင့် သီးခြားစီ ခွဲထုတ်ပြခြင်းမှာ ရိုးသားသော စေတနာအမှန် မဖြစ်နိုင်ပေ” ဟူ၍ ရေးသားပြသထားပါသည်။
မှတ်ချက်။ ။ ၄င်း၏စာအုပ်၊ စာမျက်နှာ(၅)ပါစကားစုသည် ပရဝမ္ဘနကထာ ဖြစ်ပါသည်။

+ + +

၎င်း၏စာအုပ်-စာမျက်နှာ(စ-ဆ)တို့၌ “သူတို့အနေနှင့် လူအများစုလက်ခံကြည်ညိုသော ဆရာတော်များကို မယှဉ်ဝံ့ရကား ဆင်ကိုဆင်ချင်းတိုက်- ကျားကိုကျားချင်းတိုက်ဆိုသောမူအရ သာသနာတော်ထဲမှ ပရိယတ္တိအထိုက် အလျောက် တတ်ကျွမ်းနားလည်သူ ရဟန်းအချို့၊ သီလရှင်အချို့ကို ဆရာမွေး၍ နိုင်ငံကျော်ဓမ္မကထိက ကမ္မဋ္ဌာနာစရိယ စသော ပရိသတ်အများစု အထင်ကြီးလက်ခံကိုးစားထားကြသည့် ဆရာတော်များကို ပစ်မှတ်အဖြစ် ပစ်ခတ်ထိုးနှက်ရန် သွေးထိုး စည်းရုံး ရန်တိုက်ခဲ့ကြပါသည်ဘုရား။

“သူတို့၏ ဆရာမွေးစီးပွားရှာရည်ရွယ်ချက်လည်း အသင့်အတင့် အောင်မြင်သည်ဟု ဆိုရပါမည်ဘုရား။ သူတို့ ရရှိသောငွေကြေးအမြတ်အစွန်းမှာလည်း သာသနာတော်၏ ဂုဏ်သိက္ခာပွန်းပဲ့တိုက်စားရာမှ ရရှိဖြစ်ပေါ်လာသော အမြတ်အစွန်းတို့သာ ဖြစ်ပါသည်။

“အမှန်မှာ အာဇီဝဟေတု အကောင်းအဆိုး မခွဲခြားဘဲ နာမည်ကြီးဆရာတော်တို့ကို ဗုဒ္ဓဘာသာဝင်အများစု အပြင် အခြားဘာသာဝင်တို့ကပင် သို့လောသို့လော တွေးတောဒွိဟ သံသယဖြစ်ကာ သာသနာတစ်ရပ်လုံးအပေါ် အယုံအကြည်မရှိ အရှိန်အစော်ကင်းမဲ့ပြီး ယင်းတို့မဂ္ဂဇင်း စာအုပ်များ လူထုကြားသို့ စိမ့်ဝင်ပြန့်ပွား ရောင်းအားကောင်း ရေးအတွက်သာ ယုတ်ညံ့သောရည်ရွယ်ချက်တို့ဖြင့် လုပ်ဆောင်နေကြသော သာသနာ့အဖျက်သဘောဆောင် လုပ်ရပ် များပင် ဖြစ်ပါတော့သည်ဘုရား” ဟူ၍ ရေးသားပြသထားပါသည်။

မှတ်ချက်။ ။၎င်း၏စာမျက်နှာ(စ-ဆ)ပါစကားစုများအားလုံးသည် ပရဝမ္ဘနကထာ ဖြစ်ပါသည်။ “သူတို့အနေနှင့်” ပုဒ်မှာ သူတို့ဟူသည် “မဂ္ဂဇင်းအယ်ဒီတာများ” ကို ဆိုလိုပါသည်။
မဂ္ဂဇင်း ၄-စောင်တို့သည် ဗုဒ္ဓသာသနာ အကျိုးအတွက် မှန်ကန်သောသဘောထားဖြင့် ဆက်လက်ရပ်တည်ပြန့်ပွားနေကြောင်း ကြေညာပေးလိုက်ပါရစေ။
လေ့လာကြည့်နိုင်ပါသည်။

+ + +

၎င်း၏စာမျက်နှာ(ဆ)၌ “စင်စစ် ယင်းမဂ္ဂဇင်းတိုက်ပိုင် စီးပွားရေးသမားတို့သည် ပရိယတ်စာပေကို အနည်း အကျဉ်းမျှ သင်ကြားတတ်မြောက်သူများ မဟုတ်ကြသလို သာသနာနှင့်ပတ်သက်သည့် စွမ်းဆောင်ရည်သမိုင်းမှတ်တမ်း ဆို၍ ဘာတစ်ခုမှ ရှိခဲ့ကြသူများ မဟုတ်ပါဘူးဘုရား” ဟူ၍ ရေးသားပြသထားပါသည်။

မှတ်ချက်။ ။၎င်း၏စာမျက်နှာ(ဆ)ပါစကားစုသည် ပရဝမ္ဘနကထာသက်သက်သာ ဖြစ်ပါသည်။ “သာသနာနှင့်ပတ်သက်သည့် စွမ်းဆောင်ရည်” ဆိုတာ ဘာကို ခေါ်ဆိုပါသနည်း။ “သာသနာလာ တရားတော်တွေကို ဒဿနအသစ်တွေဖြင့် ရောမွှေပြီး စာအုပ်တွေထုတ်လုပ်ကာ မိမိ၏ ညီအစ်ကိုအစ်မနှမတို့အတွက် အလုပ်ပေး ထားခြင်းမျိုး” ကို ဆိုလိုပါသလား။ ယင်းသို့သော သာသနာရေးစွမ်းဆောင်ရည်ဆိုလျှင် အဆိုပါအယ်ဒီတာတို့မှာ ရှိကြဟန်မတူပေ။

နှစ်ဖက်စလုံးကို သေချာသိအောင် ထောက်လှမ်းစုံစမ်းကြည့်ပြီးမှ သေချာသိသောအသိဖြင့်သာ မိမိရရ ဆုံးဖြတ်တော်မူကြစေလိုပါသည်။
၎င်း၏စာမျက်နှာ(ဆ-ဇ)တို့၌ “အယ်ဒီတာဖြစ်သူတို့က ကုန်းချောစကားပြောပုံများ၊ လုပ်ဇာတ်ဆင်ပုံများ” ကို ယုံလောက်အောင် ရေးပြထားပါသည်။ စာများလွန်း၍ ကူးယူဖော်ပြခြင်းမပြုဘဲ ထားလိုက်ပါသည်။ မူရင်းမှာ ကြည့်နိုင်ပါ သည်။

သို့သော် ၄င်းစကားတို့တွင် “ကုန်းချောစကား” ဟုဆိုထားသည့် အယ်ဒီတာတို့၏စကားများသည် “အမှန်စကားများ” သာ ဖြစ်ကြောင်း ကျောင်းတိုက်များစွာသို့ ကိုယ်တိုင်လိုက်ပြီး လေ့လာကြည့်နိုင်ပါသည်။ မယုံလျှင် လေ့လာကြည့်ကြပါကုန်။

+ + +

၎င်း၏စာမျက်နှာ(ဇ-ဈ)တို့၌ “ဤသို့ဗုဒ္ဓ၏ ဥပဒေတော်ကို မလိုက်နာသည့်အပြင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ လမ်းညွှန်ချက်တို့ကိုပါ သွေဖည်လျက် ညီတော်နောင်တော် ရဟန်းအချင်းချင်း အစိတ်စိတ် ကွဲပြားစေရန် မလိုအပ်သော ထေရဝါဒသန့်ရှင်းရေး အဓမ္မဝါဒ ဖယ်ရှားရေး စသည့်ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အဖွဲ့အစည်း သီးခြားတည်ထောင်ခြင်း၊ ဂိုဏ်းဂဏဖွဲ့၍ ရန်စအပြစ်ရှာခြင်း စသော သံဃာ့စည်းလုံးညီညွတ်ရေးကို ပြိုကွဲပျက်စီးကြောင်းလုပ်ရပ်များ ဆောင်ရွက်နေကြပါသည်ဘုရား။ ယင်းလုပ်ရပ်တို့သည်ပင် မျက်မှောက်ခေတ်၏ ဘာသာရေးစိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပါသည်ဘုရား” ဟူ၍ ရေးသားပြသထားပါသည်။

မှတ်ချက်။ ။ ၄င်း၏စာမျက်နှာ(ဇ-ဈ)ပါစကားစုများသည် ပရဝမ္ဘနကထာအစစ် ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးကိုယ်တော်တိုင်က ဩဝါဒပေးတော်မူသည့် အတိုင်း လုပ်ကိုင်ထားသည့် ဆောင်ရွက်ချက်များကိုပင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လမ်းညွှန်ချက်တို့ကို သွေဖည်ကြောင်း ပြဆိုထားလေရာ “မဟာဟာသ” ဟုသာ သမုတ်ထိုက်ပါပေတော့သည်။

အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ်ရှားရေး အကျိုးဆောင်များက စီစဉ်သည့် “သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး သာရဏီယဩဝါဒကထာများနှင့် လျှောက်ထားလွှာများ” အမည်ရှိ စာအုပ်ကို လေ့လာကြည့်လျှင် သဘောပေါက်နိုင်စရာ ရှိပါသည်။

ထေရဝါဒသန့်ရှင်းရေး အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးလုပ်ငန်းများသည် တကယ်လိုအပ် နေသော လုပ်ငန်းများ အထူးသဖြင့် မြင့်မြတ်လှသော သာသနာရေး ဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း ကိုလည်း နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ကြီး၏ ဩဝါဒကထာများတွင် အလွန်ထင်ရှားစွာ မိန့်မှာထားတော်မူပါသည်။

ဪ သြော်...အရှင်ထာဝရအမည်ခံသူ ၄င်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး၏ ဩဝါဒကထာများကို “ဘာသာရေးစိန်ခေါ်ချက်”ဟု သတ်မှတ်ကြေညာဝံ့သူဖြစ်ခြင်းကြောင့် “နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးများကိုပင် စိန်ခေါ်ရဲသူ” လူစွမ်းကောင်း ရှင်စွမ်းကောင်း ဖြစ်ပေတော့သကိုး။ နောင်တွင် ဘုရားရှင်ကိုသော်လည်း စိန်ခေါ်ရဲလေလိမ့်ဦးမည်လား။

+ + +

၎င်း၏စာမျက်နှာ(ဈ-ည)တို့၌ “အမှန်မှာ (ပ)သတိချပ်သင့်ပါသည်ဘုရား” ဟူ၍ ရေးသားပြသထားပါသည်။
မှတ်ချက်။ ။ ၄င်း၏စာမျက်နှာ(ဈ-ည)ပါစကားစုများသည် ပရဝမ္ဘနကထာ ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ယင်းအကြောင်းအရာအတိုင်း တကယ်ဖြစ်နေသည်ဟု သက်သေခံမရှိခြင်းကြောင့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ထေရဝါဒဘာသာရေးခေါင်းဆောင်ဘုန်းကြီးတွေ မညီညွတ်သည် မဟုတ်ပေ။ အဓမ္မဝါဒီတွေ ရှိနေခြင်းသာ ဖြစ်ပါသည်။ အဓမ္မဝါဒီတွေရှိနေလျှင် ဤသို့ဤပုံ ဖြစ်ရသည်မှာ ထုံးတမ်းစဉ်လာ ဓမ္မတာသာ ဖြစ်ပါပေတော့သည်။

အထူးမှတ်ချက်။ ။ မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်-စာမူတစ်ခုလုံး အစမှအဆုံး တိုင်အောင် ပရဝမ္ဘနကထာများသာ များပါပေတော့သည်။ စာမျက်နှာတိုင်းမှာပင် “ပရဝါဒီ” ဟု အမည်တပ်၍ မစိုးရိမ် စာသင်သားအပေါ် အပြစ်မြင်စေရန် ရေးသားပြသချက်များကား ကူးထုတ်ပြနေစရာ မလိုပါပြီ။

အဖြေ(၆)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၁၉)၌ “သို့ဖြစ်ပါ၍ တရားနာခြင်းသည် ကာရဏူပစာအားဖြင့် တရားရနိုင်သည်။ အရေးကြီးသည်က ဓမ္မအစစ်ဖြစ်ဖို့ (ပ) အဓမ္မဝါဒီ၊ ဓမ္မမစ္ဆရိယဝါဒီ ဖြစ်ပေရော့မည်။ (ပ) တရားဟော တရားနာမှုသည် အပြစ်မဖြစ်။ (ပ) ဒိဋ္ဌိဇုကမ္မစသည်တို့ကို အပြစ်ဖွဲ့ခြင်းသည် နိဗ္ဗာန်ကို တားမြစ်သူသာ ဖြစ်ပေရော့ မည်။ (ပ) သာသနာတော် အကျိုးမဲ့စေရန် တမင်ရန်စောင်တိုက်ခိုက်ခြင်းမျိုးသာ ဖြစ်ပေသည်” ဟူ၍ ရေးသား ပြသထား ပါသည်။

၎င်းတွင် “ဓမ္မအစစ်မဖြစ်ခြင်းကြောင့် အဓမ္မဝါဒဖြစ်ကြောင်း စသည်ဖြင့် ဝေဖန်ခံရသည်” ဟုသာ မှတ်ပါလေ။ ရိုးသားမှုရှိဖို့ လိုပါသည်။
တရားဟောမှုတရားနာမှုသည် ဓမ္မဝါဒတရားဖြစ်လျှင် အပြစ်မရှိပါ။ အဓမ္မဝါဒတရား ဖြစ်နေ လျှင် ယခုဘဝမှာလဲ သံဃဝိနိစ္ဆယခုံရုံးမှာ အပြစ်ရှိသူအဖြစ် ထင်ရှားနိုင်ပါသည်။ နောင်ဘဝတွေမှာ လည်း အပါယ်လေးပါးအပြစ်များ ဖြစ်ပွားနိုင်ပါသည်။

အဓမ္မဝါဒ ဖော်ထုတ်တားဆီးသူများကို အဓမ္မဝါဒီ ဖြစ်သည်ဟုလည်းကာင်း၊ ဓမ္မမစ္ဆရိယဝါဒီ ဖြစ်သည်ဟု လည်းကောင်း၊ နိဗ္ဗာန်ကိုတားမြစ်သူ ဖြစ်သည်ဟုလည်းကောင်း၊ သာသနာအကျိုးမဲ့စေရန်-ရန်ပြုသူ ဖြစ်သည်ဟု လည်းကောင်း စွပ်စွဲပုတ်ခတ်ထားချက်များကား အသိဥာဏ်ရှိသူတို့ရှေ့မှာ ယုံကြည်လောက်သော စကားများ မဟုတ်။

အဖြေ(၇)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(င-စ)၌ “ဤကဲ့သို့ သာသနာ့အကျိုးစီးပွား စည်ပင်ထွန်းကား ပြန့်ပြောသာယာခဲ့သလို တစ်ဖက်မှလည်း သာသာကို ခုတုံးလုပ် စီးပွားရှာ စားသောက်နေသူတို့မှာလည်း လာဘ်နည်းပါး လာခဲ့သည်မှာ ဓမ္မတာသာ ဖြစ်ပါသည်ဘုရား။

“အထူးသဖြင့် မျက်မှောက်ခေတ် ဓမ္မကထိက ကမ္မဋ္ဌာနာစရိယ ဂန္ထကာရက ဆရာတော်များ၏ ဟောကြားသော တရားတော်များနာကြားခြင်း၊ ယင်းဆရာတော်တို့ ရေးသားပြုစုသော ကျမ်းစာအုပ်များကို ဖတ်ရှုလေ့လာခြင်းဖြင့် ဗုဒ္ဓဘာသာဝင်အများစုမှာ လက်ခံနှစ်ခြိုက် အကြိုက်တွေ့လာကြသည်ဖြစ်ရာ-အချို့အချို့သော ဘာသာရေးမဂ္ဂဇင်း ဂျာနယ်စာစောင်တို့မှာ စီးပွားရေးအရ ထင်တိုင်းမပေါက် ခရီးမရောက် ဖြစ်ခဲ့ရပါသည်။ (ပ) အကောင်းအဆိုးမခွဲခြားဘဲ နာမည်ကြီးဆရာတော်တို့ကို (ပ) မဂ္ဂဇင်းစာအုပ်များ လူထုကြားသို့ (ပ) သာသနာ့အပျက်သဘောဆောင်လုပ်ရပ်များပင် ဖြစ်ပါတော့သည်ဘုရား” ဟူ၍ ရေးသားပြသထားပါသည်။

၎င်းတွင် သာသာကို ခုတုံးလုပ် စီးပွားရှာ စားသောက်နေသူတို့ဟူသည်မှာ ဘယ်သူတွေဖြစ်သနည်း..။ နောက်ကြောင်းသမိုင်းများကို သေသေချာချာ စူးစမ်း ဝေဖန် သုံးသပ် ဆုံးဖြတ်သင့်ပါသည်။

“မဂ္ဂဇင်း” ဟူသည်မှာ “ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြတ်ပန်းရဂုံ၊ အနန္တဂုဏ်ရည်” တို့ကို ဆိုလိုကြောင်း သိရပါသည်။ ငြင်းလိုကလည်း ငြင်းနိုင်ပါသည်။
“အကောင်းအဆိုးမခွဲခြားဘဲ” ဟူသော စကားလုံးမှာ “ဘာမှ အဓိပ္ပာယ်မရှိသော စကားလုံး” သာ ဖြစ်သည်။ အကောင်းဖြစ်သော နာမည်ကြီးဆရာတော်များကို မည်သူတို့က မဂ္ဂဇင်းကနေ အပြစ်တင်နေနိုင်အံ့နည်း။ ယုံသင့်မှ ယုံထိုက်ပါသည်။

ကိုယ်ကိုယ်တိုင်လေ့လာပြီးမှ ယုံသင့်ရာကို ယုံမည်ဆိုလျှင် ထိုသူမျိုးအတွက် ဖော်ပြပါမဂ္ဂဇင်းများကို သာသနာရေးစာစစ်အဖွဲ့နှင့် နိုင်ငံတော်ဆိုင်ရာ ပြန်ကြားရေးစာစစ်အဖွဲ့တို့၏ ခွင့်ပြုချက်အရ လစဉ် ထုတ်ဝေ ပေးနေပါသည်။ တစ်ဖက်စကားနောက် ကောက်ကောက်ပါသူမျိုးအတွက်တော့ အပြစ်ကျစရာရှိလာလျှင် ထိုသူ့မှာပါ အပြစ်မလွတ် ဖြစ်တတ်ပါသည်။

အဖြေ(၈)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(ည)၌ “တပည့်တော် အချုပ်အားဖြင့် လျှောက်ထားတင်ပြလို သည်မှာ အထက်ပါ အကြောင်းအခြင်းအရာကိစ္စများကြောင့် တပည့်တော်တို့ တစ်ဦးတစ်ယောက်အစွမ်းဖြင့် မဟုတ်ဘဲ သံဃာထုတစ်ရပ်လုံး၏ စုပေါင်းစွမ်းအားဖြင့် ဒါယကာ ဒါယိကာမနှင့် နိုင်ငံတော်အစိုးရ၏ အကူအညီကိုပါ ရယူကာ ဘုရားတပည့်တော်တို့၏ အနီးစပ်ဆုံးမှာရှိသော အတွင်းရန် အလဇ္ဇီ အဓမ္မဝါဒီ အဝိနယဝါဒီတို့ကို အမြန်ဆုံး ဖယ်ရှား သုတ်သင်ရန် အချိန်တန်ပြီ ဖြစ်ကြောင်းနှင့် လက်ရှိအချိန်မှစ၍ အမြစ်ဖြတ်နှိမ်နင်းတော်လှန်ကြပါစို့” ဟူ၍ ရေးသားပြသထားပါသည်။

၎င်းစကားတို့တွင် အရေးအကြီးဆုံးမှာ “ဘုရားတပည့်တော်တို့၏ အနီးစပ်ဆုံးမှာရှိသော အတွင်းရန် အလဇ္ဇီ အဓမ္မဝါဒီ အဝိနယဝါဒီတို့ကို အမြန်ဆုံးဖယ်ရှားသုတ်သင်ရန် အချိန်တန်ပြီ” ဟူသောစကားစုသာ ဖြစ်ပါသည်။

၎င်းစကား၏ အရကောက်သရုပ်ကို တည့်တည့်ဖော်ပြခြင်း မရှိဘဲ နဝေတိန်တောင်လုပ်ကာ အဟုတ်ထင် စေခဲ့သည်။ သံဃာထု တစ်ရပ်လုံးကိုလည်း နဝေတိန်တောင် ဖြစ်စေခဲ့သည်။ ဒကာဒကာမတွေကိုလည်း ဝေဝေ၀ါးဝါး ဖြစ်စေခဲ့သည်။ အထူးအားဖြင့် အာဏာပိုင်အဖွဲ့အစည်း အကြီးအကဲများကိုပင် သံသယပွားစေခဲ့သည်။
နိုင်ငံတော်အစိုးရက ဘာကို ကူညီရမှာလဲ။ ဒကာဒကာမတွေက ဘာကို ကူညီရမှာလဲ။ သံဃာထုက ဘာကို ကူညီရမှာလဲ။ မေးလိုက်ပါပြီ။ ဖြေစမ်းပါဦး။
အဖြေမှာ “ဘုရားတပည့်တော်တို့၏ အနီးစပ်ဆုံးမှာရှိသော အတွင်းရန် အလဇ္ဇီ အဓမ္မဝါဒီ အဝိနယဝါဒီတို့ကို အမြန်ဆုံးဖယ်ရှားသုတ်သင်ရန် ကူညီကြပါ” တဲ့။ ဤအဖြေကတော့ “မဟာဟာသ” မဟုတ်တော့ပြီ။

သို့ဆိုလျှင်-

အမေး။ ။ အလဇ္ဇီဆိုသည်မှာ ဘယ်သူနည်း။ အဓမ္မဝါဒီဆိုသည်မှာ ဘယ်သူနည်း။ အဝိနယ ဝါဒီ ဆိုသည်မှာ ဘယ်သူနည်း။

အဖြေ။ ။ ၄င်းစာအုပ်-စာမျက်နှာ(၉၈/၁၁၂/ ၁၄၀/၁၉၆)တို့အရ “ပရဝါဒီမည်သော ကျွန်ုပ်မစိုးရိမ် စာသင်သား၊ သင် ပရဝါဒီ=တိတ္ထိဂိုဏ်းသား၊ ဝိဘဇ္ဇဝါဒီအမည်ခံ-မစိုးရိမ်စာသင်သားအမည်ခံ-အဓမ္မဝါဒီပုဂ္ဂိုလ်၊ မစိုးရိမ်စာသင်သား၏ အဓမ္မဝါဒ အဝိနယဝါဒ” ဟူ၍ ရေးသားပြသထားချက်အရ မစိုးရိမ်စာသင်သားနှင့် သဘောတူသူများကို ဆိုလိုပါသည်။
ဤအဖြေသည် မှန်သလော- မှားသလောဆိုသည်ကို စိစစ်ဆင်ခြင်ကြည့်သင့်ပါသည်။ ကောက်ကျစ်သော စိတ်စေတနာဖြင့် လုပ်ကြံထားသည့် မုသားဝါစာအဖြေမျှသာ ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် မစိုးရိမ်စာသင်သားနှင့် သဘောတူသူများက အလဇ္ဇီမဟုတ်ကြောင်း အစစ်ခံနိုင်ကြ ပါသည်။ အဓမ္မဝါဒီမဟုတ်ကြောင်း အစစ်ခံနိုင်ကြပါသည်။ အဝိနယဝါဒီမဟုတ်ကြောင်း အစစ်ခံနိုင်ကြပါသည်။

အကယ်၍ နိုင်ငံတော်အစိုးရထံမှ အကူအညီရရှိအောင် တောင်းဆိုနိုင်သည် ဖြစ်ငြားအံ့..။ ယင်းသို့ဖြစ်သည် ရှိသော် ...

မစိုးရိမ်စာသင်သားနှင့် သဘောတူသူများသည်-
အလဇ္ဇီများ ဖြစ်သည်-မဖြစ်သည် တစ်ချက်၊
အဓမ္မဝါဒီများ ဖြစ်သည်-မဖြစ်သည်တစ်ချက်၊
အဝိနယဝါဒီများ ဖြစ်သည်-မဖြစ်သည်တစ်ချက်၊
တိတ္ထိဂိုဏ်းသားများ ဖြစ်သည်-မဖြစ်သည်တစ်ချက်၊
ပရဝါဒီများ ဖြစ်သည်-မဖြစ်သည် တစ်ချက်၊
သာသနဗာဟိရက=သာသနာ့ပြင်ပသားများ ဖြစ်သည်-မဖြစ်သည်တစ်ချက်၊
သာသနာဖျက်များ ဖြစ်သည်-မဖြစ်သည်တစ်ချက်-

စသည်တို့ကို “နိုင်ငံတော်ရုပ်မြင်သံကြားအစီအစဉ် တိုက်ရိုက်ထုတ်လွင့်စေလျက်- နိုင်ငံတော်ပြန်တမ်းဝင် နိုင်ငံတော်ဥပဒေအတည်ပြုဖြင့် အစစ်ခံသွားမည်” ဖြစ်ကြောင်း အတိအလင်း ကြေညာချက် ထုတ်ပြန်ပေးလိုသည်။

ခွေမြီးကောက် ကျည်တောက်စွပ် (သို့မဟုတ်) No . 1 ရဲ့ ဂုဏ်ပုဒ်များ

$
0
0

ခွေမြီးကောက် ကျည်တောက်စွပ် ဆိုသော စကားပုံလေးကို မြန်မာလူမျိုးတိုင်း ကြားဖူးကြမည်ထင်ပေ၏။
အမြီးကောက်နေသော ခွေးကို ဖြောင့်စေချင်တဲ့အတွက်ကြောင့် ကျည်တောက်စွပ်ပေးသော်ငြား
ထိုကျည်တောက်ကို ချွတ်လိုက်သည့်အခါတွင် အမြီးသည် ကောက်မြဲကောက်သည်ဟု ဆိုလိုပါသည်။
ထိုစကားပုံလေးကို တီထွင်ခဲ့သော မြန်မာရှေးပညာရှိတို့သည် ယခုခေတ်အခါတွင် ပေါ်ပေါက်နေသော
သာသနာဖျက် အဓမ္မ၀ါဒီများအတွက်ရည်ရွယ်ပြီး ထိုစကားပုံလေးကို ဆိုခဲ့လေသလား ထင်မှတ်ရပေသည်။

မှန်ပေသည်၊ သာသနာဖျက် အဓမ္မ၀ါဒီ ပုဂ္ဂိုလ်များသည် သံဃမဟာနာယက ၀ိနိစ္ဆယ ဆရာတော်များ၏
ရှေ့မှောက်တွင် နောင် မလုပ်တော့ပါဘူးဟု ၀န်ခံကတိပြု လက်မှတ်ထိုးပြီး မိမိနေရာရောက်သည့်အခါတွင်
သူတို့၏၀ါဒကို စွန့်လွတ်ခြင်းမရှိဘဲ လုပ်မြဲဆက်လုပ်နေကြပေ၏။

ယခုလည်း ပေါ်ပေါက်လာပေပြီ တောင်တွင်း အညတရဘိက္ခု တဲ့၊ အွန်လိုင်းပေါ်မှာတော့ တော်တော်ပြန့်နှံ့နေပါပြီ
လွန်ခဲ့သည့် ၁ လပိုင်းလောက်ကတည်းက ကရင်ပြည်နယ်တွင် ပို့ချသောသင်တန်းခွေတို့ facebook နှင့်
အခြားသော web စာမျက်နှာများတွင် အများအပြားတွေ့ခဲ့ရပေပြီ။ နှစ်လပိုင်းတွင် သံဃနာယကမှ ခေါ်ယူစစ်ဆေးပြီး
နောင်မလုပ်ဖို့ ၀န်ခံလက်မှတ်များ ထိုးပြီးဖြစ်ပေသည်။

ဆက်မလုပ်ဘဲ ငြိမ်သွားပြီထင်တဲ့အတွက်ကြောင့် ၀န်ခံကတိပြုချက်များကို အွန်လိုင်းပေါ်သို့ မတင်ဖြစ်ခဲ့ပေ။
အခုတော့ အထင်အနဲ့အမြင် လွှဲချေပြီ၊ ကိုယ်တော်ချောက မြန်မာပြည်တွင်မကဘဲ ပြည်ပထိတောင်
ရောက်၍သွားပေပြီတကား။ တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုဒ္ဓဘာသာသာသနာကို စော်ကား ဖျက်ဆီးနေပေပြီ။
ဗုဒ္ဓဘာသာရဲ့ ဘာသာရေးခေါင်းဆောင်များဝတ်ရတဲ့ သင်္ကန်းတော်ကို ၀တ်ဆင်ပြီး
ဗုဒ္ဓဘုရားရှင် ချမှတ်ထားတဲ့ ၀ိနည်းဥပဒေကို လုံးဝလိုက်နာခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်းဆန့်ကျင်နေပေပြီတကား။
လူသေလူဖြစ် အဖွဲ့၏ အရိုက်အရာကို ဆက်ခံသူ ပီသပါပေ၏။ အာဂပုဂ္ဂိုလ်ပင်
မြတ်ဗုဒ္ဓသာ ရှိနေဦးမည်ဆိုလျှင် ဘွဲ့တွေတသီကြီးပေးပြီး ချီးမြင့်မှာ သေချာပေ၏။ ထိုဘွဲ့တို့မှာ .......

မောဃပုရိသ (အလကားကောင်)၊
ဂေါသီလ (နွားလိုနေတဲ့ကောင်)၊
ဂေါဝတ (နွားလိုကျင့်တဲ့ကောင်)၊
မိစ္ဆာတပ ( အကျင့်မှားတဲ့ကောင်)၊
မာယာတပ (လူတွေကို လိမ်နေတဲ့ကောင်)၊
ဝဉ္စနာတပ (လူတွေကို လှည့်စားနေတဲ့ကောင်) ဟူသော ဘွဲ့များဖြင့် ချီးမြင့်ပေလိမ့်မည်။

(ယခုတော့ ဘုရားရှင်မရှိတော့သည့်အတွက်ကြောင့် စာရေးသူကပင် ချီးမြင့်လိုက်ရပါသည်)
ထေရ၀ါဒရဟန်းတော်များသည် ဂန္ထဓူရ၊ ၀ိပဿနာဓူရနှစ်ခုသာ ကျင့်ကြံတော်မူပါ၏။
ဂန္ထဓူရသည် စာသင်စာချခြင်းဖြစ်၍ ၀ိပဿနာဓူရသည် တရားအားထုတ်၊ တရားဟောခြင်း ဖြစ်၏။
ထိုနှစ်ပါးမှလွဲ၍ အကသင်တန်းပေးခြင်း၊ ဗေဒင်ဟောခြင်း၊ ယတြာချေခြင်း၊ ဓာတ်ရိုက် ဓာတ်ဆင်
ဆေးကုခြင်းစသည်များသည် ထေရ၀ါဒရဟန်းတော်များ၏ အလုပ်မဟုတ်ပေ။
အလဇ္ဇီ ဒုဿီလများ၏ အလုပ်များသာဖြစ်ပေသည်။
ဦးဥတ္တမ (ကလောင်အမည် ရှင်ဣဒ္ဓိပါလ၊ အညတရဘိက္ခု) သည်ကား အကသင်တန်းပေးခြင်းသာမက
တားမြစ်ပိတ်ပင်ထားသော ဗုဒ္ဓဘာသာကို ဖျက်စီးထားသော လူသေလူဖြစ် ရှင်ဥက္ကဌ ၏ စာများကိုလည်း
ဖြန့်ဝေနေလိုက်သေး၏။ သို့အတွက် အလဇ္ဇီနှင့် ထိုက်တန်သောဘွဲ့များကို ချီးမြင့်လိုက်ရပေသည်။
(နည်းများ နည်းနေသေးလားတော့ မသိရပေ)

ဘုရားအလိုတော်နှင့် ဆန့်ကျင်တာကို
ဟောပြောနေတာ ကြားရရင်
ဘုရားတပည့်တိုင်းဟာ
ဘုရားဘက်က နေဖို့ အရေးကြီးတယ်။

(မဟာစည် ဆရာတော်ဘုရား)

အရှင်ဝရသာမိ
ဓမ္မဥပဒေပြန့်ပွါးရေး အသင်းချုပ်

No.1 ရှင်ဣဒ္ဓိပါလ ၏ ၀န်ခံကတိပြုချက်

$
0
0
သံဃနာယက ၀ိနိစ္ဆယ ဆုံးဖြတ်ချက် ၀န်ခံကတိပြုချက်
အပိုဒ် (င) တွင် ၀န်ခံကတိပြုချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ နှင့်
မြန်မာနိုင်ငံတော်အစိုးရ၏ တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းခံရပါမည်ဟု ဟု ပါရှိပါသည်။
သို့အတွက်ကြောင့် အထက်သို့သက်သေခံအဖြစ် တင်ပြနိုင်ရန် No.1 ရှင်ဣဒ္ဓိပါလ ၏ လှုပ်ရှားမှု့များ
ဖြန့်ဝေစာများ၊ ဗွီဒီယိုဖိုင်များ အစရှိသော ခိုင်လုံသော အထောက်ထားများရှိပါက
ဓမ္မဥပဒေ ပြန်ပွါးရေးအသင်းသို့ ပေးပို့နိုင်ပါသည်။

ဘလော့တွင် ပုံတင်ရ အဆင်မပြေသည့်အတွက်ကြောင့်
ဝန်ခံကတိပြုချက် မူရင်းကို http://dhammaanalysis.multiply.com/photos/album/13/13 တွင်
သွားရောက် ကြည့်ရှူနိုင်ပါသည်။


အရှင်ဝရသာမိ
ဓမ္မဥပဒေ ပြန့်ပွါးရေးအသင်းချုပ်

ခြင်္သေ့ လည်ပြန်

$
0
0

အဓမ္မ၀ါဒီများဖေါ်ထုတ်ဟန့် တားတဲ့  အသင်းလေးရယ်လို့  ဖြစ်လာတော့ အားပေးတဲ့ သူလဲ ရှိသလို ကန့် ကွက်ရှုံ့ ချတဲ့ သူတွေလဲ ရှိပါတယ်။
လောကဓံ တရားထဲ အ၀င်မို့ မဆန်းလို့ ပြောလို့  ရသလို အသင်းအနနဲ့ လဲ မိမိဦးတည်ရာကို လျှော့လိမ့်မယ်လို့ မဟုတ်ပါ ။
ဒါပေမဲ့  ခြင်္သေ့ လည်ပြန်ပေါ့လေ ။ ကန့် ကွက်ကြသူတွေ ဆဲဘာပေးကြသူတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ကြစို့  ။

@အုပ်စု ၁) အသင်းမှ အဓမ္မ၀ါဒီအဖြစ်ဖေါ်ထုတ် ခံရသူများနဲ့  အပေါင်းပါများ @
ဒီပုဂ္ဂိုလ်တွေကိုတော့  အထူးပြောစရာမရှိလို့ ဘဲ ဆိုပရစေ ။
နိုင်ငံတော်သီးခြားခုံရုံး အမှတ် ၂) လူသေလူဖြစ်ဝိနိစ္ဆယဆရာတော်များ မိန့် ကြားခဲ့သလိုပါဘဲ ။
မိမိဘာသာ ယူချင်တဲ့  အယူယူခြင်းသည် ခုံရုံးရောက်ကြောင်းမဟုတ် ။ ဗုဒ္ဓဘာသာလို့  အမည်ခံပြီး ဗုဒ္ဓဟောမြွက်တော်မူသော တရားတော်များနဲ့  ဆန့် ကျင်ဘက် ဟောကြားဖြန့် ဝေနေခြင်းသည်သာ အကြောင်းဖြစ်ပါတယ် ။
ဦးဥက္ကဋ္ဌဘာသာ ၊ ဦးဥာဏဘာသာ လို့ လွတ်လပ်စွာ ထူထောင်ကြပါက မိမိတို့ အနေနဲ့ ပါတ်သက်စရာမရှိပါ ။ ဗုဒ္ဓဘာသာလို့  ပါနေလို့ သာ မိမိတို့  ပါတ်သက်နေရတာပါ ။
ဒီနေရာမှာ တချက် ထောက်ပြလိုတာက မိမိတို့ အနေနဲ့ လဲ အရိယာများနဲ့  ဖွဲ့ စည်းထားတဲ့ အဖွဲ့ မဟုတ်လို့  အမှားလုံးဝကင်းမယ်လို့  မခံယူထားပါ ။ မိမိတို့ ရေးသားခဲ့ တဲ့  ဆောင်းပါ့းများမှာ အမှားပါတယ်ဆိုပါက ဘာကြောင့်မှားတယ်ဆိုတာကို ပါဠိတော် ၊အဋ္ဌာကထာဋီကာအကိုးအထောက်များနဲ့  ဖြေရှင်းနိုင်က မိမိတို့ အနေနဲ့  အမှားကို ၀န်ခံ တောင်းပန်ဘို့ အမြဲ အသင့်ပါ ။ ( ခုချိန်ထိတော့ အဲလိုဖြေရှင်းတာ မတွေ့ ရသေးဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သော ဆဲစာများသာ ၀မ်းနဲစွာတွေ့ နေရပါတယ် ။ )

@အုပ်စု၂) ဒီမိုကရေစိခေတ်ကြီးထဲ မင်းတို့ တွေထေ၇၀ါဒစည်းတွေ ကမ်းတွေ လုပ်မနေပါနဲ့  ။ ဟူမင်းရိုက်ဆိုတာ ငါတို့ ထင်ရာလုပ်ခွင့်ကွတဲ့  ။ @
အင်း ။ ဒီလူစုတွေအတွက်ကတော့ အသင်းနဲ့ ဆိုင်မယ် မထင်ပါဘူး နိုင်ဂံယေးဆြာကြီးတွေသာ သူတို့ လူသူတို့ ရှင်းရမှာပါ ။
ဒိသတင်းတိုလေးသာဖတ်ကြပါတော့ပြောရမလိုပါဘဲ ။
http://www.bbc.co.uk/news/uk-england-london-12159581

@အုပ်စု၃) ကိုယ့်ဆရာတို့ အော်နေတာလဲ အာညောင်းလှရော့မယ် ။ ကိုယ့်ဆရာတို့ အော်လို့  ဘယ်အဓမ္မ၀ါဒီမှ ပလိပ်ဖမ်းတယ်လဲ မကြားမိပါဘူး ။ ဒီတော့ လေကုန်ခံမနေပါနဲ့ @
ဒါကတော့ အသင်းနဲ့  ဥပဒေဆိုင်ရာ အဖွဲ့ အစည်းများကို ခွဲမမြင်တာပါ ။ အသင်းရဲ့ တာဝန်က အယူတခုဟာ ထေရ၀ါဒနဲ့  မကိုက်မညီဘဲ ဗုဒ္ဓဘာသအမည်ခံနေသော အယူများကို ထောက်ပြဘို့ သာဖြစ်ပါတယ် ။ အရေးယူခြင်းမယူခြင်းဟာ တည်ဆဲ ဥပဒေနဲ့  သက်ဆိုင်ရာ အဖွဲ့ အစည်းများနဲ့ သာဆိုင်ပါတယ်

@အုပ်စု၎) ကိုယ့်ဆရာတို့ ထေရ၀ါဒတိပိဋကတွေ နဲ့  ခုကိုးကားနေတဲ့  ဆဋ္ဌမူဟာ ဘယ်လောက်တိကျလို့ လဲ @
ဒါမှာတော့ သံဂါယနာဆိုတဲ့  သဘောကို သိပြီးသူတွေ ဒီအမေးမျိုးမမေးပါ။
တချက်ဘဲထောက်လိုတာက သီရိလင်္ကာ နဲ့  ထိုင်းဆရာတော်များဟာ စတုတ္ထသံဂါယနာ ပါဠိတော်များကို အဓိက သုံးဆဲပါ ။ မြန်မာကတော့ ဆဋ္ဌမူသုံးပါတယ် ။ ဒီမူ ၂ခုကို အင်္ဂလိပ်ပြန်နဲ့ မြန်မာပြန်များ အလွယ်တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ် ။ မိမိကိုယ်တိုင် ၆နှစ်မက အင်္ဂလိပ်မူရော မြန်မာမူပါ သုံးနေခဲ့တာမှာ ကွဲလွဲချက်ကြီးကြီးမားမားမတွေ့ မိပါ ။

@အုပ်စု ၅) ကွာ လူ့ ဘ၀တိုလှတဲ့ ထဲ မင်းတို့ တွေ သူများလိုက်ပြောနေ အချိန်ကုန်ပါတယ် ။ ကိုယ့်ဟာကိုယ်မဂ်ဖိုလ်ရအောင်လုပ်စမ်းပါ @
ဒါမှာ အပေါ်ယံကြည့်ရင်မှန်ပါတယ် ။ တကယ်လဲ အချိန်မရကြပါဘူး ။ ရဟန်းလဲ ရဟန်းကိစ္စ။လူလဲ လူကိစ္စနဲ့ ပါ ။ နောက်တချက်က သူများဝေဘန်မယ်ဆိုတဲ့ အလုပ်က မလွယ်ပါဘူး။ သူရေးတာ ပြောတာကို သဘောပေါက်တဲ့ ထိ အဖန်ဖန်ဖတ်ရနားထောင်ရပါတယ် ။ တခါမှားနေတယ်လို့  ယဆရင် ဘယ်လိုမှားလဲဆိုတာ ပါဠိတော်အဋ္ဌာကထာဋီကာ နဲ့  ရှာပြီးထောက်ရပါတယ်။ အဲလိုစုံပြန်တော့ ချရေးရ တင်ပြရပြပါတယ် ။ တင်ပြပြီးနဲ့ ပြီးသလားဆိုတော့ မဟုတ်ပြန်ပါ ။ မိမိတင်ပြခဲ့ တဲ့ အဆိုကို ထောက်ပြလာခဲ့သော် ပြန်လှန် ရှင်းပြနိုင်ဘို့  ပြင်ထားရပြန်ပါတယ် ။
ဒါဆိုရဘာလို့ လုပ်နေသေးလဲ ။ မေးစရာပါ ။
ရတနာ ၃ပါးဟာ မိမိတို့ ဘ၀မှာကျေးဇူးကြီးလှပါတယ် ။
ထိုကျေးဇူးကြီးလှသော ရတနာ ၃ပါးအ၀င်တရားတော်တွေကို ပြင်ဆင်လာ နောင်လူတွေအထင်မှားအောင်လုပ်လာတဲ့  အခါ ငါနဲ မဆိုင်ပါဘူးလို့  ထိုင်ကြည့်နေမယ်ဆို ရပါတယ်။ ဒါပေမဲ့  မိမိတို့  ဘ၀မှာကျေးဇူးများလှတဲ့  တရားတော်တွေ နှောင်းလူတွေ အကျိုးမခံစားရတော့မဲ့ အနေကို လက်ပိုက်ကြည့်မယ်လို့  တွေးမိတိုင်း အရှင်မဟာကဿပကစလို့  ပျံလွန်တော်မူသွားပြီဖြစ်တဲ့  မြောင်းမြဆရာတော်ဘုရား ဦးဥာနက နဲ့  မကွေးဆရာတော်ဘုရားတို့ ရဲ့  ကျေးဇူးဂုဏ်ကို သတိရလို့  သူတို့ မျက်နှာတော်ထောက်ရမယ်ဆိုတဲ့  အသိက အမြဲဝင်ဝင်လာပါတယ်။ ဒီကိုယ်တော်ကြီးများ သာကြောင့်ကြမဲ့ နေခဲ့သော် ငါတို့ တွေ ဘုရားရှင်နှုတ်ခပါတ်တော်ကို နာနိုင်မယ်မဟုတ်ဆိုတဲ့ အသိလေးကြောင့် သားကျွေးမှုမယားကျွေးမှု ၊ ပညာရေး ၊ လူမှုရေး အလုပ်တွေကြားက ရသမျှရေးဖြစ်ညှစ်ရေးနေခဲ့ တာဖြစ်ပါကြောင်း

ဓမ္မအဓမ္မ

$
0
0
၁) မဟာယာနပေါ် သဘောထား
၂) ထေရ၀ါဒမှာ ဘုရားဟောမဟုတ်တဲ့  ကျမ်းစာပါလား
၃) ဗုဒ္ဓဟောမြွက်တော်မူသော သုတ်၊၀ိနည်း အဘိဓမ္မာထဲမှာ ခေတ်နဲ့  မညီလို့ ဆိုပြီး ပြောင်းစရာပါလား
အဲလို ၃ချက်ထွက်ပါတယ်
အဲကနေ တဆက်ထဲ နွယ်လာတာက ဗုဒ္ဓဘာသာဟာ အလွန်လွတ်လပ်ပါတယ် ။ ဒါပေမဲ့ စည်းကမ်းမမဲ့ ဘူးဆိုတဲ့  စကားလေးကို သဘောပေါက်နိုင်ဘို့ လိုပါတယ် ။
ကိုချမ်းငြိမ်းအမေးကိုလိုက်လို့  အစဉ်လိုက်စဉ်လိုက်ပေမဲ့  အဖြေကျတော့ နောက်ပြန်ပြန်ဖြေရပါ့မယ် ။
ပထမဆုံးအချက်ကတော့ ဗုဒ္ဓဘာသာဟာ လွတ်လပ်ပါတယ် ။ဘယ်လိုလွတ်လပ်လဲဆိုတော့ ဘယ်သူမှ လာပြီး ဗုဒ္ဓဘာသာကို ယုံကြည်ရမယ် မယုံ ငရဲချမယ်လို့ မကန့် သတ်ပါ ။ ထို့ အတူ ဗုဒ္ဓဘာသာ ၀င်ဖြစ်လို့  ဘာတွေလုပ်ရမယ်လို့ လဲ အတင်းအကြပ်မသတ်မှတ်ပါ ။
ဒါပေမဲ့ စည်းကမ်းမမဲ့ ဘူုးဆိုတာမှာ ပုဂ္ဂိုလ်တဥိး၊ အသင်းအဖွဲ့  တခုက လုပ်တဲ့  စည်းကမ်းမဟုတ်ဘဲ သဘာဝ စည်းကမ်းသာရှိပါတယ် ။ အဲစည်းကမ်းတွေတော့ ဖေါက်မရပါ ။
ဗုဒ္ဓဘာသာဝင်တယောက်ဟာ ဘုရားဖြစ်ချင်လား ။ ရပါတယ် ။ ဘုရားဆုကို ပန် ၊ ပါရမီ ၁၀ပါးကိုဖြည့် နိယတဗျာဒိတ်ခံ ၊ သတ်မှတ်တဲ့  ကာလ ပါရမီ ၁၀ပါး အပြား ၃၀ဖြည့် ဘုရားဖြစ် ။
အဂ္ဂသာဝက မဟာသာဝကဖြစ်ချင်လား ။ သာဝကဆုကိုပန် ၊ ပါရမီ ၁၀ပါးကိုဖြည့် နိယတဗျာဒိတ်ခံ ၊ သတ်မှတ်တဲ့  ကာလ ပါရမီ ၁၀ပါး အပြား ၃၀ဖြည့် ။ သာဝကဖြစ် ။
ဟာ ရှုပ်ပါတယ် ။ ခုဘ၀ဘဲ မဂ်ဖိုလ်ယူမယ်ကွာ ။ ရပါတယ် ။ လာခဲ့  ။ လူဆို သီလ၊ ရဟန်းဆို ၀ိနည်းလုံ ၊ ဒိဋ္ဌိကင်းစင်အောင် တရားနာ ၊ ကမ္မဋ္ဌာန်းယူ ၊ ၀ိပဿနာ အားထုတ် ၊ မဂ္ဂဋ္ဌာန် ဖလဋ္ဌာန်ဖြစ်
ကဲပါလေ ။ ခုဘ၀တော့ ပျော်သလိုလေးနေမယ် ။ နောက်ဘ၀မှ ကြည့်ရှင်းတာပေါ့ ဆိုသူများရပါသေးတယ် ။ လူဆို သီလလေးလုံ ၊ ရဟန်းဆို ၀ိနည်းလေးစား ။ (လေးစားဆိုတာ ကိုသေချာနားလည်စေချင်တယ်နော် ၂၂၇သွယ်သောသိက္ခါပုဒ်ကို တစက္ကန့် မှ မကျိုးရလို့  ဆိုတာ မဟုတ်ပါ ။ မတော်တဆကျိုးပေါက်ပါက ကုစားနည်းတွေရှိပါတယ် ။ မတော်တဆကျိုးပေါက်တာကို အပြစ်မဆိုပါ။ တမင်ချိုးဖေါက်တာနဲ့  ပစ်ပါယ်တာကျ မဖြစ်သင့်လို့ သာ ဆိုပါတယ် ။ ) ဒါဘဲ ။
ဒီအစဉ်လေးနဲ့  သွားတဲ့ သဘာဝစည်းကမ်းလေးကို ဘယ်သူမှ ဖေါက်မရပါ။ ဒီအစဉ်လေးအတိုင်းဘဲ သွားနေရပါတယ်
ရဟန်းဖြစ်လို့  ၀ိနည်းလုံရမယ်မဆို ၊ ဒါပေမဲ့  အရိယာဖြစ်လာရင်တော့ ၀ိနည်းကို အလွန်လေးစားပြီးလို့ နားလည်ရပါတယ် ။
( ပထမအချက်ပြီး၏)
ဗုဒ္ဓ၀ါစန မြတ်ဘုရားဟောကြားတော်မူသော ဓမ္မတို့ ကို သာမန်ခွဲရင် သုတ္တန် ၊ ၀ိနည်း ၊ အဘိဓမ္မာဆိုပြီး ၃ပိုင်းပိုင်းရပါတယ် ။
သို့ သော် ဒီ ၃ပိုင်းဟာ တခြားစီ သတ်သတ်စီမဟုတ်ပါ ။ သုတ္တန် နဲ့  ၀ိနည်းဟာ အဘိဓမ္မာရဲ့  principles တွေကို လက်တွေ့ အသုံးချတာဖြစ်လို့  အားလုံးဟာ အဘိဓမ္မာနဲ့  မလွတ်ပါ။
ထို့ အတူ သုတ္တန်တွေ ဟာ မြတ်ဘုရားက လက်ရှိတရားရထိုက်သော ဝေနေယျတို့ ကို လက်တွေ့ လိုက်နာနိုင်အောင်သင်ပြပေးတာမို့  လက်တွေ့ ကျင့်စဉ်တွေချည်းသာဖြစ်ပါတယ် ။ သို့ သော် ဒီနေရာမှာ တခုသတိထားရတာက တရားနာသူ ရဲ့  ပုဂ္ဂလစရိုက်ဖြစ်ပါတယ် ။ အရှင်စူဠပန် အရှင်ဗာရုလတို့ လို exceptional တွေလုပ်သလိုလိုက်လုပ်လို့ တော့မဖြစ်သေးပါ။ ဒီတော့ သုတ္တန်မှာ မိမိ နဲ့ နီးစပ်ရာကို ယူရပါတယ် ။ ဆဆက္ကသုတ္တန် ၊ ဓမ္မစကြာ၊ မဟာသတိပဋ္ဌာနသုတ္တန် စသော ဓမ္မဒိဋ္ဌာန်သုတ္တန်တွေဟာ လူများစုနဲ့  သင့်တော်တတ်ပါတယ် ။
ဝိနည်းကတော့ သံဃာ့အသက်မို့  ၀ိနည်းမလုံသေးဘဲ မဂ်ဖိုလ်ရဘို့ ဆိုတာ ( အထူးသဖြင့် သာသနာနှောင်းကာလ) မှာ အလွန်ခက်ပါတယ် ။
ဘုရားရှင်ဟာ ၀ိနည်းသိက္ခာပုဒ်များကို ထုတ်ရာမှာ အလွန့် ကို မျှတပါတယ် ။ မိမိတပည့်သားများ တရားရနိုင်အောင် သပ္ပါယမျှစေဘို့ သာ အဓိက ဦးတည်ပြီး ၂၂၇သွယ်သောစည်းကမ်းများကို ထုတ်တော်မူပါတယ် ။ မယုံကြည်သူများအနေနဲ့  ပါရာဇိက လေးတန်ကစလို့  ၂၂၇သွယ်သော သိက္ခါပုဒ်များကို တခုချင်း လေ့လာပြီး မတရားတာ တခုပါတယ်လို့ ထင်က ဆွဲပြနိုင်ပါတယ် ။
ဒီတော့ချုပ်ရင် သာသနာတော်မှာ မဂ်ဖိုလ်ရဘို့ ဥိးတည်သော ဗုဒ္ဓဘာသာဝင်တယောက်အဘို့  ဗုဒ္ဓ၀ါစနသည် ဘယ်ခေတ်မဆို ပြောင်းစရာပြင်စရာမရှိ ပြည့်စုံပြီးပါ ( ဒုတိယ လျှာရှည်ခြင်း နိဋ္ဌိတံ )
စောဒကတက်နေကျပြဿနာက မင်းတို့  ထေရ၀ါဒကလဲ ဘုရားဟော ၊ မဟာယာနကလဲ ဘုရားဟော ပြောနေပါလား ဆိုတဲ့ ငြင်းနေကျစကားပါ ။
ဒီပြဿနာကတော့ သာသနာဝင် သံဃာဂုဏ်ရည်ကို မလေးမြတ်သော သူများအတွက်ဖြေစရာမရှိပါ ။
လေးမြတ်သောသူများအတွက်ကတော့ စထဲက ဒီအမေးမပေါ်ပါ ။
သာသနာတော်မှာ ဆရာစဉ်ဆက်ဆိုတာ ရှိပါတယ် ။
ဘုရားရှင် လက်ထက်တော်ထဲက မဟာသာဝကကြီးတွေဟာ ဘုရားရှင် နှုတ်ခပါတ်တော်ကို နှုတ်တက်ရွရွ ရွတ်ဆို ထိန်းသိမ်းကြသလို ဘုရားရှင်ရဲ့  မူရင်း ၀စနနဲ့  သာဝကကြီးများရဲ့  ထပ်ဆင့် အကျယ်ဖွင့်ဟောတော်မူချက်တွေကို သီးခြား မရောရှက်စေဘဲဆောင်ခဲ့ ပါတယ် ။
ဒီလိုဆောင်ထားသော တရားတော်တို့ ကို တတိယသာဝကဖြစ်တော်မူသော မဟာကဿပကိုယ်တော်တိုင်ဦးဆောင်လို့  ဧတဒဂ်၅တန်ခံ ဘုရားရှင်ရဲ့  ညီတော် အလုပ်အကျွေးဖြစ်တော်မူသော အရှင် အာနန္ဒာ ၊ ၀ိနည်းဓိုရ် အရှင်ဥပါလိတို့ ပါဝင်တဲ့  ၅၀၀သော ရဟန္တာတို့ က သန့် စင် ထိန်းသိမ်းတော်မူခဲ့တာကို ပထမ သင်္ဂါယနာ ခေါ်ပါတယ် ။ ဒီအစဉ်အတိုင်းထေရ၀ါဒ စဉ်ဆက် ထိန်းသိမ်းလာလို့  ဆဋ္ဌ သင်္ဂါ ယနာတိုင်ခဲ့ ပါပြီ။ အလွဲအမှားကင်းစင်တယ်ဆိုတာကို အရင်တခါတင်ပြဘူးသလိုဘဲ ဆဋ္ဌမူ မြန်မာပြန်နဲ့  စတုတ္ထမူ အင်္ဂလိပ်ပြန်များ မကွဲလွဲတာက သက်သေပြနေပါတယ် ။ ဦးဥက္ကဋ္ဌတို့ ကစခဲ့သော အဋ္ဌကထာဆရာများကိ စွတ်စွဲချက်ကတော့ မကြာခဏပေါ်နေကျဖြစ်ပါတယ် ။ ဒါမှန်နိုင်သလားဆိုတာကို လေ့လာတော့ နမူနာ ပြစရာပုဂ္ဂိုလ်ကျော်တပါး ထွန်းတောက်ခဲ့တာ မမေ့စေချင်ပါ ။
ဓါးမကူးဆရာတော်လို့ တွင်ခဲ့သော တောင်ဖီလာဆရာတော် ဟာ အနောက်ဘက်လွန်မင်းက ပြည်မြို့ ကို ငါတိုက်တာမှာ ရှင်တဆူ လူတယောက်သာ ရ၏လို့  မိန့် ခဲ့ရတဲ့  ဆရာတော်ပါ ။ ဒီဆရာတော်ဘုရားဟာ မိမိပြုအပ်သော နိဿယထက်တိုကျဉ်းပြည့်စုံတဲ့  ရွှေဥမင်ဆရာတော်ရဲ့  နိဿယကို ကြည့်ပြီးနောက် နောက်လူတွေ နှလုံးမကွဲပြားရအောင် မိမိနိဿယကို မီးတင်ခဲ့ ပါတယ် ။
ဒါလေးဟာ ကျမ်းပြုဆရာတော်တွေရဲ့  မြတ်သော နှလုံးကို သက်သေပြုချက်လေးပါ ။ ( တတိယအချက်ပြီး)
ဒီတော့ ၀ိနည်းသိက္ခါပုဒ် ၂၂၇သွယ်ထင်ရှားရှိပါတယ် ။
ဘယ်ဟာ အကုသိုလ် ၊ ဘယ်ဟာ ကာမာဝစရကုသိုလ် ၊ဘယ်ဟာ သမထ ၊ ဘယ်ဟာ ၀ိပဿနာလို့  ထင်ရှားရှိပါတယ် ။ ဒီလို ထင်ရှားရှိပြီးအချက်တွေဟာ ဓမ္မဖြစ်ပါတယ် ။ ဓမ္မလမ်းကြောင်းက သွေဖီတဲ့  အယူ ဟောပြောချက်တွေ မှန်ရင် အဓမ္မ ( တရားမဟုတ် ) ဖြစ်ပါတယ်။
ဒီလိုအချက်တွေ ပေါ်လာရင် ဓမ္မ၀ါဒီတွေ အနေနဲ့  စိစစ်တင်ပြရပါတယ် ။ ဒီလိုတင်ပြတာဟာ လူကိုမုန်းလို့  နာမည်ကြီးချင်လို့ မဟုတ်ရပါ။ ဓမ္မလမ်းကြောင်းမသွေရအောင်ထောက်ရပြင်ရတာသာဖြစ်ပါတယ် ။
ဝိနိစ္ဆယဆိုတာ ဘုရားရှင်လက်ထက်ထဲက ရှိပါတယ်
အရှင်ယမက အယူလွဲတာကို အရှင်သာရိပုတြာက ၀ိနိစ္ဆယပြုပြီးလမ်းတည့်စေခဲ့ပါတယ် ။
အရှင်ဥပသေန စေတနာနဲ့ မှားသော အမှားကို မြတ်ဘုရားကိုယ်တိုင် ၀ိနိစ္ဆယပြု ၀ိနည်းတော်သတ်မှတ် လမ်းတည့်စေခဲ့ပါတယ် ။
နောင်ခေတ်မှာ သင်္ဂါယနာတင်သံဃာတော်ကြီးများရဲ့ ဂုဏ်ကိုတော့ ထပ်အမွှန်းတင်စရာမလိုတော့ထင်ပါတယ် ။
လယ်တီဆရာတော်ဘုရားဟာ ဆရာအစဉ်အဆက် လေးစားရသော သီဟိုဖြစ် ဋီကာကျော်မှ ဗုဒ္ဓ၀ါစနနဲ့  ကွဲလွဲချက်များကို ဋီကာမော်နဲ့ တည့်ခဲ့ ရသလို မဟာစည်ဆရာတော်ဟာလဲ ၀ိသုဒ္ဓိမဂ်ထဲက လွဲချော်ချက်များကို သူ့ ရဲ့ ဝိသုဒ္ဓိမဂ်မြန်မာပြန်မှာတည့်ခဲ့ရပါတယ်။
ခုနောက်ဆုံးလဲ ရဟန္တာလို့ ထင်ရှားသော မိုးကုတ်ဆရာတော်ကြီးရဲ့  ဟောပြောချက်များထဲက ပါဠိတော်နဲ့  ကွဲလွဲသော အချက်များနဲ့  လူများအကောက်အယူလွဲစေနိုင်သော အချက်များကို မိုးကုတ်ဝိနိစ္ဆယနဲ့  တည့်မတ်ပေးခဲ့ရတာ အများအသိပါ ။
(မဟာယာနပေါ်သဘောထားပေါ်လောက်ပြီထင်၏ )

လူသေလူဖြစ်နှင့် ၀ါဒနုဝါဒများ ၀ိနိစ္ဆယခေါ် ထေရ၀ါဒစွယ်စုံကျမ်းကြီး

$
0
0
မြန်မာကျူးပစ်ဖိုရမ် သာသနာပါလ မောင်နှမများမှ ဓမ္မဒါန ပြုသော
လူသေလူဖြစ်နှင့် ၀ါဒနုဝါဒများ ၀ိနိစ္ဆယခေါ် ထေရ၀ါဒစွယ်စုံကျမ်းကြီး
http://www.mediafire.com/?4cdibxca5lzdg73

အလွဲသံသရာ

$
0
0
တပည့်တော်တို့  ပြဿနာက အယူလွဲတွေပြန်ပြန်ပေါ်နေတာကို ရှင်းမနိုင်ဖြစ်နေတာဘုရား ။
အဲမှာတပည့်တော် လိုက်လို့ ရသလောက် ဖြစ်နေပုံက အယူလွဲတွေက ပေါင်းမြက်နဲ့  တူနေပြီး အယူလွဲတွေကို အားပေးနေတဲ့  လှူဒါန်းထောက်ပံ့နေတဲ့  လူတွေက မြေခံရေခံနဲ့ တူနေတာ သတိထားမိပါဘုရား ။
အဲဒီပြဿနာကို တပည့်တော်လိုက်ကြည့်တော့ တပည့်တော်တို့  ပညာရေးနဲ့  လူနေမှုစနစ်ဟာ အခြေခံတခုဖြစ်နေတာ သတိပြုမိပါဘုရား ။
တပည့်တော်တို့  ပညာသင်ကြားမှုကို ကြည့်ရင် ကုန်းဘောင်ခေတ် ကနေဘဲ စကြည့်ပါဘုရား ။ မိန်းကလေးတွေက သေစာရှင်စာတတ်ပြီးရောပေါ့ ဆိုပြီး ကျောင်းလွှတ်တာ မရှိသလောက်ပါဘုရား
ယောက်ျားလေးတွေကြည့်တော့ ၃စုကွဲသွားတာတွေ့ ရပါ့ဘုရား
ပထမများရာစု ( ၇၀ %) လောက်က ၇နှစ် ၈နှစ်သားလောက် ကျောင်းရောက် သင်ပုံးကြီးမင်္ဂလသုတ် ကုန်၊ သေခိယ ကျက် ၊ ၁၀နှစ်သားလောက် ကိုရင် တ၀ါလောက်ဝတ် ၊ လိင်ပြန်တာနဲ့  မိဘအလုပ်လယ်ထဲချောင်းထဲ တန်းဆင်းတော့တာပါဘဲဘုရား ။ သူတို့ အဘို့ က ကျောင်းက သင်တဲ့ စာဟာ ကျောင်းပြန်ရောက်ပြီး ဘာသာ တရားဆိုတာ ငယ်ဆရာ ရွာဦးကျောင်းဆရာတော် ခိုင်းတာ လုပ်ပြီးတာဘဲ လို့  သဘောထားပါ ဘုရား ။
ဒုတိယ အစု ( အနဲဆုံးအစု) ကတော့ ကိုရင်ဘ၀မှာ သဒ္ဒါ၊သင်္ဂြိုဟ်တက် ၊ ဆန်းသင် ၊ အဘိဓမ္မာလိုက် ပင်ကိုယ်ကလဲဥာဏ်ကောင်း ပါရမီလဲပါ။ မိဘကလဲ တတ်နိုင် (တတ်နိုင်ဆိုရာမှာ ပစ္စည်းလေးပါးထောက်ပံ့နိုင်ရုံမက ဒီသားတယောက်ရဲ့ လုပ်အားကို အဆုံးခံနိုင် ) ။ လို့  ရဟန်းဘောင်တက် ။ စာတတ်အကျော်အမော်ဖြစ်လာ။ ဒါပေမဲ့  ဒီရဟန်းတော်အကျော်အမော်များရဲ့ ဥာဏ်ကျက်စားရာဟာ နိဿယများ ကျမ်းကြီးများ ( စွယ်စုံကျော်ထင် အဖြေကျမ်းလို ) သာ ဖြစ်နေပြီး သာမန် လူထုနဲ့  အလှမ်းကွာနေပါဘုရား
တတိယအစုကတော့ မိဘကတတ်နိုင် ၊ လူလေးတွေကလဲ ထက် ၊ ကိုရင်ဘ၀ထဲက ဆေးကျမ်းဓါတ်ကျမ်းကစလို့  ဆင်မြင်းအတတ်ထိ လိုက်စားလာ ။လိင်ပြန်တော့ တခါ မြို့ စား ရွာစား မင်းပါးစိုးခွင် ၀င်ထွက် ပညာတွေတက်ရာက မင်းမှုဆက်ထမ်းလာပါဘုရား။ ဒီလူတွေဟာ ထက်မြက်တယ် ။ လောကီပညာစုံတယ် ဆိုသော်လဲ လောကုတ္တရာဗဟုသုတကျ ထင်သလောက်မပေါက်ပါဘုရား ။ သို့ သော် သူတို့  ဂုဏ်ကြောင့် လောကမှာတော့ ပြောသမျှ တင့်တယ်သယောင်ပါဘုရား.။
ဒီလိုရှိနေသော်လဲ ဆရာတော်များသြဇာကြီးနေတဲ့  လူ့ ပါတ်ဝန်းကျင်မှာ ဘာသာရေးပြဿနာ အကြီးကြီးမပေါ်ပါဘုရား ။
သို့ သော် ကိုလိုနီခေတ် ရောက်လာတော့ ပြဿနာ ကြီးလာပါဘုရား
ဒီမှာ ပထမအစုနဲ့  ဒုတိယအစု က အများကြီးမပြောင်းပါဘုရား ။ ဒုံရင်းဒုံရင်းပါဘဲဘုရား
တတိယအစုကျတော့ အရင်က ပွဲကျောင်းတက် ၊ မြို့ ဝန်ထံခစားဆိုတဲ့  ပညာရေးကနေ လောကဓါတ်ကျောင်းတက် ၊ ကောလိပ်ရောက် ဆိုတဲ့  ခေတ်ပညာရေးကို ကူးလာပါဘုရား ။ ဒါနဲ့ တပြိုင်ထဲဘဲ ကိုလိုနီခေတ်လူနေမှုသဘောကြောင့် ဆရာတော် သံဃာတော်များသြဇာကျလာတာနဲ့ ကြုံပါဘုရား ။
လောကဓါတ်ကျောင်းများရဲ့ သင်ကြားမှုဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနဲ့ ဝေးသထက်ဝေးလာပြီး လောကဓါတ်ကျောင်းထွက်တွေရဲ့  ဘာသာရေးဗဟုသုတရော ဆရာတော်သံဃာတော်များကို လေးမြတ်မှုပါ လျော့သထက်လျော့လာပါဘုရား ။
တချိန်ထဲမှာဘဲ ပထမအစု ဘုန်းတော်ကြီးကျောင်းကနေ လယ်ထဲ ချောင်းထဲရောက်တဲ့  အစုကလဲ နည်းသထက် နည်းလာပြီး လောကဓါတ်ကျောင်း တက်လာတဲ့  လူစုက ပိုများလာပါဘုရား ။
ဒီတင် ဗုဒ္ဓဘာသာရဲ့ အခြေခံလောက်တောင် သိမှတ်မိတဲ့  လူနည်းသထက်နည်းလာပြီး အမည်ခံရုံ ဗုဒ္ဓဘာသာတွေ ပေါများလာပါဘုရား ။ ဘာသာတရားကိုယ်ခံနဲတဲ့ အခါကျတော့ အလွဲ အမှားဟောတဲ့  ဆရာနဲ့  တွေ့ ရင် အမှန်အမှားခွဲခြားနိုင်မှုလဲလျော့လာပါဘုရား
တပြိုင်ထဲမှာဘဲ ဂုဏ်ကြီးသူ လောကီမှာအောင်မြင်နေတဲ့  ဒကာများရဲ့  အကြိုက်လိုက် အလိုက်အထိုက် ဟောရာကနေ ပါမှန်းမသိပါပြီး ကိုယ့်ဟာကိုယ် လွဲမှန်းမသိ လွဲရာကနေ ပိုပိုလွဲ ။ နောက်ဆုံးတော့ လက်ခုတ်တီးပေးတဲ့  ပရိဿတ်နောက် ကောက်ကောက်ပါအောင်လိုက်မိတဲ့  သံဃာတော်များလဲ ပေါများလာပါဘုရား ။
ဒီအခြေအနေမှာ လယ်တီဆရာတော်ဘုရား မာန်လည်ဆရာတော်ဘုရား ကျီးသဲဆရာတော်ဘုရားတို့ စလို့  လူထုထဲ ဗုဒ္ဓဘာသာ အခြေခံတွေ အယူမှန်တွေကို တည့်မတ်ဖြန့် ဖြူးပေးမဲ့  ဆရာတော်များစဉ်ဆက်မပြတ်ပေါ်ခဲ့  တည့်မတ်ပေးခဲ့သော်လဲ သူတို့  စာတွေကို နားမလည်နိုင် နားလည်အောင်မဖတ်နိုင်တဲ့  ပညာတတ်။လူရည်တတ် ဆိုသော ဒကာမိုက်များလောကမှာတော့ အယူလွဲ ကိုယ်တော်များ ဆက်လက်တွင်ကျယ်နေဆဲပါဘုရား ။
မျက်မှောက်ခေတ်မှာ ၁၉၈၀ကစခဲ့တဲ့  ၀ိနိစ္ဆယခုံရုံးများနဲ့  အယူလွဲများကို တည့်ခဲ့သော်လဲ ကျားကျားမီးယပ် လူစုတွေ ၊ နိုင်ငံရေးနဲ့  ဘာသာရေးမခွဲခြားနိုင်တဲ့  လူမိုက်တွေကြားမှာတော့ အမှန်တရားဟာ မထွန်းကားနိုင်သေးပါဘုရား
ဘုရားတပည့်တော် စာရှည်ကို ချုပ်ရရင်တော့ တပည့်တော်တို့ ရဲ့  အဓမ္မ၀ါဒီများကို ဖေါ်ထုတ်ဆန့် ကျင်ခြင်းဆိုတဲ့  လုပ်ငန်းသည် ရေဆန်လမ်းကို လျှောက်ရသလို ခက်ခဲနေဆဲပါဘုရား။
သို့ သော်မသိနားမလည်ခြင်းကို အခြေခံပြီး ဖြစ်လာတဲ့  ပြဿနာမို့  ခနိုးခနဲ့  စောင်းကာရွဲ့ ကြသော်လည်း သည်းခံပြီးသာ မှန်ရာကို ဆက်လက်တင်ပြ ဖြန့် ဖြူးကြရုံသာ ရှိပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား

ကြောက်လို့ သာ လုပ်နေပါသည်

$
0
0
ဘာသာတရားမှာ အမှားထောက်တဲ့  စာတွေ ရေးနေပြီဆိုရင် ပြဿနာ ရှိလာမယ်ဆိုတာ မသိမဟုတ် စောထဲက သိပြီးဖြစ်ပါတယ် ။
ဘာသာတရားလိုက်စားသူတွေကို ခွဲခြားလိုက်ရင်
၁) မူလကပင် ဆရာကောင်း နဲ့ တွေ့  လေ့လာမှုကလဲမှန်လို့ လမ်းဖြောင့်ပြီးသူများ ။။ ထိုလူစုအနေနဲ့  အမှားထောက်သောစာများကို လာလဲ မဖတ်တတ်ကြသလို စိတ်လဲ မ၀င်စားကြ။
၂) မူလကပင် ဆရာမှား၌ စွဲမြဲပြီးသူများ ။ ထိုလူစုမှာကား မိမိတို့ မပြောလေနှင့် သိကြားမင်း ဆင်းဟောတောင် သိကြားကိုဆဲမည့်သူများပင် ။
၃) ရောယောင်နောက်လိုက် ဝေလေလေများ ။ ဒီလိုလူများကတော့ ရေးထားသောစာကိုပင် အမြီးအမောက်တည့်အောင်မဖတ်တတ်ကြလေ ( ရီစရာ ထည့်ရေးရရင် မြန်မာသက္ကရာဇ် ၁၃၄၀လောက်မှာသေတဲ့ အယူလွဲ ဦးဥက္ကဌ နဲ့  မြန်မာသက္ကရာဇ် ၈၀၀ကျော်မှာ ပျံလွန်တော်မူရှာသော တောလားများအရေးများသည့် ပေလေးပင် ရှင်လေးပါးအ၀င် ရှင်ဥတ္တမကျော်ကိုတောင်ခွဲမသိသောသူများပါပေ ။ )
၎) အလွန်နဲလှစွာသော လူနဲစုလေးမှာ မူလအခံမညံ့ ၊ သဒ္ဓါတရားလဲရှိပါသော်လည်း ကံအလှည့်မသင့်သဖြင့် အဓမ္မ၀ါဒီများ၏ ညှို့ ချက်တွင် မိနေသောသူများပါပေ။ ထိုနဲလှစွာသော လူစုသာ ထောက်စာကို ဖတ်မိသောကြာင့် မိမိဆည်းကပ်မိသော တောင်ပို့ ၏ ဖွတ်ထွက်သော အဖြစ်ကို သိနိုင်ပေသည် ။
ထိုသောအခါမေးစရာကား ထို နဲလှစွာသော လူစုလေးအတွက် အဓမ္မ၀ါဒိအများ၏ ဆဲဆိုခြင်းကို ခံပြီး ဒီအလုပ်ကို ဆက်လုပ်နေသင့်သလောဟုပင် ။
မိမိတဦးအတွက် အဖြေကား ကြောက်လို့ ပင်လုပ်နေပါသည် ဟုသာ ။
ဘာကိုကြော့က်သနည်းဟူမူ
သွေးဝမ်းသွန်သော ဝေဒနာကြီး နှင့် ပရိနိဗ္ဗာန် ပြု အံ့ဆဲဆဲတွင် အရှင် သုဘဒ်၏ အယူလွဲကို တည့်ပေးခဲ့ သောမြတ်စွာဘုရား
သွေးအန်သော ဝေဒနာကြီးနှင့် ပရိနိဗ္ဗာန်ပြုအံ့ဆဲဆဲတွင် မယ်တော်ကြီး၏ အယူလွဲကို တည့်ပေးခဲ့ သော အရှင်သာရိပုတြာ
၁၃ပါးသော ဓုတင်ဆောင်လျက်က မိမိ၏ ကြီးရင့်လှသော ခန္ဓာဝန်ကိုမထောက်ဘဲ ပထမသံဂါယနာကို တင်တော်မူခဲ့သော အရှင်မဟာကဿပမှ စပြီး
ဦးဥက္ကဋ္ဌ၏ အဓမ္မ၀ါဒကို ရိုက်ချိုးခဲ့ သော ၀ိနိစ္ဆယခုံရုံး အမှတ် ၂ တွင် ဥိးဆောင်ခဲ့ ပြီး ခုခါ ခန္ဓာဝန်ချခဲ့ ပြီးဖြစ်သည့် မကွေးဆရာတော်နှင့် မြောင်းမြဆရာတော်အလည် ။
ယခုတိုင် သာသနာရန်ဆူးရန်ညှောင့်တို့ ကို တတ်အားသမျှ ရှင်းလင်းပေးတော်မူနေကြသော သံဃမဟာနာယက ဆရာတော်များ အမှူးရှိသော သံဃာတော်အရှ့င် သူမြတ်တို့ အဆုံးထိ တို့ ၏ ကျေးဇူးသစ္စာတော်ကို မျက်ကွယ်ပြုရမည်ကို အလွန်ကြောက်ပါသည် ။
ထို့ ကြောင့် အလွန်နည်းလှစွာသော အစုအဖွဲ့ လေးတခုသာ ကျေးဇူးရှိမည်ကို၎င်း ။ အင်အားမသေးလှသော အဓမ္မ၀ါဒီများ၏ ဆဲဆိုရန်မူခြင်းကို ခံရမည်ကို၎င်း သိသိကြီးနှင့်ပင် ထေရ၀ါဒသာသနာအတွင်း အလွဲ အမှား အဓမ္မ၀ါဒီများ ပေါ်နေသမျှ ဖေါ်ထုတ်နေမည်သာ

ထောက်ကြသဘ်ဆိုရာဝယ်

$
0
0
အလွဲထောက်ရာမှာ ဟောတဲ့ သူကို ပါစင်နယ် နာစေ မထောက်ပါ ။
အယူလွဲကိုသာထောက်ပါတယ် ။
အယူလွဲကို အမှားထောက် အမှန်ပြပြီးသာ ချေဖျက်နိုင်ပါတယ် ။
ပါစင်နယ်ထိခိုက်အောင်လုပ်ပြီး အယူလွဲ ကိုချေမရပါ။
ဥပမာ လူသေလူဖြစ် ကိုဘဲကြည့်ပါ ။
မူလဆရာကြီးသေလို့ ဘဲ အရိုးတောင်မြေသြဇာဖြစ်ပေါ့ ။ အယူလွဲက မသိနားမလည်သူတွေကြားပြန့် ပွားဆဲပါ ။
ဒီမှာ စာနဲ့  သေချာထောက်ထားတဲ့  သူတွေကို ပါစင်နယ်အချက်အလက် တခုမှ မပါပါ။ မယုံက စာတိုင်းကို အသေအချာကြည့်ပါ ။
သူတို့ ရဲ့ ဟောပြောချက်တွေကိုသာထောက်ပါတယ်
ဒီနေရာမှာ တချက်လေး ပြောစရာရှိပါတယ်
ဆရာပါရဂူနဲ့  ဆရာဦးအေားမောင်။
သူတို့ စာတွေဟာ ဘာသာပြန်စာတွေပါ ။
(ဆရာပါရဂူရဲ့  လူသေလူဖြစ်ဆရာကို အလွန်မတန်ချီးမြှောက်ထားတဲ့  ဟောပြောချက်ကလွဲရင် )
သူတို့ ပြသနာက မူရင်းရေးသူအာဘော်လား သူတို့ ကိုယ်ပိုင်အာလော်လား ရှင်းအောင်မလုပ်ခဲ့တဲ့  ပြသနာပါ ။ ဒါကြောင့် ခုတိုင်အောင် ရှုပ်နေတာပါ ။
ယှဉ်စဉ်းစားသင့်တာက ဆရာမြသန်းတင့်ပါ ။
ဆရာဟာ တော်လစတွိုင်းရဲ့  စစ်နဲ့ ငြိမ်းချမ်းရေးကို ဘာသာပြန်စဉ်က အဲအချိန်မှာကားလ်မာ့စ်ရုပ်ဝါဒီဖြစ်တဲ့  သူ လက်မခံနိုင်တဲ့  တော်လစတီုင်းရဲ့ အယူကို အမှာစာရေးပြီး ရှင်းအောင်ပြုခဲ့ပါတယ် ။
နောက်တဦး ကတော့ " ဒေါက်တာ" ချစ်ငယ် ( လန်ဒန်) ပါဘဲ ။
သူ့ ဟောတရားတွေကို တော့အသေးစိတ်စီစစ်မပြခဲ့ ပါ ။
မလိုအပ်လို့ ပါ ။
မရှိတဲ့ ယ .ူနီက မရတဲ့ ဘွဲ့ ကြီး လူရှေ့ အတင်းကောက်တပ်လာမှတော့ ရှေ့ ဆက်စရာကိုမရှိလို့ ပါ ။
ပြန်ချုပ်ပါ့မယ် ။
အမှားထောက်ရာမှာ ပါစင်နယ်မပါပါ။ အယူလွဲကိုသာထောက်ပါတယ် ။ အထောက်ခံရသူများ ကိလေသာတရားနဲ့ မကင်းလို့  ဒေါသမာနနဲ့  တုန့် ပြန်တာတော့မတတ်နိုင်ပါ ။


အစ

$
0
0
ကဲပါလေ ဘယနားကစရမှန်းမသိရင်လဲ စေတီက စရအောင် ။
ဦးသီရိန် တို့ ဦးဝါသေဌတို့ ဘုရား ။
ဟောဒါက ဦးကောသလရွှီးတဲ့  စေတီ အကြောင်း
http://khunmyahlaing.blogspot.com/2007/07/blog-post_16.html

ဟောဒါက ဆရာတိုက်စိုးရဲ့  စေတီအထိမ်းအမှတ်များ သုတေသနစာတန်း ။
http://www.myanmarebooks.net/archives/3739
ဘယ်ဟာမှန်လဲ ဘုရား ။ ထောက်ကြပါ ။
အထူးသဖြင့်ဒီစာလေး

၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း(ဦးကောသလ )
အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ (ဦးကောသလ )
ကဲ စကြပါဘုရား ။


တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဥာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၁ -

$
0
0



မိုးပြာဦးဥာဏကို ထောင်ချတာ အနိုင်ကျင့်တာလားဆိုတဲ့ အမေးကို စာရေးသူက ပြတ်ပြတ်သားသား အဖြေပေးချင်လို့ ဒီခေါင်းစဉ်ကိုပေးပြီး ဒီပို့စ်ကို ရေးဖို့ဖြစ်လာပါတယ်။
တဖက်မှဆောင်းပါးရှင် ၀င့်ထန်း ရဲ့ အဆိုပြုချက်ကို ခိုင်လုံသော အထောက်ထားပြဆိုပြီးတော့မိုးပြာဦးဥာဏကို
ထောင်ချလိုက်တာဟာ ထေရ၀ါဒ ဗုဒ္ဓသာသနာအတွက် မှန်ကန်သော လုပ်ရပ်တခုဖြစ်ကြောင်း သက်သေပြဖို့အတွက် အပိုင်းခွဲပြီး တင်ပြသွားပါမယ်၊

ဆောင်းပါးရှင်း ၀င့်ထန်းက ဗုဒ္ဓ၀ါဒ ဟာ အစဉ်အလာထုံစံအားဖြင့် အကြမ်းဖက်မှု့ကို ဆန့်ကျင်ပြီး
ငြိမ်းချမ်းရေးကို လျှောက်လှမ်းတဲ့ ဘာသာတခုဖြစ်ကြောင်း ဆိုလာပါတယ်။ မှန်ပါတယ် ဒါဟာလုံးဝ
မှန်ကန်သော စကားပါပဲ။ ဗုဒ္ဓ၀ါဒဟာ ဘာသာအယူဝါဒ မတူသူများအပေါ်ကို အနိုင်ကျင့်ပြီး
ဗုဒ္ဓအယူဝါဒ ကို လက်ခံလာအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး ဒါကို ကမ္ဘာတ၀န်းလုံးက
ဘာသာတရားကို စိတ်ဝင်စားတဲ့ လူတွေ အားလုံးသိပါတယ်။

မြတ်ဗုဒ္ဓ၏ တရားဂုဏ်တော် (၆) ပါးတို့တွင် ဧဟိပဿိက ဂုဏ်တော်ပါဝင်တယ်။ ဧဟိပဿိက
ဆိုတာ အစမ်းသပ် ခံရဲခြင်းပါပဲ။ လာလှည့် ရှူ့လှည့်စမ်းသပ်လှည့် ဟု ဖိတ်ခေါ်ရဲခြင်းပဲ။
ထိုသို့ ဖိတ်ခေါ်ရဲခြင်း မှာလည်း “သွာက္ခာတော ဘဂ၀တာ ဓမ္မော” မြတ်ဗုဒ္ဓကိုယ်တော်တိုင်
ဟောကြားထား ခြင်းကြောင့်ဖြစ်၏။ ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသောကြောင့် ဖြစ်၏။
သန္ဒိဌိကော-တကယ်ရှူ့လျင်တကယ်မြင် တကယ်သိ သောကြောင့် ဖြစ်၏။
အကာလိကော- အချိန်မရွေး အကျိုးပေးခြင်း၊ ချက်ခြင်းလက်ငင်းအကျိုးပေးခြင်းကြောင့် ဖြစ်၏။
ဒီအချက်ကြည့်ပါက ထင်ထင်ရှားရှား သိနိုင်ပါတယ် တခြားသောဘာသာဝင်တွေကိုလည်း
လာလှည့် ရှူ့လှည့် ဆိုပြီး ရဲရဲတင်းတင်း ဖိတ်ခေါ်ရဲတဲ့ ဘာသာတခုပါ၊ အစမ်းသပ်ခံရဲတဲ့
ဘာသာတခု ဘာသာအယူဝါဒ မတူသူတွေလိုက်ခံတိုက်ခိုက်နေတာမျိုး မရှိသလို၊
အတင်းအကျပ် ဗုဒ္ဓဘာသာထဲဝင်ရန် ဆွဲခေါ်နေတာမျိုးလည်း မရှိခဲ့ပါဘူး၊
သို့သော်လည်း ဗုဒ္ဓအယူဝါဒကို တိုက်ခိုက်လာမယ်ဆိုရင် ဘုရားရှင်
ကိုယ်တော်တိုင် လက်ပိုက်ကြည့်မနေခဲ့တဲ့ အစဉ်အလာတော့ ထင်ရှားစွာ ရှိပါတယ်။

သာသနာတော်မှာ အန္တရာယ်ကျရောက်လာပြီဆိုရင် မြတ်စွာဘုရားတောင်မှ
ကောသလမင်းတောင်မှ သိကြားမင်းတောင်မှ အငြိမ်မနေ လက်ပိုက်ပြီးကြည့်မနေခဲ့ဘူးဆိုတာ
အစဉ်အလာရှိခဲ့ပါတယ်။ ဇိနတ္ထပကာသနီ ကိုအကျဉ်းချုပ်လောက်မျှ ဖတ်ကြည့်လျှင်
စာဖတ်သူ သိပါလိမ့်မယ်။ ပုရာဏကဿကြီး ဦးဆောင်တဲ့ ဒိဌိတွေက မြတ်စွာဘုရားနဲ့
တန်ခိုးပြိုင်မယ် လို့ပြောတဲ့အခါ မြတ်စွာဘုရားက တကယ်တန်ခိုးပြိုင်ခဲ့ပါတယ်။
အဲဒီလို တန်ခိုးပြိုင်တဲ့အခါမှာ တန်ခိုးပြပြီး မိစ္ဆာဒိဌိတွေကို နှိမ်နှင်းခဲ့ပါတယ်။
ကိုယ့်သာသနာကို စော်ကားလာတဲ့သူကို တန်ခိုးနဲ့ နှိမ်နှင်းတယ်၊

အဲဒီလို တန်ခိုးနဲ့ နှိမ်နှင်းတဲ့အခါမှာ ကောသလမင်းကလည်း အစွမ်းကုန်ကူညီပါတယ်၊
ပရိတ်သတ်တွေ လူတွေ စုပေးတယ်၊ စည်တီးလှည့်လှည်ပြီးတော့ ကြေညာတယ် လာကြဟေ့
တိတ္ထိတွေကို မြတ်စွာဘုရားက တန်ခိုး ပြပြီး နှိမ်နှင်းတော့မယ် ကြည့်ကြ တန်ခိုးပြပွဲကို
သာဝတ္ထိပြည် တပြည်လုံး မကြည့်မနေရ ပုံစံမျိုးနဲ့ စည်တီး လှည့်လှည်ပြီးတော့
ကြေညာမောင်းခပ်ပါတယ်။

နောက် သိကြားမင်းကလည်း ဘုရားသာသနာကို ဘာအရည် အချင်းမှ မရှိတဲ့ကောင်တွေက
ဘုရားကို အန်တုတယ် သေပေစေ့ဆိုပြီး အဲဒီတိတ္ထိတွေကို ရေရယ် လေရယ် နေရယ် ပေါင်းပြီးတိုက်ခိုက်ပါတယ်။ သာသနာ့အန္တရာယ်ကျရောက်လာတဲ့အခါ သိကြားမင်းလည်း
အငြိမ်မနေပါဘူး။

နောက်တစ်ခါ ကရဏီဆိုတဲ့ ဥပါသိကာမလေးကလည်း ကောင်းကင်ပေါ်တက်ပြီး မြတ်စွာဘုရားကို
လျှောက်တယ် မြတ်စွာဘုရားကိုယ်တိုင် မနှိမ်နှင်းပါနဲ့ တပည့်တော် ဒီကောင်တွေကို
နှိမ်နှင်းမယ်ဆိုပြီး လျှောက် တယ် - နောက် ခုနှစ်နှစ်သားကိုရင်လေးကလည်း ဒီလိုပဲ
အနာထပိဏ်သူဌေး နဲ့ ရှင်မဟာမောဂ္ဂလာန်၊ ဥပ္ပလ ၀ဏ်ထေရီ တို့ကလည်း မြတ်စွာဘုရားကို ကိုယ်တိုင်မနှိမ်နှင်းပါနဲ့ တပည့်တော်တို့ကိုယ်တိုင် နှိမ်နှင်းပါမယ်ဆိုပြီး ကျရောက်လာတဲ့
သာသနာ့အန္တရာယ်ကို အပြိုင်အဆိုင် နှိမ်နှင်းကြပါတယ်။

နောက်ဆုံးတော့ ပုရာဏကဿပ တိတ္ထိဂိုဏ်းဆရာကြီး ဘုရားကိုအန်တုလို့မရလို့ အရှက်ကွဲပြီး
ရေထဲငုံ့ပြီး သေသွားရရှာပါတယ်။ ဒါကိုကြည့်မယ် ဆိုရင် ဒီကောင်တွေကို မြတ်စွာဘုရားက တန်ခိုးပြစရာမလိုဘူး အဘိဥာဉ်ရတဲ့ ခုနှစ်နှစ်သားကိုရင်လေးကို ဆုံမခိုင်းရင်ကိုရတယ်
ဒါပေမယ့် မြတ်စွာဘုရားက ကိုယ်တိုင်ကို ဆုံးမတယ် နှိပ်ကွပ်တယ်၊ ဒါကိုကြည့်သော အားဖြင့် သူတည်ထောင်ထားတဲ့ သာသနာတော်ကြီးကို ဖျက်လို့ဖျက်ဆီးလုပ်လာရင်
ဘုရားရှင်ကိုယ်တော်တိုင် ခန္တီမနေဘူး လက်ပိုက်ကြည့်မနေဘူး ကြောင့်ကြမဲ့မနေဘူး
ဆိုတာကို သိနိုင်ပါတယ်။ မြတ်စွာဘုရားဟာ ၀ါသနာ နဲ့တကွ ကိလေသာအားလုံးကို
အကုန်ပယ်ထားပါတယ်။ သို့သော်လည်း ပုရာဏကဿပကြီးကို သူ တန်ခိုးပြဋိယာ
ပြလိုက်လို့ရှိရင် သေမယ်ဆိုတာကိုလည်း သိထားတာပါပဲ၊
ဒါပေမယ့် ထည့်မတွက်နိုင်ဘူး သေစေလိုတဲ့စိတ်တော့မရှိဘူး၊ သို့သော်လည်း နှိမ်နှင်းမယ်ဆိုတဲ့
စိတ်ကတော့ရှိနေတယ် သာသနာတော်ကို စော်ကားလာရင် ဒီပုံဒီနည်းနဲ့ နှိပ်ကွပ်ကြဆိုပြီး
မြတ်စွာဘုရားက နှုတ်တော်က ထုတ်ဖော်မပြောရုံတမယ်ပဲ ရှေ့ကနေလုပ်ပြသွားတဲ့
အစဉ်လာသာဓက ထင်ရှားရှိပါတယ်။
ဒါဟာ လူမင်းဘက်က ကောသလမင်း၊ နတ်မင်းဘက်က သိကြားမင်း၊ ရဟန်းဘက်က
ဘုရား သုံးဦးပေါင်းပြီး သာသနာမှာကျရောက်လာတဲ့ အန္တရာယ်ကို ကာကွယ်နှိမ်နှင်းခဲ့တာပါပဲ၊

မြတ်စွာဘုရားဟာ ကိုယ်တော်တိုင် ရှေ့ကနေ လုပ်ပြသွားခဲ့သလို နှုတ်တော်က
ထုတ်ဖော်ပြီး ပြောကြားသွားတဲ့ သုတ္တန်တခု ရှိပါသေးတယ်၊ အဲဒီသုတ္တန်က
ကိံဒိဌိက သုတ်(မင်းဘာအယူရှိ သလဲဆိုတဲ့ အဓိပ္ပါယ်ပါပဲ) အဂုင်္တ္ထရနိကယ်၊
ဒဿကနိပါတ်၊ ဥပါလိဝဂ်မှာ ပါရှိပါတယ်။

အခါတစ်ပါးမှာ အနာထပိဏ်သူဌေးက တိတ္ထိတွေရဲ့ကျောင်းကိုသွားပြီးတော့ အယူဝါဒ
စစ်ထိုးတယ်၊ တိတ္ထိတွေက သင်ဘာအယူရှိသလဲ လို့မေးတယ် အနာထပိဏ်သူဌေးက
ငါ မြတ်စွာဘုရားရဲ့အယူဝါဒအားလုံး ကိုမသိဘူးတဲ့ အဲဒါဆိုရင် ရဟန်းတွေကကော
ဘာအယူရှိသလဲတဲ့ ရဟန်းတွေရဲ့အယူ အကုန်လုံးကို ငါမသိဘူး တဲ့
အဲဒါဆိုရင် သင်ကကော တဲ့ အဲဒီမှာ အနာထိပိဏ်သူဌေးက ပြန်ပြောပါတယ်
ငါ့အယူကိုသိချင်ရင် မင်းတို့ အယူကိုအရင်ပြောပေါ့ အဲဒီတော့ ဒိဌိတွေက သူတို့အယူဖြစ်တဲ့
သဿတ ဥစ္ဆေဒ တို့ကို အကုန်ပြောပါတယ်။

အနာထိပိဏ်သူဌေးကြီးကလည်း အေးအေးဆေးဆေး ထိုင်နားထောင်လို့လည်းပြီးရော
တလုံးချင်းခေါင်းငုံ့ပြီး နေရအောင် အရှက်ရလောက်အောင် မျက်နှာမသာမယာဖြစ်အောင်
တခွန်းတလေမှ ပြန်မပြောနိုင်အောင် ခေါင်းမထောင်နိုင်အောင် ပြန်နှိပ်ကွပ်တယ်၊
တိတ္ထိတွေရဲ့အယူ ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာကို ပြော ဆိုပြီး နှိပ်ကွပ်တယ်၊
အဲဒီမှာ တိတ္ထိတွေ အရှုံးကြီးရှုံးပြီး သူဌေးကြီးကိုဘာမှပြန်မပြောနိုင်တော့ သူဌေးကြီးလည်း
တိတ္ထိတွေရဲ့ကျောင်းမှ ပြန်၍ မြတ်စွာဘုရားထံကိုသွားပြီးတော့ အကြောင်းစုံကို
မြတ်စွာဘုရားအား ၀မ်းသာ အားရလျှောက်ပြပါတယ်။

အဲဒီမှာ မြတ်စွာဘုရားက သာဓု ခေါ်ပါတယ်၊ နောင်မလုပ်ပါနဲ့ကွာ သူတို့ဘာသာသူတို့
အယူမှားတာ နေပါစေ ကမ္မသကာပေါ့ဆိုတဲ့ စကားမျိုးကို ဘုရားမသုံးပါဘူး
“သာဓု သာဓု ဂဟပတိ - သူဌေးကြီး ကောင်းတယ် ကောင်းတယ်”
ဧ၀ံ ဟောတေ မောဃပုရိသာ ကာလေန ကာလံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတဗ္ဗာ -
ဒီလိုပဲ ဒီအလကားကောင်တွေကို၊ နိဂ္ဂဟေတဗ္ဗာ - နှိပ်ကွပ်ရမယ် ဘယ်လို နှိပ်ကွပ်ရမလဲဆိုရင်
သုနိဂ္ဂဟိတံ - ကောင်းကောင်းကို နှိပ်ကွပ်ဆုံးမရမယ် တဲ့ ဒါပေမယ့် အသားလွတ်ကြီး

လားဆိုတော့ မဟုတ်ပါဘူး - သဟဓမ္မေန - ယုတ္တိယုတ္တန်ပြပြီးတော့ ဆုံးမကွ
ဆိုပြီး ဘုရားက သေချာသင် ပေးခဲ့ပါတယ်။ တစ်ခါတရံပဲလားဆိုတော့ မဟုတ်သေးပါဘူး၊
ကာလေန ကာလံ - ရံဖန် ရံခါ အခါခွင့် သင့်ရင် သင့်သလို အခွင့်အရေးရရင် ရသလို
ကြုံရင် ကြုံသလို နှိပ်သာနှိပ်ကွပ်ကွာဆိုပြီး ဆုံးမခဲ့တာပါပဲ၊

အနာထပိဏ် သူဌေးကြီးကိုလည်း ချီးမွမ်းတော်မူပါတယ်။ သူဌေးကြီး ပြန်သွားတဲ့အခါမှာ
မြတ်စွာဘုရားက ရဟန်းပရိသတ် ကို မိန့်တယ်
“ယောသိတော ဘိက္ခဝေ ဘိက္ခူ ဣမသ္မိံဝဿသရူပ သပန္တော ဣမသ္မိံ ဓမ္မ၀ိနယေ -
ချစ်သား တို့ ငါဘုရားရဲ့သာသနာတော်မှာ အသက်တစ်ရာ ၀ါတစ်ရာ့နှစ်ဆယ်ရတဲ့ပုဂ္ဂိုလ်
ဖြစ်စေကာမူ၊ သောဟိ ဧ၀ မေ၀ံ အညတိတ္ထိယေ ပရိဗ္ဗာဇကေ သုနိဂ္ဂဟိတံ နိဂ္ဂဏေယျ -
ဝါ တစ်ရာရလို့ အသက်တစ်ရာ့နှစ်ဆယ်ရတဲ့ မထေရ်ကြီးဖြစ်စေ ထိုင်မနေရဘူး
သာသနာပဖြစ်တဲ့ တခြားသော တိတ္ထိတွေကို ဒီပုံဒီနည်းနဲ့ ကောင်းကောင်း နှိပ်ကွပ်ဆုံးမရမယ် - ဘယ်လိုလဲဆိုတော့ ယထာတံ အနာထပိဏ္ဍိကေန ဂဟပတိနာ နိဂ္ဂဟိတာ -
သူဌေးကြီး ဆုံးမသလိုမျိုး ဆုံးမရမယ်” လို့ မိန့်တော်မူပါတယ်။
ဒါဟာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သာဓက ပါ။

နောက်တခု ရှိပါသေးတယ် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး တတိယသံဃာယနာတင်တဲ့အချိန်က
ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟာ အာဏာပိုင်မင်းတစ်ပါးဖြစ်တဲ့ သိရိဓမ္မာသောက
မင်းကြီးနဲ့ပေါင်းပြီး သံဃာယနာမတင်ခင်မှာ တိတ္ထိတွေကို နှိမ်နှင်းခဲ့ပါတယ်။
အဲဒီ တတိယသံဃာယနာ ဘာကြောင့်တင်သလဲ ဆိုရင် ဘုရားရှင်၏ သာသနာမှာ
သာသနာ့အန္တရာယ်တွေ ကျရောက်နေခဲ့လို့ပါပဲ၊ အဲဒီအချိန်တုန်းက အိန္ဒိယပြည်မှာ
ရဟန်းသံဃာပေါင်း ၆ သန်း(သိန်း - ၆၀) ရှိပါတယ်၊ သိလ၀န္တရဟန်းတွေပါပဲ၊
အဲဒီ သိန်းခြောက်ဆယ်ရှိတဲ့ ရဟန်းသံဃာတွေထဲမှာ ၆ သောင်းရှိတဲ့ ဒုဿီလရဟန်းတွေ
မည်သူမှ ရဟန်းခံသင်္ကန်းဝတ်ပေးခြင်း မရှိဘဲနဲ့ ကိုယ်တိုင်သင်္ကန်းကောက်ဝတ်ပြီး
သာသနာတော်ကို ဖျက်ဆီးဖို့ကြိုးစားတော့တာပါပဲ။
အဲဒီအချိန်မှာ ရဟန်းတု ဒုဿီလရဟန်းတွေ နဲ့ ရဟန်းစစ်တွေကိုခွဲခြားဖို့အတွက်
အသောကမင်းကြီးကိုယ်တိုင် ရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်ထံမှာ
ခုနှစ်ရက်တိုင်တိုင် ဗုဒ္ဓအယူဝါဒတွေကိုသင်ယူပြီး မင်းကြီးကိုယ်တိုင် စစ်ဆေး မေးမြန်းပြီး
အဲဒီတိတ္ထိတွေကို လူဝတ်လဲပြီး တိုင်းပြည်ကနှင်ထုတ်ခဲ့ပါတယ်၊ နောက် တတိယသံဃာယနာ
တင်ခဲ့တယ် တတိယသံဃာယနာတင်တယ်ဆိုတာက တိတ္ထိတွေရဲ့တရားနဲ့ ဗုဒ္ဓရဲ့
တရားမရောနှောအောင် လုပ်လိုက် တာပါပဲ ကထာဝတ္ထုကျမ်းကို လေ့လာမယ်ဆိုရင်
ဒီအကြောင်းတွေကို အကုန်သိနိုင်ပါတယ်။



အရှင်ဝရသာမိ
http://www.sbay-student.org/

တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဥာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၂ -

$
0
0


သာသနာကို ဖျက်စီးဖို့ကြိုးစားလာလျှင်၊ သာသနာကို စော်ကားဖို့ကြိုးစားလာလျှင် ဘုရားအစ
ရှိသောသူတော်ကောင်းများ လက်ပိုက်ကြည့်မနေဘူးဆိုတာ အပိုင်း - ၁ - မှ သာဓကဖြစ်စဉ် များကိုကြည့်ပါက ထင်ထင်ရှားရှားသိမြင်နိုင်ပေသည်။ အခြားသောသာဓကများကိုလည်း
ဤအပိုင်းတွင် ထပ်မံ၍ တင်ပါဦးမည်။

သာသနာတော်၌ အဓမ္မ၀ါဒီမိစ္ဆာတစ်ယောက် ပေါ်ပေါက်လာလျှင် ဘုရားအစရှိသော
သူတော်ကောင်းများ အဘယ်သို့ စိတ်နှလုံးတုန်လှုပ်ခြောက်ခြားအောင် ထိတ်လန့်တုန်လှုပ်စွာ ခံစားကြရသည်ကို ရှေးဦးစွာ သိထားဖို့ လိုအပ်ပေသည်။

မြတ်စွာဘုရားရှင်တို့သည် ဓမ္မဥပဒေကို ချိုးဖောက်သူ၊ ဓမ္မကို စော်ကားလာသူများကိုလည်း
ခေါင်းမဖော်ဝံ့အောင် နှိပ်ကွပ်တော်မူမြဲပင်ဖြစ်၏။ မြတ်စွာဘုရားရှင်လက်ထက်က တံငါသည်သား
သာတိ မည်သော ရဟန်းတစ်ပါး ရှိခဲ့ဘူးသည်။ ထိုရဟန်းကား ဗဟုသုတနည်းပါးသည့်အလျှောက်
သဿတဒိဌိ ရှိသူဖြစ်၏။

ထိုရဟန်း ယူဆပုံက “ခန္ဓာငါးပါးအနက် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရတို့သည် ဖြစ်လေရာ
ဘ၀မှာပင် ချုပ်ပျောက်ခဲ့လေသည်၊ ၀ိညာဉ်သည်ကား ဤဘ၀မှ ထိုဘ၀သို့လည်းကောင်း၊
ထိုဘ၀မှ ဤဘ၀သို့ လည်းကောင်း ကျင်လည်ကျက်စားကူးသွား၏ ” ဟူ၍ ဖြစ်၏။
ဝိညာဉ်သည် မြဲ၏ဟူသော သဿတဒိဌိအယူပင် ဖြစ်၏။ အမှားတွေကို အမှန်လုပ်ပြီး
လိုက်လံဟောပြော ပြသနေ၏။ မတရားတွေကို တရားလုပ်ပြီး လိုက်လံဟောပြောပြသနေ၏။
ဘုရားဟော မဟုတ်ပါဘဲ ဘုရားဟောဟု ဟောပြောပြသနေ၏။

ထိုသာတိရဟန်းအား ရဟန်းကောင်းတို့က ၀ိုင်းဝန်းကဲ့ရဲ့ကြပြီး မြတ်စွာဘုရားထံ အပ်နှံကြပေသည်။
ထိုအခါ မြတ်စွာဘုရားက သာတိရဟန်းအား မောဃပုရိသဘွဲ့တံဆိပ်များကို ပလူပျံအောင်
ချီးမြင့်ပြီး ခေါင်းမဖော်ဝံ့အောင် နှိပ်ကွပ်တော်မူပုံကို အောက်ပါအတိုင်း သိရှိနိုင်ပေသည်။

“မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောကျာင်္း(အလကားကောင်)- အဘယ်မည်သောသူအား
ငါ ဤသို့ဟောအပ်သည်ကို သင် သိသနည်း၊ မောဃပုရိသ - (အလကားကောင်)
ငါသည် “၀ိညာဉ်သည် အကြောင်းကိုစွဲ၍ ဖြစ်၏။ အကြောင်းကိုကြဉ်၍ ၀ိဥာဏ်ဖြစ်ခြင်းမည်သည်
မရှိ” ဟု များစွာသောအကြောင်းဖြင့် ဟောကြားသည် မဟုတ်လော။
မောဃပုရိသ - (အလကားကောင်)၊ ထိုသို့ဟောထားပါလျှက် သင်သည် မိမိအမှားကို
ယူဆခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏။ မိမိကိုယ်ကိုလည်း ဖြိုဖျက်၏။
များစွာသော မကောင်းမူ့ကိုလည်း ဖြစ်ပွါးစေ၏၊ မောဃပုရိသ - (အလကားကောင်)၊
ထိုအမှားကို ယူဆခြင်းသည် သင့်အားရှည်ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း၊
ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့“ ဟု မိန့်တော်မူ၏။

တံငါသည်သား သာတိရဟန်းသည် နှုတ်ဆိတ်၍ မျက်နှာမသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ခါ
မျက်နှာအောက်ချပြီး မှိုင်တွေလိုက် ထိုင်နေရလေ၏။ ဤကား မြတ်စွာဘုရားကိုယ်တိုင်
အဓမ္မ၀ါဒီ မိစ္ဆာရဟန်းကို ပရိသတ် အလည်၌ ပြင်းပြင်းထန်ထန် ချိုးနှိမ်နှိပ်ကွပ်ပုံဖြစ်၏။
(မဟာတဏှာသင်္ခယသုတ်) (မ၊ ၁၊ ၃၂၃။ မြန်မာပြန်-၃၃၂)

ဤကဲ့သို့ သာသနာတော်၌ မိစ္ဆာကောင် တစ်ယောက် ပေါ်ပေါက်လာလျှင် ကြည်ညိုသူအပေါင်း
ဆင်းရဲကြောင်းသာဖြစ်သောကြောင့် မိစ္ဆာကောင်သည် သာသနာတော်၌
မဟာစောရ(ဗုဒ္ဓကို ပုန်ကန်သည့် မဟာသူပုန်ကြီး) ဟု အမည်ပေးရပေသည်။

မြတ်စွာဘုရား၏ သာဝကတို့သည် မြတ်စွာဘုရားနည်းတူ ဓမ္မကိုစော်ကားလာသူများအား
ရံဖန်ရံခါ၌ ဓမ္မဘက်မှ ဒဏ်ခတ်သည့် ဖြစ်ရပ်တခုကို ဆက်၍ပြပါဦးမည်။

မြတ်စွာဘုရားလက်ထက်က သာဋိမတ္ထိယ အမည်ရသော မထေရ်တစ်ပါး ရှိခဲ့ဘူးသည်။
ထို မထေရ်သည် ဈာန်အဘိဥာဉ်ရဆဠာဘိည ရဟန္တာတစ်ပါးဖြစ်၏။ ထိုမထေရ်ကို ကြည်ညို
ကုန်သော ဒကာ ဒကာမများအနက် ရုပ်ရည်ရူပကာ ချောမောလှပ၍ ရှူ့ချင်စဖွယ်အမျိုးသမီးငယ်
တစ်ယောက်သည် မထေရ် အား အမြဲတန်းရိုသေစွာ ဆွမ်းဆက်ကပ် လောင်းလှူသူဖြစ်၏။
ထိုအကြောင်းကို သိရှိသော မာရ်နတ်ကြီးက “ဒီရဟန်း မကောင်းသတင်းထွက်အောင် ငါလုပ်မည်၊
ဒီရဟန်း ထောက်တည်ရာမရအောင် ငါလုပ်မည်” ဟုကြံစည်ကာ သာဋိမတ္ထိယမထေရ်
အယောင်ဆောင်၍ ဆွမ်းခံကြွရင်း အမျိုးသမီးလက်ကို ဆွဲကိုင်လိုက်ပါသည်။

ထိုအခြင်းအရာကို သိမြင်သော အိမ်သူအိမ်သားအပေါင်းတို့က ထိုမထေရ်ကို အကြည်ညိုပျက်ခါ
မရိုသေ မလေးစားကြတော့ပေ။ မထေရ်ကလည်း အိမ်ရှင်တို့၏ အရိုအသေမဲ့သော အမူအရာကို
မြင်၍ ဆင်ခြင်ကြည့်တော်မူသောအခါ မာရ်နတ်၏လက်ချက် ဖြစ်နေသည်ကို တွေ့ရှိလိုက်ပေသည်။
ထိုသို့ သိရှိလိုက်သည်နှင့် တပြိုင်နက် မာရ်နတ်ကို ဒဏ်ခတ်သောအားဖြင့် “မာရ်နတ်၏ လည်ပင်း၌ ခွေးသေပုတ်ကြီး စွပ်စေသတည်း” ဟု အဓိဌာန်လိုက်၏။ ဤပြဿနာကို မာရ်နတ်ကိုယ်တိုင် ပြန်လည်ဖြေရှင်းပေးပြီးမှ ခွေးသေပုတ်ကို ရုပ်သိမ်း လိုက်တော့ပေသည်။
(ထေရ၊ ဌ၊ ၁၊ ၄၆၁ )

ဤသာဓက ဖြစ်စဉ်ကိုကြည့်ပါက မြတ်စွာဘုရား၏ သာဝကတို့သည် ဓမ္မ၀ိနယကို
စော်ကားလာပါက လက်ပိုက်ကြည့်မနေဘဲ မာရ်နတ်ကြီးကိုပင် ဒဏ်ခတ်ပြီး နှိမ်နှင်းသည်ကို
တွေ့ရှိရမည် ဖြစ်ပေသည်။

ထိုသာဓကများကိုကြည့်၍ တိတ္ထိဂိုဏ်းဆရာမိုးပြာဦးဥာဏ အား သံဃမဟာနာကမှ စိစစ်သုံသပ်၍
အာဏာပိုင်များမှ ထောင်ချလိုက်ခြင်းသည် မှန်ကန်သော လုပ်ရပ်တခု ဖြစ်ကြောင်း ရှေ့တွင်
တင်ပြသွားပါမည်။ တဖက်မှ ဆောင်းပါးရှင်ဝင့်ထန်းက မိုးပြာဝါဒ နဲ့ပတ်သက်၍
မြန်မာအင်ဂျင်နီယာဖိုရမ် မှ အင်ဂျင်နီယာများက မိုးပြာဝါဒအကြောင်းကို ဆွေးနွေးထားသည် ဟု
တင်ပြထားပါသည်။ ၀င့်ထန်း ၏ တင်ပြပုံမှာ မိုးပြာဦးဥာဏ၏ ၀ါဒကို စိတ်ဝင်စား၍ သဘောကျ၍
ဆွေးနွေးထားသလိုမျိုး ထင်အောင် ရေးထားပေသည်။ မှန်ပေ၏ မြန်မာအင်ဂျင်နီယာဖိုရမ် တွင်
မိုးပြာဝါဒ အကြောင်းကို အကျယ်တ၀င့်ဆွေးနွေးထားတာကို တွေ့ရပါသည်။

ထိုဆွေးနွေးချက်များသည် မိုးပြာဝါဒကိုကြိုက်၍ ဆွေးနွေးထားသော ဆွေးနွေးချက်များမဟုတ်ပေ။
သာသနာကို ဖျက်စီးနေသည့် မိုးပြာဝါဒ ဟု ပို့စ်ပိုင်ရှင် ကိုနိုဗယ်မန်း မှ စတင်၍
ဆွေးနွေးထားသော ဆွေးနွေးချက်တခုဖြစ်ကြောင်း တွေ့ရှိရပေသည်။
ဝိုင်းဝန်းဆွေးနွေးသူ ကိုယ်ဟယ်ရီလွင်၊ အအောင်၊ ကိုတာတေ၊ ကိုကျော် 81 နဲ့ ဓမ္မမိတ်ဆွေ
အများစုက မိုးပြာဝါဒကို ရှေ့တွင် ဆိုအပ်ခဲ့သော အနာထပိဏ်သူဌေးကြီးမှ မိစ္ဆာဒိဌိတွေကို
နှိပ်ကွပ်သလို နှိပ်ကွပ်ဆုံးမထားသော ဆွေးနွေးချက်များကို တွေ့ရပါသည်။
ထိုအကြောင်းကို သက်ဆိုင်ရာဖိုရမ်သို့ စာဖတ်သူကိုယ်တိုင် သွားရောက်လေ့လာပါက
သိရှိနိုင်ပေ၏။ မြန်မာအင်ဂျင်နီယာ ဖိုရမ် တွင်မကသေး မြန်မာကျူးပစ်ဖိုရမ် မှာလည်း
ရှိပါသေး သည်။ ထိုဖိုရမ်တွင်လည်း ကိုတေဇဟိန်း နှင့် သာသနပါလအဖွဲ့သား ဓမ္မမိတ်ဆွေ
များက သာသနာကို ဖျက်ဆီးနေသည့် ၀ါဒတခုအဖြစ် ရှူ့မြင်သုံးသပ်၍
ဆွေးနွေးထားသည်ကို တွေ့ရပါသေးသည်။

တိုးတက်လာသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ သာသနာကို မီဒီယာ ကဏ္ဍဖြင့်
ဘုရားရှင်နှင့်သူတော်ကောင်းတို့၏ အဆုံးမကို နာခံ၍ ကာကွယ်စောင့်ရှောက်နေသည်ကို
တွေ့ရမည် ဖြစ်ပေ၏။



အရှင်ဝရသာမိ
http://www.sbay-student.org/
http://www.dhammaanalysis.multiply.com/

တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဥာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၃ -

$
0
0


သာသနာတော်၌ အဓမ္မ၀ါဒီ အ၀ိနယ၀ါဒီများ ပေါ်ပေါက်လာခဲ့ပြီဆိုလျှင် အနုနည်းဖြင့်
ဖြေရှင်းရသည်လည်း ရှိသည်။ အကြမ်းနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်။
တစ်ပါးတည်း ဖြေရှင်းရသည်လည်းရှိသည်။ အုပ်စုဖွဲ့၍ ဖြေရှင်းရသည်လည်း ရှိသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သံဃာ့ပရိသတ်နှင့်တကွ ဥပုသ်ပြုရန် ဥပုသ်အိမ်ထဲ၌
သီတင်းသုံးတော်မူလျှက်ရှိပါသည်။ ထိုအခါ သံဃာ့ပရိသတ်ထဲတွင် ဒုဿီလ - သီလမဲ့
ရဟန်းတပါး ပါဝင်နေ၍ မြတ်စွာဘုရားက ဥပုသ်ပြုတော်မမူဘဲ ထိုင်လျှက်သာ သီတင်းသုံး
နေတော်မူပါသည်။ ဤသို့နှင့် ညဉ့်သုံးယာမ်ပတ်လုံး ကုန်ဆုံး သွားသည့်အခါ
အရှင်မဟာမောဂ္ဂလာန်က အဘိညာဉ်တန်ခိုးဖြင့် ကြည့်တော်မူသောအခါ ဒုဿီလရဟန်း
တစ်ပါးကိုတွေ့မြင်၍ သုံးကြိမ်တိုင်တိုင် အပြင်ထွက်ဖို့ တောင်းပန်ရှာပါသည်။
သုံးကြိမ်တောင်းပန်လျှက် မရသောအခါ ဒုဿီလရဟန်းကို လက်မောင်းကိုကိုင်လျက်
အပြင်သို့ ဆွဲထုတ်ခေါ်ယူသွားခဲ့ပါသည်။

အထခေါ အာယသ္မာ မဟာမောဂ္ဂလာနော တံ ပုဂ္ဂလံ ဗာဟာယံ ဂဟေတွာ
ဗဟိဒွါရကောဌကာ နိက္ခာမေတွာ…….။
(ဥပေါသထသုတ်) (အံ၊ ၃။ ၄၄/၅)

ဤ၀တ္ထုကိုထောက်လျှင် သာသနာတော်၏ ခလုတ်ဆူးငြောင့်များ အင်အားမကောင်းပါက
တစ်ပါးတည်းဖြင့် သုတ်သင်ရှင်းလင်းသည့် အစဉ်အလာ ရှိခဲ့သည်ကို တွေ့မြင်ရပေမည်။
သို့တည်းမဟုတ် သာသနာ့ရန်ဆူးရန်ငြောင့်တို့ အုပ်စုဖွဲ့၍ မိုက်တွင်းနက်နေပါလျှင်
အင်အားသုံး၍ ချေမှုန်းရန် ဘဘုရားကိုယ်တိုင် ခွင့်ပြုတော်မူခဲ့သည်ကို တွေ့ရှိရပါသည်။

အခါတစ်ပါး၌ ကီဋာဂီရိဂိုဏ်းသားရဟန်းများသည် ကုလဒူသကအနေသနမျိုးစုံဖြင့်
သာသနာကို ဖျက်ဆီးလျှက်ရှိရာ မြတ်စွာဘုရားက အရှင်သာရိပုတြာ နှင့် အရှင်မဟာမောဂ္ဂလာန်
တို့ကိုခေါ်၍ “ ချစ်သားတို့ ကီဋာဂီရိဇနပုဒ်ကို သွားကြ၊ သာသနာ့ ရန်ဆူးရန်ငြောင့်တို့ကို
မောင်းထုတ်ကြ ” ဟု စေခိုင်းတော်မူပါသည်။

ထိုအခါ အရှင်သာရိပုတြာက “ စဏ္ဍာ တေ ဘိက္ခူ ဖရုသာ - မြတ်စွာဘုရား၊ အဲဒီရဟန်းတွေဟာ
ခက်ထန်ကြမ်းကြုတ်လှပါတယ်ဘုရား။ ဘယ်လိုပုံမျိုးဖြင့် နှင်ထုတ်ရပါမလဲဘုရား ” ဟု
လျှောက်တော်မူပါသည်။

ထိုအခါ မြတ်စွာဘုရားက…..
“ တေနဟိ တုမှေ သာရိပုတ္တာ ဗဟုကေဟိ ဘိက္ခူဟိ သဒ္ဓိံ ကစ္ဆထ - ဒါဆိုရင်
ရဟန်းများစွာ ခေါ်သွား အင်အားသုံးပြီး နှင်ထုတ်ကြ ” ဟု နည်းပေးခွင့်ပြုတော်မူခဲ့ပါသည်။
အဂ္ဂသာဝကနှစ်ပါးလည်း ရဟန်းများစွာခေါ်သွားကာ သာသနာ့ရန်ဆူး ရန်ငြောင့်တို့ကို
အပြီးတိုင် ခုတ်ထွင်ရှင်းလင်း သုတ်သင်တော်မူခဲ့ပါသည်။
(ပါရာဇိကဏ်ပါဠိတော်၊ ကုလဒူသကသိက္ခာပုဒ်နိဒါန်း)

ဤ၀တ္ထုကို သာဓကပြုလျှင် အဓမ္မ၀ါဒီတို့ အားကောင်းပါက အင်အားသုံး၍ ချေမှုန်းသည့်
အစဉ်အလာသည် မြတ်စွာဘုရားလက်ထက်ကတည်းက ရှိခဲ့သည် ဆိုတာကို
သဘောပေါက်ရပေမည်။

ဆိုအပ်ခဲ့ပြီးသော သာဓကတို့ဖြင့် မိုးပြာခေါင်းဆောင် ဦးဥာဏ ကို သံဃမဟာနာယက
နှင့် အာဏာပိုင်များမှ ထောင်ချခြင်းသည် ဘုရားရှင်၏ အဆုံးအမနှင့် လျော်ညီစွာ
ထိုက်တန်သော အပြစ်ဒဏ်ခတ်ခြင်းသာ ဖြစ်ပါ၏။ ဤအကြောင်းကို ထင်ရှားစေဖို့
မိုးပြာဦးဥာဏ၏ သမိုင်းကြောင်းနှင့် သူ၏လုပ်ရပ်တို့ အကျဉ်းချုပ်မျှ တင်ပြရပေမည်။

လွန်ခဲ့သည့်ကာလ (၂၇) နှစ်က ဦးဥာဏသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။ ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ
တရားဟောခဲ့သူဖြစ်ပါသည်။ ထိုအကြောင်းကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယက
အဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က
စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။

ရှင်ဥာဏ နှင့် ရှင်ဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။
တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော
နိုင်ငံတော်သံဃမဟာနာယက ထံသို့ သူတို့ကပင် စောဒနာ တင်ကြလျက်
“သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က
ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။ နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍
ထောင် သုံးနှစ်ကြခဲ့ပါသည်။

နိုင်ငံတော် သံဃနာယကဆရာတော် ဘဒ္ဒန္တမာနိတသီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ
သိရသည်မှာ (၁၉၈၃-၁၉၈၆ ခုနှစ်က ၀ိနည်းဓမ္မကံ (၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက
ပြတ်ပြတ်သားသား အရေးယူဖို့ စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက
မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ်မျှဖြင့် ပြီးသွားရခြင်းပင်) ဟူ၍ ဖြစ်ပါသည်။

၁၉၉၁-၁၉၉၈ ခုနှစ်တွင် ထေရ၀ါဒအတွင်းမှ ဂိုဏ်းသီးသန့်ထောင်မူဖြင့်
ထောင် (၁၀) နှစ်ကျခဲ့ပါသည်။

ထောင်ကျခံပြီး ထွက်လာပြီးနောက်တွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ အမည်ခံလျက်
ဂိုဏ်းထူးထောင်ပြီး မိလိန္ဒပဥှာဝတ္တု စသည်တို့ကိုပါ ပြန်လည်ကူးယူဖြန့်ဝေကြောင်းတွေ့ရပြီး
(၂၀၀၂-၂၀၀၈)တို့မှာ အကြီးအကျယ် အင်အားကြီးဂိုဏ်းဖြစ်လာကြောင်း တွေ့ရပေသည်။

ဒုတိယအကြိမ် ထောင်မှ ထွက်လာပြီးကတည်းက ထေရ၀ါဒ သာသနာကို ရစရာမရှိအောင်
ဖျက်ဆီး၊ ထေရ၀ါဒ ပိဋကတ်သုံးပုံကိုဖျက်ဆီးကာ ဘုရားဟောမဟုတ်သည်ကို ဘုရားဟော
လုပ်၊ ဘုရားရှင်ကို အမျိုးမျိုးစွပ်စွဲပုတ်ခတ်ကာ ၀ါဒသစ်ထူထောင်ခြင်းသည် ခိုင်လုံသော
အကြောင်းတရားဖြစ်ပေ၏။ ပိဋကတ်ကျမ်းစာတို့ကို ဖျက်ဆီးထားသည်များကို ပြည့်ပြည့်
စုံစုံသိလိုပါက စာရေးသူ၏ http://www.dhammaanalysis.multiply.com/ တွင် လေ့လာနိုင်
ပါသည်။ ထို့အပြင် မြန်မာအင်ဂျင်နီယာ ဖိုရမ် တွင်လည်း လေ့လာနိုင်သည်။

ဦးဥာဏသည် ထေရ၀ါဒဗုဒ္ဓဘာဝင်တို့ လိုက်နာရမည့် အနိမ့်ဆုံးဖြစ်သော ငါးပါးသီလကိုပင်
ရစရာမရှိအောင် ဖျက်ဆီးထားပေသည်။ ပါဏာတိပါတာ - တိရိစ ၦာန္အားလုံး၏ အသက္ကုိ
သတ်ကောင်း၏၊ အဒိန္နာဒါနာ - အဖွဲ့အစည်းပိုင်၊ အများပိုင်၊ အစိုးရပိုင် ပစ္စည်းခိုးကောင်း၏။
ကာမေသု - အမျိုးသမီးကျေနပ်က ကုသိုလ်တောင်ရ၊ မုသာ - လိမ်ပြောကောင်း။ သုရာ -
လူမှန်းသူမှန်းမသိ မူးကွဲနေအောင် မသောက်ရင်ပြီးရော အရက်သောက်ကောင်း၏။

ဤအချက်ငါးချက်ဖြင့်ပင် ပိဋကတ်ကိုဖျက်ဆီးသော ပြစ်မှု့ဖြင့် ထောင်ချ၍ ရနိုင်သောအကြောင်း
တရားထင်ရှားပေသည်။ ဒါကိုပင် ၀င့်ထန်း နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သော
ဆရာတော် ဦးဇ၀န တို့ မသိခြင်းကြောင့် သံဃနာယကကို အနိုင်ကျင့်သည်ဟု
ဆိုလေသလော၊ ဦးဥာဏကို ထောင်ချခြင်းသည် သံဃမဟာနာယက၏ အပြစ်လည်းမဟုတ်
အာဏာပိုင်များ၏ အပြစ်လည်း မဟုတ်ချေ၊ ဗာလော ဒဏ္ဍေန ဒမ္မတေ - လူမိုက်ကို
ဒုတ်ကြီးကြီးဖြင့် ဆုံးမအပ်သည် ဟူသော အဆုံးအမနှင့် အညီ တတိယအကြိမ်
ထောင်ဒဏ် အပြစ်ပေး၍ ဆုံးမခြင်းသာ ဖြစ်သည်။

ယခုအချိန်ထိ တရားခံအစစ် အကြောင်းတရားအစစ်ကို မသိရှိကြသေး သောကြောင့်
ဝင့်ထန်း နှင့် ဦးဇ၀နတို့က အနိုင်ကျင့်သည်ဟု အထင်ရောက်ချေသည်။
တိတ္ထိဝါဒနှင့် ဗုဒ္ဓ၀ါဒ ကွာခြားသည်မှာလည်း ဤသို့ပင်ဖြစ်၏ တိတ္ထိတို့ဝါဒသည်
အကြောင်းတရားကို မပယ်၊ မူလအရင်းခံရေသောက်မြစ်ကို မပယ်ဘဲ အကျိုးတရားကိုသာ
ပယ်သတ်တတ်ပေ၏။ ထိုကဲ့သို့ တရားခံအစစ် အကြောင်းတရားအစစ်ကို မသိသေးသမျှ
ကာလပတ်လုံး........
သုဝါန၀ုတ္တိနော ပန တိတ္ထိယာ။
(၀ိသုဒ္ဓိ၊ ၂။ ၁၃၈။ ပဋိသံ၊ ဌ၊ ၁။ ၁၄၇)

ခဲဖြင့် ပစ်သူကို အရေးမစိုက် ခဲကိုသာ လိုက်ကိုက်တတ်သော ခွေးမိုက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ဥပမာအားဖြင့် အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင်အိမ်ရှင်၏
အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်၏။
ပြစ်မူကျူးလွန်သူကို ထိုက်တန်သည့် ဒဏ်ချရာ၌ တရားစီရင်သူ၏ အပြစ်မဟုတ်၊
ဒုစရိုက်ကောင်၏ အပြစ်သာ ဖြစ်၏။
ထိုနည်းတူစွာပင် ဓမ္မကို စော်ကားလာသူကို သုတ်သင်ရာ၌ သုတ်သင်သူ၏ အပြစ်မဟုတ်၊
စော်ကားသူ၏ အပြစ်သာ ဖြစ်၏။ ဗုဒ္ဓကို စွပ်စွဲလာ၍ ဒဏ်ခတ်ရာ၌ ဒဏ်ခတ်သူ၏ အပြစ်မဟုတ်၊
စွပ်စွဲသူ၏ အပြစ်သာ ဖြစ်၏။
ထို့ကြောင့် ဒဏ်ခတ် မခံချင်လျှင် အစကတည်းက ဗုဒ္ဓကို မစွပ်စွဲသင့်ချေ၊
ဓမ္မကို မစော်ကားသင့်ချေ၊ သာသနာကို မဖျက်စီးသင့်ချေ၊


အရှင်ဝရသာမိ
www.sbay-student.org
www.dhammaanalysis.multiply.com

အဓမ္မ၀ါဒ ဖော်ထုတ်တားဆီး ဖယ်ရှားရေးအဖွဲ့၏ ဖိတ်ခေါ်စာမူပြိုင်ပွဲ

$
0
0

ရည်ရွယ်ချက်


သင်္ဂါယနာ ခြောက်တန်တင်ပြီးသော မြတ်စွာဘုရား၏ တရားတော်များနှင့်မညီညွတ်သည့်
ဟောပြောရေးသားမှုများ ရှိနေသဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သြ၀ါဒများ၊
လမ်းညွှန်ချက်များဖြင့် သတိပေးထုတ်ပြန်မှုများ ရှိပါသည်။ သို့သော် အဓမ္မ၀ါဒများကား
ရပ်တန့်သွားခြင်း မရှိခဲ့ပါ။ သို့ဖြစ်၍ အဓမ္မ၀ါဒများကို စိစစ်ဝေဖန်ပြသည့် စာပေများ
ထွက်ပေါ်ထွန်းကားလာရန် လိုအပ်ပါသည်။ သို့မှသာ ဗုဒ္ဓဘာသာဝင်များ
အမှန်အတိုင်း သိရှိကြမည်ဖြစ်သည်။ အဓမ္မ၀ါဒများ ပြန့်ပွားလာမှုကိုလည်း
ဟန့်တားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် အဓမ္မ၀ါဒ ဖော်ထုတ် တားဆီး
ဖယ်ရှားရေးဆိုင်ရာ စာမူပြိုင်ပွဲတစ်ရပ် ကျင်းပရခြင်း ဖြစ်ပါသည်။


စာမူခေါင်းစီး


အထက်ပါရည်ရွယ်ချက်နှင့်အညီ စာမူပြုစုရမည်ဖြစ်ပြီး ခေါင်းစီးကို
စာရေးသူက သင့်လျော်သလို သတ်မှတ်ရန်ဖြစ်သည်။

စာမူရေးသားရန် စည်းကမ်းချက်များ


၁။ စာရေးသူ၏ ကိုယ်တိုင်ရေးစာမူဖြစ်ပြီး ပုံနှိပ်ထုတ်ဝေပြီးစာမူ မဖြစ်စေရ။


၂။ မြန်မာစကားပြေ အရေးအသားပုံစံဖြင့် ရှင်းရှင်းလင်းလင်း ရေးသားရန်။


၃။ ထေရ၀ါဒဆိုင်ရာ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စသည်တို့နှင့်အညီ

ရေးသားရန်နှင့် ကျမ်းညွှန်းများကို အောက်ခြေမှတ်စုဖြင့် ပြည့်စုံစွာဖော်ပြပေးရန်။


၎။ ပိဋကတ်တော်များကို ညွှန်းရာတွင် တိုက်ရိုက်ကူးယူဖော်ပြခြင်း မဟုတ်ဘဲ

စာဖတ်သူများ ရှင်းရှင်းလင်းလင်း နားလည်နိုင်မည့်ပုံစံဖြင့် ရေးသားရန်။


၅။ မိမိတို့ဒေသအလိုက် ဖြစ်ပေါ်နေသော အဓမ္မ၀ါဒများ
(သင်တန်းပို့ချခြင်း၊ ဟောပြောခြင်း၊ ရေးသားဖြန့်ဝေခြင်း) ရှိလျှင်လည်း
မှန်ကန်တိကျစွာ ထည့်သွင်းရေးသား ဖော်ပြနိုင်သည်။

(အဓမ္မ၀ါဒပပျောက်ရေး ရည်ရွယ်ချက်ထားရှိ၍ ပုဂ္ဂိုလ်ရေးအာဃာတ မပါရှိရန် အထူးသတိပြုရပါမည်)


၆။ စာမူများကို A-4 စာမျက်နှာ ၁၀-မျက်နှာမှ ၁၅- မျက်နှာအတွင်း
(ကွန်ပြူတာစာစီ) ပေးပို့ရန်။


၇။ စာရေးသူ၏အမည်၊ နေရပ်လိပ်စာအပြည့်အစုံ၊
ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ်များ (ရှိပါက) ဖော်ပြရန်။

စာမူပေးပို့ရန်


စာမူများကို (၃၁.၁၀. ၂၀၁၁) ရက်နေ့ နောက်ဆုံးထား၍
မြတ်ပန်းရဂုံစာပေတိုက်၊ အမှတ်၁၉၄ (မြေညီထပ်)၊ ၂၉-လမ်း (အထက်)၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့လည်းကောင်း။


နှလုံးလှစာပေတိုက်၊ အမှတ်(၅)၊ လမ်း ၁၀၀၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊
ရန်ကုန်မြို့သို့လည်းကောင်း ပေးပို့ရမည် ဖြစ်ပါသည်။
အသေးစိတ်သိလိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ပါသည်။ ၀၁-၅၂၁၀၃၂၊ ၀၉-၇၃၀၁၈၅၈၁၊ ၀၉-၇၃၀၃၅၁၁၂၉။


ဆုချီးမြှင့်ခြင်း
ပထမဆု -ကျပ် ၁-သိန်း
ဒုတိယဆု - ကျပ် ၇-သောင်း
တတိယဆု- ကျပ် ၅-သောင်း


မှတ်ချက်

(၁) ဆုရစာမူများအပြင် သင့်လျော်သောစာမူများရှိပါက အထူးဆုများအဖြစ်

ချီးမြှင့်သွားရန် ဖြစ်ပါသည်။


(၂) ဆုရစာမူများကို စာအုပ်အဖြစ် စီစဉ်ထုတ်ဝေမည်။
ထိုအခါ စာမူအတွက် ဥာဏ်ပူဇော်ခကို သီးသန့် ထပ်မံချီးမြှင့်ပါမည်။
Viewing all 25 articles
Browse latest View live